Japan နိုင်ငံတွင် ATM စက်ပေါင်း ၁၄၀၀ မှ ဂျပန်ယန်း ၁.၄ ဘီလီယံအား ၃ နာရီ အတွင်း ခိုးယူခံခဲ့ရခြင်း



ယနေ့ခေတ်တွင် အချက်အလက်များ ဖောက်ထွင်းခံရမှု များပြားလာပါတယ်။ ပြောင်းလဲမှုတွေကြောင့် တစ်ဦးချင်း လုပ်ဆောင်မှုတွေလည်း မြင့်တက်လာပါတယ်။ ရာဇဝတ်မှု ၁၀၀ လောက်ရှိသည့် အထဲမှာမှ ၃ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁၂.၇ မီလီယံ (¥ ၁.၄ ဘီလီယံ) ကို ATM စက်အလုံးပေါင်း ၁၄၀၀ မှ ခိုးယူခံရသည့် အမှုက ဂျပန်မှာ ဟိုးလေးတကျော် ဖြစ်နေပါတယ်။

ဒီလုယက်မှုက May 15 ရက်နေ့ မနက် 5 နာရီမှ မနက် 8 နာရီ အတွင်း ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာ ရာဇဝတ်မှုအဖြစ် သတ်မှတ် ခဲ့ကြပါတယ်။ Japan နိုင်ငံအနှံ့အပြားတွင် ရှိသော ATM စက်အလုံးပေါင်း ၁၄၀၀ ကနေ လုယက်မှုကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ Tokyo, Osaka, Fukuoka, Kanagawa, Aichi, Nagasaki, Hyogo, Chiba and Niigata စတဲ့မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တာပါ။

Tyukin Malware ဖြင့် ကမ္ဘာအနှံ့အပြားတွင်ရှိသော ATM စက်များကို Hacking ပြုလုပ်နိုင်ပါတယ်။ ATM အများစု စက်ချို့ယွင်းမှုဖြစ်ခဲ့ရင် ATM Skimming လို့ခေါ်ဆိုနိုင်ပါတယ်။ ATM Malware ဒါမှမဟုတ် Data ကို အသုံးပြုပြီး Card ထဲမှ ပိုက်ဆံကို ရအောင်ယူနိုင် သကဲ့သို့ Online မှတဆင့် ယူဆောင်ပေးတာတွေလည်း လုပ်နိုင်ပါတယ်။

ယခုရာဇဝတ်မှုမှာ လူ ၁၀၀ မှ ATM စက်အလုံးပေါင်း ၁၄၀၀ မှ ဂျပန်ယန်း 100000 စီ ထုတ်ယူတယ်လို့ ယုံကြည်အောင် ပထမဆုံး လုပ်ဆောင်ပါတယ်။ ခုထိတော့ အဆိုပါ ဆိုက်ဘာရာဇ၀တ်မှူ့ကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ ဂျပန်ရဲတပ်ဖွဲ့ဝင်တွေကတော့ CCTV ကနေ ခြေရာခံပြီး လိုက်လံစစ်ဆေးနေသလို အခြားသော ဘဏ်များ၏ ငွေကြေးလည်ပတ်စီးဆင်းပုံများကိုလည်း လေ့လာလျှက်ရှိနေပါတယ်။

“ဖောက်ထွင်းခံရမှူ့အတွက် စုံစမ်းစစ်ဆေးနေပါတယ်။ မည်သူ မည်ဝါ ဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ယခု ဖြစ်စဉ်ကို ကျွှန်တော်တို့ အထူးအလေးထားပြီး ကြိုးစား ဖော်ထုတ်သွားမှာပါ” လို့ ဂျပန်နိုင်ငံ၏ နည်းပညာလုံခြုံရေးဆိုင်ရာ ထိပ်တန်းအကြီးအကဲတစ်ဦးမှ ပြောကြားခဲ့သည်။

အချက်အလက် ဖောက်ထွင်းခံရမှူ့များ ၊ ATM စက် ဖောက်ထွင်းခံရမှူ့များသည် မကြာခဏ ဆိုသလို ကြုံတွေ့နေကြရသည်။ နည်းပညာများ တိုးတက်ထွန်းကားလာခြင်းနှင့်အတူ တိုက်ခိုက်သည့် နည်းပညာများလည်း တိုးတက်ထွန်းကားလာလျှက် ရှိပါသည်။ ATM စက်တွေကို အသုံးပြုတော့မယ်ဆိုလျှင် ပထမဆုံး သေချာလေ့လာ စစ်ဆေးသင့်ပါတယ်။ တကယ်လို့ ATM စက်မှာ ပျက်ဆီးမှု ဒါမှမဟုတ် ကဒ်ထည့်သွင်းသည့်အပေါက် ပျက်ဆီးနေသော ပုံစံတွေ့မိရင် အကောင်းဆုံးကတော့ အဲ့ဒီ့ ATM စက်ကို အသုံးမပြုဘဲ အခြားသော ATM စက်များကိုသာ အသုံးပြုသင့်ပါတယ်။

9-6-2016
သတင်းစီစဉ် တင်ဆက်သူ - ပိုင်လင် (MEHN Team)
Japan နိုင်ငံတွင် ATM စက်ပေါင်း ၁၄၀၀ မှ ဂျပန်ယန်း ၁.၄ ဘီလီယံအား ၃ နာရီ အတွင်း ခိုးယူခံခဲ့ရခြင်း Japan နိုင်ငံတွင် ATM စက်ပေါင်း ၁၄၀၀ မှ ဂျပန်ယန်း ၁.၄ ဘီလီယံအား ၃ နာရီ အတွင်း ခိုးယူခံခဲ့ရခြင်း Reviewed by Myanmar Ethical Hacking News on 7:29 PM Rating: 5

No comments:

MEHN Team. Powered by Blogger.