Credit Card မေ့ခဲ့လည်း ငွေထုတ်ယူနိုင်မယ့် Iris နည်းပညာ
ATM
စက်များ အသုံးပြုမှူ့ ကျယ်ပြန့်လာသည်နှင့်အမျှ တိုက်ခိုက်ခံရမှူ့ ရာခိုင်နှုန်းကလည်း
မြင့်တက်လာပါတယ်။ Credit Cards များ၏ အသုံးဝင်မှူ့ကလည်း ရောင်းဝယ်ဖောက်ကားရေး နယ်ပယ်တွင်
အထူးပင် အရေးပါလာခဲ့ပါတယ်။ Credit Cards များ နှင့် ATM စက်များ တိုးတက်များပြားလာသည်နှင့်အမျှ
Black Hat Hackers များမှလည်း ထို Credit Cards နှင့် ATM စက်များကို တိုက်ခိုက်နိုင်မည့်
နည်းလမ်းများကို အမြဲမပြတ်ရှာဖွေလျှက် ရှိပါတယ်။ မကြာသေးမီက မြင်တွေ့ခဲ့တဲ့
California University ၏ Security Professor တစ်ဦးဖြစ်သူ Ross Anderson သည် Hacking
မပြုလုပ်နိုင်ဘူးဟု ထင်မြင်နေကြသည့် EMV ( Europay, MasterCard and Visa ) Credit Card
Chip နှင့် PIN တို့ရဲ့ အာနည်းချက်တွေကို ဖော်ထုတ်ခဲ့ပါတယ်။
ယခုဆိုရင်
Plastic Money စနစ်တွေကို လုံခြုံမှု အပြည့်နှင့် ထိန်းချူပ်နိုင်ဖို့ နီးစပ်နေပါပြီ။
ဒါကြောင့်ပဲ Engineer တွေအနေနှင့် Biometric Technology နည်းပညာပေါ်တွင် အခြေခံကာ
ATM စက်များ၏ လုံခြုံရေးစံနစ် မြှင့်မားစေရန်အတွက် ကြိုးပမ်းအားထုတ်လျှက် ရှိပါတယ်
။ အမေရိကန်ရုပ်ရှင်တွေထဲကကဲ့သို့ လုံခြုံမှုရှိတဲ့ Locker ပုံစံ ATM တွေကို Diebold
မှ တီထွင်ခဲ့ပြီး Citigroup မှစစ်ဆေးခဲ့ပါတယ်။ ထိုသို့ ကြိုးစားမှုများက အနာဂတ်အတွက်
ငွေပေးချေမှု စက်တမျိုးကို ရရှိလာခဲ့ပါပြီ ။
Irving
နည်းပညာသည် Screen မရှိပါဘူး ကိုယ်တိုင်ဝန်ဆောင်ရသော ATM ဖြစ်ပြီး ရိုးရှင်းတဲ့ ဘဏ်လုပ်ငန်း
တခုလည်းဖြစ်ပါတယ်။ ငွေထုတ်ရန်အတွက် Iris Scan နှင့် Smartphone တခုသာလိုပါတယ်။ ATM
စက်များတွင် ပုံမှန် Pin Code ရိုက်နှိပ်ပြီး ငွေထုတ်ယူသည့် စံနစ်အစား Mobile
Devices များကို ရှာဖွေတွေ့ရှိနိုင်မည့် Mobile Detector မျာဖြင့် အစားထိုး နေရာယူတော့မှာ
ဖြစ်ပါတယ်။ Iris scan ဖြင့် တကြိမ်စစ်ပြီးသည်နှင့် NFC မှ လုံခြုံသော ကြိုးမဲ့ နည်းပညာနှင့်
BYOD ( Bring Your Own Device ) ထံသို့ချိတ်ဆက်ပြီးနောက် ငွေထုတ်ပေးပါလိမ့်မယ်။
ATM
စက်များကို သုတေသနပြုလုပ်နေသည့် Diebold သည် လုံခြုံမှုရှိတဲ့ လုပ်ငန်းများလုပ်ကိုင်ပြီး
ရှေ့ဆက်လှမ်းဖို့ အစီအစဉ်တွေရှိပါတယ်။ ဒါပေမယ့်လည်း ငွေလိုတဲ့အခါ မျက်လုံးကိုတကြိမ်
Scan ဖတ်ရုံနှင့် ငွေထုတ်ယူနိုင်ရန် မျှော်လင့်နေတဲ့ လူတွေရဲ့ တောင့်တမှုကို ဖြေရှင်းပေးဖို့ကလည်း
ရှိနေပါသေးတယ် ။
Diebold
မှာ Janus လို့ခေါ်တဲ့ တခြား Project တခုလည်းဆောင်ရွက်ရန်ရှိပါတယ်။ ၄င်းအရာသည်
Irving နှင့် ဆင်တူပြီး တပြိုင်တည်းနှင့် သုံးစွဲသူုနှစ်ဦးအား ဝန်ဆောင်မှုပေးနိုင်ပါတယ်
။ ATM Concept နှစ်ခုလုံးကတော့ အသေးစိတ်တိကျသော ငွေပေးချေမှုတွေကို 10 second အတွင်းပေးချေစေနိုင်ရန်ထိ
လျော့ကျသွားစေပါတယ် ။
Janus
ရဲ့ ထူးခြားချက်တွေကတော့ Alarm Board တွေပါခြင်း ID Scan ဖတ်ရန် Screen ပါခြင်း လတ်မှတ်ထိုးရန်နေရာ
ပါခြင်း Video ရွေးချယ်ကြည့်ရှုနိုင်ရန်အတွက် ထောက်ပံ့ပေးထားခြင်းပဲ ဖြစ်ပါတယ်။ အသစ်ထွက်ပေါ်လာတဲ့
အယူအဆတွေအတွက် Las Vegas ပြည်နယ် Money 20/20 ( Oct 25-28 ) မှာ အံ့သြဖွယ် ထင်ရတဲ့
အသံများထွက်ပေါ်ခဲ့ပါတယ်။ Irving နည်းပညာမှ သင့်ရဲ့မျက်လုံးအား Scan ဖတ်ခဲ့တာဟာ သင့်ကို
သက်တောင့်သက်သာ ဖြစ်စေခဲ့ပါလားး ?
18-11-2015
သတင်းစီစဉ်
တင်ဆက်သူ : Belo (MEHN Team)
Credit Card မေ့ခဲ့လည်း ငွေထုတ်ယူနိုင်မယ့် Iris နည်းပညာ
Reviewed by Myanmar Ethical Hacking News
on
12:40 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
12:40 PM
Rating:

No comments: