Torrent ဆိုဒ် သုံးပါက ထောင်သုံးနှစ်ကျပြီး ဒဏ်ကြေးပေးရမည့် အိန္ဒယနိုင်ငံ
အိန္ဒယမှာ
ထောင်ပေါင်းများစွာသော Torrent ဆိုဒ်များနှင့် အခြားသော ဖိုင် sharing ဆိုဒ်များကို
banned ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒယမှ အင်တာနက်သုံးစွဲသူများ မျက်လုံးပြူးသွားစေသော
ကြော်ငြာချက်တစ်ကို တွေ့ခဲ့ရကြောင်း India Today ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
ထိုအကြောင်းအရာကတော့
ပိတ်ပင်ထားသော ၀ဘ်ဆိုဒ်များအား ၀င်ရောက်ပါက
ထောင်ဒဏ်သုံးနှစ်အပြင် ဒဏ်ကြေး သုံးသိန်းပေးဆောင်ရမည်ဆိုသည့်အကြောင်းပင်ဖြစ်ပါသည်။
ထိုဥပဒေတွင် သင်သည် တားမြစ်ထားသော ၀ဘ်ဆိုဒ်အား ၀င်ရောက်ခြင်း၊ torrent file များအား
download ချယူခြင်းတို့ ပြုလုပ်ပါက ပြစ်ဒဏ်ခံရမည်ဖြစ်ပါသည်။ ထို့အပြင် torrent ဖိုင်များ၊
pirated movies များအား ရယူခြင်းမရှိပဲ ထိုတားမြစ်ထားသော Site Link အား ၀င်ရောက်ယုံဖြင့်
အပြစ်ဒဏ်ကျခံရမည် ဖြစ်ပါသည်။
အိန္ဒယအစိုးရအနေဖြင့်လည်း
torrent ဆိုဒ်များအား ပိတ်ပင်ရန်နည်းလမ်းအသစ်များအား အသုံးပြုထားပြီးဖြစ်ပါသည်။ အိန္ဒယအစိုးရ၏
တောင်းဆိုမှုအရ ISP(internet ပေးသည့် company) အများအနေဖြင့်လည်း ငွေကြေးအကုန်အကျများစွာဖြင့်
ထို torrent ဆိုဒ်များအား ပိတ်ပင်နိုင်ရန် ပြုလုပ်ခဲ့ပါသည်။ အစိုးရအဖွဲ့အနေဖြင့်
company အသေးများထက် အိန္ဒယ၏ ကြီးမားသော ဆက်သွယ်ရေး company များဖြစ်သည့် Airtel ,
Tata Communications တို့နှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ ပိတ်ပင်ခြင်းသည်
torrent အား တရားဝင်အသုံးပြုနေသော လုပ်ငန်းရှင်များနှင့်
အနုပညာရှင်များစွာ များစွာ သက်ရောက်မှုရှိခဲ့ပါသည်။ opensoure software များ၊
Linux Distro များမှာ ထို torrent ပေါ်တွင် အများဆုံး Distribute လုပ်ကြပါတယ်။ ယခုအချိန်အထိတော့
အိန္ဒယမှ ကြော်ငြာချက်အားပြင်ဆင်ခြင်း ရုတ်သိမ်းခြင်းများ မလုပ်သေးပါဘူး…သတင်းလွတ်လပ်ခွင့်ကို
အလေးပေးအော်ဟစ်နေသော ယနေ့ခောတ်တွင် နောက်ထပ်မည်သို့ ဆက်လက်လုပ်ဆောင်မည်ဆိုသည်ကိုတော့
စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
25-8-2016
သတင်း စီစဉ်တင်ဆက်သူ ::: ကိုသိန်း(
MEHN Team )
Torrent ဆိုဒ် သုံးပါက ထောင်သုံးနှစ်ကျပြီး ဒဏ်ကြေးပေးရမည့် အိန္ဒယနိုင်ငံ
Reviewed by Mr.Thein
on
4:21 PM
Rating:
No comments: