Apple မှ အရေးပေါ် ကြေငြာချက် ထုတ်ပြန်



25-8-2016 ရက်နေ့တွင် Apple မှ IOS 9.3.5 နောက်ဆုံး Version ကို ထုတ်ပေးခဲ့ပါတယ်။ ထုတ်ပေးရသော အကြောင်းရင်းမှာ iPhones များနှင့် iPads များတွင် Zero-day Exploit များ တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ Zero-day Exploit ဆိုသည်မှာ တစ်ခါဘူးမျှ မည်သူမျှ မဖော်ထုတ်ရသေးသည့် ယိုပေါက်အားနည်းချက်ဖြစ်သည်။ ထို Zero-day Exploit ကို UAE နိုင်ငံရှိ လူ့အခွင့်အရေး တက်ကြွလှူပ်ရှားနေသူ Ahmed Mansoor ၏ ဖုန်းတွင် စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး Exploit Software များကို ရေးသားနေသော NSO Group မှ အဆိုပါ Zero-day Exploit ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဖန်တီးရသည့် ရည်ရွယ်ချက်မှာ အတိုက်အခံများ ၊ သတင်းသမားများကို နောက်ယောင်ခံလိုက်နိုင်ရန်နှင့် အချက်အလက်များ ရယူနိုင်ရန်အတွက်ဖြစ်သည်။ ထို NSO Group သည် မြောက်များလှစွာသော ပြည်သူပြည်သားများ၏ ဖုန်းများအတွင်း Malware များထည့်သွင်းကာ လှို့ဝှက်ထောက်လှမ်းနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

Apple ၏ ယခု ဖြစ်ပေါ်နေသော Zero-day Exploit သည် တည်နေရာကို သိရှိနိုင်ခြင်း ၊ ဖုန်းထဲတွင် မှတ်သားထားသော ဖုန်းနံပါတ် လိပ်စာများကို သိရှိနိုင်ခြင်း ၊ စာပေးပို့သည့် စာများကို ဖတ်ရူ့နိုင်ခြင်း ၊ ခေါ်ဆိုထားသော ဖုန်းနံပါတ် လိပ်စာများအား ကြည့်ရူ့နိုင်ခြင်း ၊ စကားပြောခွက်ကို ထိန်းချူပ်နိုင်ခြင်း စသည့် တို့ကို လုပ်ဆောင်နိုင်ပါသည်။

ရာဇ၀တ်မှူ့များ ဖမ်းဆီးနှိမ်နင်းရာတွင် ကူညီပါဝင် ဆောင်ရွက်လျှက်ရှိသော Citizen Lab နှင့် Lookout တို့မှ Zero-day Exploit နှင့် ပတ်သက်သော အကြောင်းကြားစာများအား Apple သို့ ပေးပို့ခဲ့သည်။ ထို့ကြောင့် Apple မှ အကြောင်းကြားစာ ရပြီးပြီးခြင်း ၁၀ ရက်အတွင်းမှာပင် အားနည်းချက်ကို ပြင်ဆင်နိုင်ရန်အတွက် IOS 9.3.5 ကို အရေးပေါ်အခြေအနေ ကြေငြာပြီး ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

စတင် ဖြစ်ပွားပုံ

United Arab Emirates တွင် နေထိုင်သူ Ahmed Mansoor သည် လူ့အခွင့်အရေး တက်ကြွစွာ လှူပ်ရှားမှူ့များကြောင့် “Martin Ennals” ဆုကို ရရှိထားဖူးပြီး လူသိများ ထင်ရှားသူတစ်ဦးဖြစ်သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် အမည်မသိ လိပ်စာတစ်ခုမှ စာတို သတင်းပေးပို့ချက် တစ်ခုကို သူ၏ iPhone မှတဆင့် လက်ခံရရှိခဲ့သည်။ Ahmed Mansoor သည် အစိုးရ၏ နောက်ယောင်လိုက်ခြင်းကို ခံရဖူးသည့် အတွေ့အကြုံရှိသည့်အတွက် သကာင်္မကင်းဖြစ်ကာ ပေးပို့လာသော စာတို သတင်းပေးပို့ချက်ကို Citizen Lab ရှိ သုတေသနပညာရှင် Bill Marczak ထံသို့ ပေးပို့ခဲ့သည်။ ထို့နောက် Citizen Lab မှ ဆန်ဖရန်စစ္စကိုရှိ မိုဘိုင်းဖုန်း လုံခြုံရေးနည်းပညာ ကုမ္ပဏီ Lookout သို့ ဆက်သွယ်ပြီး အဆိုပါ စာတို သတင်းပေးပို့ချက်ကို စီစစ်ရန်အတွက် အကူအညီပေးပါရန် အကြံဥာဏ် တောင်းခံခဲ့သည်။

စာတို သတင်းပေးပို့ချက်အား စမ်းသပ် စစ်ဆေး သုတေသန ပြုလုပ်ပြီးသည့်နောက်တွင် သုတေသန ပညာရှင်များမှ IOS အား တိုက်ခိုက်နိုင်သော Malware ကို ရှာဖွေ တွေ့ရှိခဲ့သည်။ ထို Malware ကြောင့် ဖြစ်ပွားနိုင်သော အားနည်းချက် ၃ ခုကိုလည်း ရှာဖွေ တွေ့ရှိခဲ့သည်။ ထို အားနည်းချက် ၃ ခုမှာ -
CVE-2016-4657 : အခြားသော Coding များကို ထပ်ပေါင်းထည့်နိုင်ခြင်း
CVE-2016-4655 : အတွင်းပိုင်းရှိ Memory အား လိုအပ်သလို ကိုင်တွယ်ခွင့် ရရှိနိုင်ခြင်း
CVE-2016-4656 : အတွင်းပိုင်းရှိ Coding များကို Admin အဆင့် ကိုင်တွယ်ခွင့်ရပြီး လိုအပ်သလို ပြုပြင်နိုင်ခြင်း

စသည်တို့ ဖြစ်ပွားစေနိုင်ပါသည်။

အကယ်၍ Ahmed Mansoor သာ ပေးပို့လာသော စာတို သတင်းပါ Link အား နှိပ်မိလိုက်မည်ဆိုပါက ဖုန်းတစ်ခုလုံး ထိန်းချူပ်ခံရပြီး အချက်အလက်များကို ရယူခြင်း ခံရမည် ဖြစ်သည်။ Citizen Lab မှ “တိုက်ခိုက်သူတွေက Ahmed Mansoor ရဲ့ ဖုန်းကို ထိန်းချူပ်လိုကြပြီး ဖုန်းကင်မရာ ၊ စကားပြောခွက် စသည်တို့မှ တဆင့် အဆက်အသွယ်ပြုလုပ်သော ဆက်သွယ်ချက်များကို မှတ်သားထားနိုင်ရန်အတွက် ကြိုးပမ်းကြခြင်း ဖြစ်ပါတယ်။ ထို့အပြင် ဖုန်းခေါ်ဆိုထားမှူ့တွေ ၊ ဖုန်းနံပါတ် လိပ်စာတွေ ၊ စာပေးပို့ထားသော စာတိုတွေ စတာတွေကိုလည်း လိုချင်နေကြပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Lookout ၏ ထုတ်ပြန်ကြေငြာချက်ထဲတွင်

အသုံးပြုသူများမှ ပေးပို့လာသော စာတို သတင်းပါ Link ကို ဖွင့်မိပါက Zero-day Exploit သည် Memory ၏ လုပ်ငန်းဆောင်တာများကို ဖောက်ပြန်စေပြီး Web Browser ကို အားနည်းချက်ဖြစ်ပေါ်စေကာ ထို အားနည်းချက်မှ တဆင့် တိုက်ခိုက်သူများမှ တိုက်ခိုက်နိုင်စေရန် ဖန်တီးပေးခြင်း

အတွင်းပိုင်းအဆင့် ပြင်ဆင်နိုင်သော လုပ်ငန်းဆောင်တာများဖြစ်သော Jailbreak လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ပြီး အသုံးပြုသူမသိစေဘဲ အခြားသော Malware များကိုပါ Installation လုပ်သွားနိုင်ခြင်း

စသည့် တို့ကို ဖော်ပြထားပါတယ်။

Apple မှ ယခု ဖြစ်ပေါ်နေသော Zero-day Exploit သည် အသုံးပြုသူများအတွက် အလွန်ပင် အန္တရာယ်ကြီးကြောင်း ဖော်ပြထားပြီး အရေးပေါ် အခြေအနေတရပ်အဖြစ် ကြေငြာထားကာ Apple မှ နောက်ဆုံးထုတ်ပေးထားသော IOS Version 9.3.5 ကို Installation ပြုလုပ်ကြပါရန် နှိုးဆော်ထားပါသည်။

တိုက်ခိုက်သူများသည် နေရာတိုင်းတွင် ရှိပြီး အချိန်မရွေး တိုက်ခိုက်နိုင်ပါတယ်။ ထိုသို့ တိုက်ခိုက်ခြင်း မခံရအောင် နည်းပညာဗဟုသုတများ ရှာမှီးထားသင့်ပေသည်။ ယခု အားနည်းချက်သည် စာတို Link မှ တဆင့် တိုက်ခိုက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် စာချစ်သူများအနေဖြင့် မည်သည့် နေရာမှ ဖြစ်စေ ယုတ်စွအဆုံး ကိုယ်နှင့် ရင်းနှီးခင်မင် ကျွှမ်းဝင်သော မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများမှ မသိသော Link များကို Social Network မှတဆင့် ဖြစ်စေ Email မှတဆင့် ဖြစ်စေ ဖုန်း မှတဆင့် ဖြစ်စေ ပေးပို့လာပါက ဖွင့်မကြည့်မိစေရန် အလွန်ရေးကြီးပါသည်။ Malware များပါသော Link များကို ဖွင့်ကြည့်မိပါက တိုက်ခိုက်ခံရမည် ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျာ….

26-8-2016
သတင်းစီစဉ် တင်ဆက်သူ - ကိုရီချင် (MEHN Team)
Apple မှ အရေးပေါ် ကြေငြာချက် ထုတ်ပြန် Apple မှ အရေးပေါ် ကြေငြာချက် ထုတ်ပြန် Reviewed by Myanmar Ethical Hacking News on 11:05 AM Rating: 5

No comments:

MEHN Team. Powered by Blogger.