CIA ညွန်ုကြားရေးမှူး John Brennan ၏အကောင့် Hack ခံရခြင်း



အထက်တန်းကျောင်းသားလေးတစ်ဉ်ီးမှ CIA ညွန်ုကြားရေးမှူး John Brennan ၏အကောင့်ကို ဖောက်ထွင်းခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။ John Brennan သည် အလုပ်နှင့် ဆက်စပ်လျှက်ရှိသော စာရွက်စာတမ်းများကို လျှို့ဝှက် သိမ်းဆည်းရန်အတွက် ကိုယ်ရေးကိုယ်တာ အကောင့်အဖြစ် AOL အကောင့်ကို အသုံးပြုကြောင်း နှင့် ထိုအကောင့်ထဲသို့ ချိုးဖောက် ဝင်ရောက်ခဲ့ကြောင်း အဆိုပါ ဟက်ကာမှ နယူးယောက်ပို့စ် သို့ပြောကြားခဲ့ပါတယ်။

၎င်းဟက်ကာ မှ John Brennan က သူ၏ သီးသန့်အကောင့်ထဲတွင် စာမျက်နာ ၄၇ မျက်နာထိ ပါဝင်သော လျို့ဝှက်လုံခြုံရေး စီမံချက်တွေ ဖိုင်တွေကဲ့သို့သော အရေးကြီးဖိုင်များကို သိမ်းဆည်းထားကြောင်း နှင့် သူ့အကောင့် Hack လုပ်ခြင်းခံရပြီဆိုတာလဲ သိရှိကြောင်း နယူးယောက်ပိုစ့် သို့ပြောကြားခဲ့ပါတယ်။


အခြား E-mails တွေကိုတော့ Brennan ၏ အစိုးရလုပ်ငန်းပိုင်းနှင့် မသက်ဆိုင်သော အကောင့်ထဲတွင် သိမ်းဆည်းထားပြီး ထို အကောင့်ထဲတွင် လူမှုရေး Website များမှ လုံခြုံရေး နံပါတ်များ၊ အမေရိကန် စုံစမ်းထောက်လှမ်းရေးမှ ထိပ်တန်းအရာရှိကြီးများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ အကြမ်းဖက်ဝါဒနှင့် ပက်သက်၍ မသင်္ကာဖွယ်ဖြစ်သူများကို ရက်စက် ပြင်းထန်သော အဆင့်ဆင့်မေးခွန်း မေးနည်းများလည်း ပါဝင်ကြောင်း Hacker ၏ ပြောကြားချက်များအရ သိရှိရပါတယ်။ 

လက်ရှိတွင် John Brennan ၏ အကောင့် Hack လုပ်ခံရခြင်း ဖြစ်စဉ်ကို FBI နှင့် ဗဟိုအစိုးရ အဖွဲ့အစည်းများသို့ ကိုင်တွယ်ရန် လွဲပြောင်းပေးခဲ့ပီး အဆိုပါ Hacker သည် မည်သူမည်ဝါ ဖြစ်ကြောင်းကို ဥပဒေနှင့် အညီ စတင် စုံစမ်းစစ်ဆေး နေပြီဖြစ်သည်။ "ကျွန်တောအထင် သူတို့ဟာနောင်ဆို လူတွေကို Hack ပြုလုပ် တိုက်ခိုက်ခြင်းကို ဟန့်တားလိမ့်မယ်ထင်တယ် ဘာလို့လဲဆိုတော့ ဒီလိုအဖြစ်အပျက်က ထူးခြားပီး ရူးသွပ်လောက်စေနိုင်တယ်လို့" မူရင်း ဖော်ပြချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ 

 ၎င်း Hacker မှ သူသည် American အထက်တန်းကျောင်းသားတစ်ဦး ဖြစ်ပီး ၎င်းဟာမူဆလင်တစ်ယောက် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူဟာဆိုရင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် ပက်သက်ပီး တက်ကြွစွာ ဆန့်ကျင် လှုပ်ရှားသူ ပါလက်စတိုင်း ထောက်ခံသူတစ်ဉ်ီးလဲ ဖြစ်ပါတယ်။ 

