Android Devices အားနည်းချက်များအား စစ်ဆေးနိုင်သည့် 1-Click Way
Android များတွင် လုံခြုံရေးဆိုင်ရာ အားနည်းချက်များ
ရှိနေခြင်းသည် Android အသုံးပြုသူများအတွက် အမြဲတစ်စေ အနှောင့်အယှက်ပေးနေသော အရာတစ်ခုဖြစ်ပါတယ်။
နေ့စဉ်နှင့်အမျှ Hacking Methods အသစ်များ ပေါ်ပေါက်လျှက်ရှိပြီး Android များအပေါ် ဆိုးကျိုးများ
သက်ရောက်လျှက် ရှိပါတယ်။
အဆိုးဝါးဆုံးမှာ Stegefright
Security Bug ဟုခေါ်သော အားနည်းချက်ဖြစ်သည်။ အားနည်းချက်မှာ Malicious Code များကို
Simple Text Message ဖြင့် ထည့်သွင့်သွားနိုင်သောကြောင့်ဖြစ်သည်။
Google မှ အားနည်းချက်များကို ပိတ်ဆို့သော်လည်း
Android Phone ထုတ်လုပ်သည့် ကုမ္ပဏီများသည် အားနည်းချက်များကို အချိန်မှီမသိရှိခြင်း
Drives များကို Up To Date လုပ်ရန် နောက်ကျခြင်း စသည့် အကြောင်း အမျိုးမျိုးကြောင့်
Hacker များမှ အခွင့်ကောင်းယူကာ တိုက်ခိုက်နိုင်ခြင်း ဖြစ်ပါတယ်။ အားနည်းချက်များကို
ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် Google မှ မည်မျှပင် တားဆီးစေကာမူ အသုံးပြုသူများ၏ လိုက်ပါလုပ်ဆောင်မှူ့
အားနည်းခြင်းတို့ကြောင့်လည်း Hacker များမှ တိုက်ခိုက်လို့ ရနေခြင်းဖြစ်ပါတယ်။
Android Vulnerability Test Suite (VTS)
မှ NowSecure ဟုခေါ်တွင်သော Free Vulnerability Scanner အားနည်းချက်များကို စစ်ဆေးပေးနိုင်သော
Tools တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဆိုပါ Tools သည် Stagefright အပါအ၀င် ဖြစ်ပေါ်လျှက်ရှိသော
Android ၏ အားနည်းချက် ၂၂ ချက်ကို စစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ်။
VTS မှ “ယခု ဖန်တီးထားသော Tools သည်
Android တွင်ပါဝင်သော အမှားများ အားနည်းချက်များကို လျှော့ချပေးစေနိုင်ရန် အလို့ငှာ
ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်” လို့ Google Play သို့ ပြောကြားခဲ့ပါတယ်။
VTS မှ ထုတ်လုပ်ထားသော Vulnerability
Scanner အားနည်းချက်များကို စစ်ဆေးပေးနိုင်သော Tool သည် Open Source ဖြစ်ပြီး
GitHub ကဲ့သို့သော နေရာများနှင့် အခြားသော နေရာများတွင် လွယ်ကူစွာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
စစ်ဆေးပုံနည်းလမ်းကတော့ Android Vulnerability
Scanner App ကို Google Play တွင် လွယ်ကူစွာ Download ချနိုင်ပြီး Source Code ကိုတော့
GitHub မှ ရယူနိုင်ပါတယ်။ VTS for Android ကို မိမိ Android အပေါ်တွင် Install လုပ်ပါ။
ထို့နောက် Device Vulnerability Scanner ကို ဖွင့်ပါ။ စက္ကန့် ၃၀ ခန့်ကြာမြင့်ပြီးနောက်
မိမိ Android ၏ အားနည်းချက်များကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Android များ တိုက်ခိုက်ခံရခြင်းမှ
ကင်းဝေအောင် မိမိတို့ ဖုန်းများ၏ အားနည်းချက်များကို အမြဲ စစ်ဆေးသင့်ပါကြောင်း တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။
17-11-2015
သတင်းစီစဉ် တင်ဆက်သူ : Zarni (MEHN
Team)
Android Devices အားနည်းချက်များအား စစ်ဆေးနိုင်သည့် 1-Click Way
Reviewed by Myanmar Ethical Hacking News
on
11:18 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
11:18 AM
Rating:

No comments: