ဆယ်ကျော်သက်အရွယ် လူငယ်လေးမှ သမ္မတ၏ ၀က်ဘ်ဆိုက်အား ထိုးဖောက်



စာမေးပွဲဆိုသည့်အရာသည် လူငယ်များအကြားပင် အမှန်တကယ်ကို ကြောက်မယ်ဖွယ်ကောင်းသော ညအိပ်မက်ဆိုးကြီးပင်ဖြစ်သည်။ ကျွှန်တော်တို့ ငယ်ငယ်ကလည်း စာမေးပွဲဆိုသည့်အရာကို အမှန်တကယ် ကြောက်ရွံ့ခဲ့ပါတယ်။ စာမေးပွဲများသည် ပုံစံအမျိုးမျိးဖြင့် တည်ရှိနေပြီး မပြီးဆုံးနိုင်မည့် ခရီးရှည်ကြီးဖြစ်သည်။ ငယ်စဉ်အခါတွင် အတန်းတင် စာမေးပွဲများကို ဖြေကြရပြီး အသက်အရွယ်ကြီးလာသောအခါ ရာထူးတိုးစာမေးပွဲ လုပ်ငန်းခွင်စာမေးပွဲ ဘ၀စာမေးပွဲ စသည့်ဖြင့် ရှည်လျား များမြောင်လှသော စာမေးပွဲပေါင်းများစွာကို မဖြစ်မနေ ဖြေဆိုကြရမည် ဖြစ်သည်။

စာမေးပွဲအားလုံးတို့တွင် အခက်တကာ့ အခက်ဆုံး စာမေးပွဲမှာ ဘ၀စာမေးပွဲဖြစ်သည်။ အတန်းတင် စာမေးပွဲများသည် မအောင်လျှင် နောက်ထပ် ကြိမ်ဖန်များစွာ ကြိုးစာခွင့်ရှိသလို စာစစ်သူများကလည်း ဖြေဆိုသူများအပေါ်တွင် သက်ညှာစွာ စဉ်းစားပေးလေ့ရှိသည်။ ဘ၀စာမေးပွဲသည် ထိုစာမေးပွဲနှင့် လုံးဝမတူ ကွဲပြားခြားနားသော အသွင်သဏ္ဍန်ရှိပါသည်။ ဘ၀တွင် အချို့စာမေးပွဲများသည် နှစ်ကြိမ်ဖြေဆိုခွင့်မရှိ တစ်ကြိမ်တည်းနှင့် အောင်မြင်အောင် ဖြေရသလို ဘ၀စာစစ်သူကြီးသည်လည်း ဖြေဆိုသူများအပေါ် မညှာမတာ ရက်ရက်စက်စက် စစ်ဆေးလေ့ရှိကြပါသည်။ ဘ၀စာမေးပွဲတွင် အောင်မြင်အောင် သူမတူသော လုံ့လ ၀ိရီယထားမှ အောင်မြင်နိုင်ပေမည် ဖြစ်သည်။ ယနေ့ ဘ၀တွင် အောင်မြင်နေသူများကို ကြည့်လျှင် သူများနှင့်မတူသော လုံ့လ ၀ိရီယ ကြိုးစားအားထုတ်မှူ့များဖြင့် လိုချင်သည့် ပန်းတိုင်သို့ အရောက်တက်လှမ်းခဲ့သူ ချည်းသာဖြစ်သည်။ သာမာန်ကာ လျံကာမျှဖြင့် ဘ၀စာမေးပွဲကြီးကို အောင်မြင်ဖို့ မလွယ်ကူပါ။

သိရိလင်္ကာနိုင်ငံရှိ အသက် ၁၇ နှစ်အရွယ် ကျောင်းသားလူငယ်လေးသည် သမ္မတ၏ တရားဝင်ဝဘ်ဆိုက် (Official Website) တစ်ခုအား ထိုးဖောက်ခဲ့ပြီး စာမေးပွဲအချိန်ကို ပြောင်းလဲရန်ကြိုးစားသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထို ကျောင်းသားလူငယ်လေးသည် သမ္မတ၏ တရားဝင်ဝဘ်ဆိုက်အား ထိုးဖောက်ကာ A-Level စာမေးပွဲကို ပြောင်းရွှေ့ပေးပါရန် တောင်းဆိုခဲ့သည်။

ထိုးဖောက်တိုက်ခိုက် ပြီးပြီးချင်း သိရိလင်္ကာရဲတပ်ဖွဲ့မှ ချင်ခြင်း သိရှိကာ တိုက်ခိုက်သူနောက်ကို ခြေရာခံလိုက်နိုင်ခဲ့ပါတယ်။ ထို့နောက် ကျောင်းသားလူငယ်လေးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ “ဆိုက်ဘာရာဇ၀တ်မှူ့အတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၂,၀၀၀ နှင့် ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ် ကျခံရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်ခံရမှူ့ ဖြစ်ဖြစ်ခြင်း ကျွှန်တော်တို့ နောက်ယောင်ခံလိုက်ခဲ့ပါတယ်။ တိုက်ခိုက်သူက ကာဒူဂန်န၀ (Kadugananwa) မှာရှိတဲ့ သူ့ရဲ့အိမ်ကနေ တိုက်ခိုက်တာဖြစ်ပါတယ်။ မြို့တော် ကိုလံဘို (Colombo) နဲ့ဆိုရင် ၁၀၀ ကီလိုမီတာ (၆၂ မိုင်ခန့်) အကွာမှာ တည်ရှိပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဝဘ်ဆိုက်ပိုင်းဆိုင်ရာ တာဝန်ရှိသူများမှ တိုက်ခိုက်ခံရပြီး မကြာခင်မှာဘဲ ၀ဘ်ဆိုက်ကို ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဆိုက်ဘာရာဇ၀တ်မှူ့ဆိုသည်မှာ မည်သည့်အကြောင့်ဖြင့် တိုက်ခိုက်သည်ဖြစ်စေ ရာဇ၀တ်မှူ့မြောက်သော ကိစ္စရပ်ဖြစ်သည်။ အပျော်နောက်ပြောင်သည့် သဘောဖြစ်စေ အမှန်တကယ်တိုက်ခိုက်လို၍ ဖြစ်စေ ရာဇ၀တ်မှူ့ဖြစ်သည်။ ဥပဒေတွင် နောက်ပြောင်၍ လုပ်သည်ဟူသော ကိစ္စရပ်မရှိချေ။ သို့ဖြစ်ပါ၍ ကိုယ့်ကြောင့် တဖတ်သား ထိခိုက်နစ်နာမှူ့များ ဖြစ်ပေါ်လာပါက ဥပဒေနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်ခင်ဗျာ….

14-9-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
ဆယ်ကျော်သက်အရွယ် လူငယ်လေးမှ သမ္မတ၏ ၀က်ဘ်ဆိုက်အား ထိုးဖောက် ဆယ်ကျော်သက်အရွယ် လူငယ်လေးမှ သမ္မတ၏ ၀က်ဘ်ဆိုက်အား ထိုးဖောက် Reviewed by Myanmar Ethical Hacking News on 6:53 PM Rating: 5

No comments:

MEHN Team. Powered by Blogger.