သူရဲ့ အမည်နဲ့ နေရပ်လိပ်စာကိုတော့ ထုတ်ဖော်ခြင်း မရှိခဲ့ပဲ။ သူရဲ့ စွ့န်စားခန်းတွေကိုတော့ Twitter တွင် @phphax နာမည်နဲ့ ဖော်ပြလေ့ရှိပါတယ်။ သတင်း စီစဉ် တင်ဆက်သူတွေဖြစ်တဲ့ Philip Messing ၊ Jamie Schram နှင့် Bruce Golding တို့ကတော့ ဟက်ကာတွေဟာ သတင်းစာကို ဆက်သွယ်ခဲ့ပြီး သူတို့ရဲ့ အောင်မြင်မှုကို ကြွားဝါပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အခြားခိုးယူထားသော စာရွက်စာတမ်းများနှင့် Brennan ၏ အခြားသူများနှင့် ဆက်သွယ်မှုစာရင်း များကိုလဲ ဟက်ကာမှ Twitter အကောင့်တွင်ဖော်ပြခဲ့ပါတယ်။ 

သူ့အနေနဲ့ Brennan ၏ Email အကောင့်ထဲကိုဝင်ရန်အတွက် Verizon ရဲ့ အလုပ်သမားတွေကို လှည့်စား၍ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထည့်သွင်းကာ Password ကို Reset ချခဲ့ရတယ်လို့ ဟက်ကာမှ ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု အတွင်းရေးမှုးအဖြစ် ဆောင်ရွက်ခဲတဲ့ Clinton's ၏ အငြင်းပွားဖွယ် သူမရဲ့ သီးသန့် Email Server ဖောက်ထွင်းခံရမှု ခြောက်လ အကျော်တွင်မှ Brennan ရဲ့ အကောင့်ထဲသို့ ထိုးဖောက် ဝင်ရောက်ပြီးနောက် သိမ်းဆည်းထားသော Email ၄၀ ခန့်နဲ့ တွဲရက်ဖိုင်တွေကို ဖတ်ရှုခဲ့ပြီးမှ ဖောက်ထွင်းခဲ့ကြောင်း ကြေငြာခဲ့တာပါလို့ အဆိုပါ ဟက်ကာမှ ပြောကြားခဲပါတယ်။ 

သူ၏ အကောင့်ကို ကြားဖြတ်ခိုးယူခံရပြီး နောက်တွင် Brennan ဟာ သူရဲ့ AOL Email ကို အသုံးပြုလို့ မရအောင် ပြုလုပ်ခဲ့တယ်လို့ ဟက်ကာမှ ပြောကြားခဲ့ပါတယ်။ August ထဲတွင် Hacker မှ အမေရိကန် ထိပ်တန်း သူလျှိုများထံသို့ ဖုန်းခေါ်ဆိုမှုများသို့ ပြုလုပ်ခဲ့သော်လဲ ဖုန်းမကိုင်ခဲ့ကြောင်း Brennan ရဲ့ လူမှုရေးဆိုင်ရာ လုံခြုံရေး အချက်အလက်ကို ပြောပြမည်ဟု ပြောဆိုသောအခါမှသာ အချိန်အနည်းငယ်ပဲစောင့်ခဲ့ရပီး ဖုန်းကိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Hacker သည် Homeland လုံခြုံရေး အတွင်းရေးမှုးဖြစ်သူ Jeh Johnson ၏ Comcast အကောင့်ကိုလဲရရှိခဲ့ပြီး Screenshots များကို ဖော်ထုတ်ပြသပြီးနောက် အသံ Email ဖိုင်များကိုလဲ နားထောင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ကြေငြာချက်တစ်ခုမှာတော့ "ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ တွေနဲ့ပက်သက်ပီး တင်ပြချက်များ၊ အရေးကြီးကိစ္စများ နှင့်ပက်သက်သော လုပ်ပိုင်ခွင့် လွဲပြောင်း မှုများကို သတိထားတော့မှာဖြစ်ကြောင်း" CIA မှ ပြောကြားခဲ့ပါတယ်။

12-11-2015
သတင်းစီစဉ် တင်ဆက်သူ : Lone Lone (MEHN Team)
CIA ညွန်ုကြားရေးမှူး John Brennan ၏အကောင့် Hack ခံရခြင်း CIA ညွန်ုကြားရေးမှူး John Brennan ၏အကောင့် Hack ခံရခြင်း Reviewed by Myanmar Ethical Hacking News on 1:53 PM Rating: 5

No comments:

MEHN Team. Powered by Blogger.