အမေရိကန်အစိုးရ၏ ရာဇ၀တ်မှူ့များ မှတ်တမ်း Database ကို Hackers များ မှ ထိုးဖောက်တိုက်ခိုက်ခြင်း
လူငယ်
Hackers များမှ အမေရိကန်အစိုးရ၏ ထိပ်တန်း CIA အရာရှိဖြစ်သူ John Bernnan ၏ Email ကို
ထိုးဖောက်ဝင်ရောက်ကာ အရေးကြီးသောအချက်အလက်များကို ရယူနိုင်ခဲ့ကြပါတယ်။ CIA အရာရှိ
John Bernnan ၏ အီးမေလ်းထဲတွင် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အချက်အလက်ပေါင်း မြောက်များစွာ
ပါဝင်ပါတယ်။
Hacking
Group တစ်ခုဖြစ်သော Crackas With Attitude (CWA) သည် Law Enforcement Portal ကို တိုက်ခိုက်ခဲ့ပြီး
ရာဇ၀တ်မှူ့ မှတ်တမ်းများကို ခိုးယူခဲ့ကြပါတယ်။ ထို မှတ်တမ်းများထဲတွင် အကြမ်းဖက်မှူ့ဆိုင်ရာ
မှတ်တမ်းများ မူးယစ်ဆေးဝါးဆိုင်ရာ မှတ်တမ်းများ လိင်အကြမ်းဖက်မှူ့ဆိုင်ရာ မှတ်တမ်းများနှင့်
အခြားသောအရေးကြီးသော မှတ်တမ်းပေါင်း မြောက်များစွာ ပါဝင်ပါတယ်။
Hackers
များသည် FBI နှင့် အခြားသော လုံခြုံရေးဆိုင်ရာ ဥပဒေထိန်းသိမ်းရေး ဌာနများနှင့် ချိတ်ဆက်ထားသော
Real Time Chat System အတွင်းသို့လည်း ထိုးဖောက် ၀င်ရောက်နိုင်ခဲ့တယ်လို့ ကြေငြာထားပါတယ်။
CWA မှ လုံခြုံရေးဆိုင်ရာ ဥပဒေထိန်းသိမ်းရေး ဌာနများ နှင့် အမေရိကန်အစိုးရ၏ တပ်မတော်တွင်
တာဝန်ထမ်းဆောင်နေသော အစိုးရ ထိပ်ပိုင်းအရာရှိကြီးများ၏ Names , Email Addresses ,
Phone Number စသည့် Personal ဆိုင်ရာ အချက်အလက်ပေါင်း ၃၅၀၀ ကျော်ကို ဖွင့်ချခဲ့ပါတယ်။
CWA
Hacker Group သည် FBI နှင့် အခြားသော လုံခြုံရေးဆိုင်ရာ ဥပဒေထိန်းသိမ်းရေး ဌာနများနှင့်
ချိတ်ဆက်ထားသော Joint Automated Booking System (JABS) ၏ အားနည်းချက်များကို ရှာဖွေတွေ့ရှိခဲ့ပြီး
ထိုမှတဆင့် ထိုးဖောက်ဝင်ရောက်ကာ မြောက်များလှစွာသော အခြားသော ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ၏
အချက်အလက်များကိုပါ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှူ့အတွက်
အမေရိကန်အစိုးရမှ ကိုင်တွယ်လျှက်ရှိပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့များဖြင့် စတင် စစ်ဆေးနေပြီ
ဖြစ်ပါတယ်။
10-11-2015
သတင်းစီစဉ်
တင်ဆက်သူ : Zarni (MEHN Team)
အမေရိကန်အစိုးရ၏ ရာဇ၀တ်မှူ့များ မှတ်တမ်း Database ကို Hackers များ မှ ထိုးဖောက်တိုက်ခိုက်ခြင်း
Reviewed by Myanmar Ethical Hacking News
on
1:47 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
1:47 PM
Rating:

No comments: