အကြီးဆုံး Free Hosting Company ကြီး Hack ခံရပြီးနောက်ကွယ်ဝယ်
သတင်း ခေါင်းကြီးပိုင်းတွေမှာ နေစဉ်နှင့်အမျှ
သတင်းပေါက်ကြားမှုများ၊ သတင်းအချက် အလက်များအား ထိုးဖောက်ဝင်ရောက်ကာ ပြန်လည်ထုတ်ဖော်
ချပြမှုများအား မြင်တွေ့ နေရမှာဖြစ်ပါတယ်။
သင်ဟာ Web ပိုင်းဆိုင်ရာနှင့် နီးစပ်တဲ့လူ၊ 000Webhost မှာ Register လုပ်ဖူးတဲ့ လူတစ်ယောက်
ဆိုရင်တော့ မိမိ Personal အချက်အလက် အချို့အတွက် စိုးရမ်သင့်တဲ့ သတင်းတစ်ခုရှိနေပြန်ပါတယ်။
ကမ္ဘာ့လူသိအများဆုံး Free Web Hosting
Company တစ်ခုဖြစ်တဲ့ “000Webhost” သည် အသုံးပြုသူများ၏ အရေးကြီးတဲ့ အချက်အလက်ပေါင်း
၁၃.၅ မီလီယံ ထက်မနည်းတဲ့ အချက်အလက်တွေကို ထိုးဖောက်ခံရတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ
ရှိနေပါတယ်။
ခိုးယူခံခဲ့ရတဲ့ အချက်အလက်တွေထဲမှာ ၁၃.၅
မီလီယံနီးပါးသော 000Webhost အသုံးပြုသူ များ၏ အချက်အလက်များဖြစ်တဲ့ Username များ၊
Plain text ဖြစ်နေသော Passwordsများ၊ Emails Address များ၊ IP address များနှင့် Last
names များ ပါဝင်နေပါတယ်။
မကြာသေးခင်က ထုတ်ပြန်တဲ့ Forbes ၏ Report
ထဲမှာတော့ Free Hosting Service Provider တစ်ခုဖြစ်တဲ့ 000Webhost ဟာ မတ်လ ၂၀၁၅ ထဲမှာ
Anonymous Hacker တစ်ဦးရဲ့ Hack ခြင်း ခံခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
Hosting Company မှ ၄င်းတို့၏ တရားဝင်
Facebook စာမျက်နှာတွင် ပြောကြားခဲ့ သည်မှာ ” ကျွန်တော်တို့ Main Server ရဲ့ Database
ထဲကို ထိုးဖောက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ဟက်ကာသည် PHP Version အဟောင်းမှာ ဖြစ်ပေါ်နေတဲ့
Exploit ကို အသုံးပြီး File အချို့ကို Upload တင်ကာ ကျွန်တော်တို့ System ထဲကို ၀င်ရောက်လုပ်ပိုင်ခွင့်
ရသွားတာဖြစ်ပါတယ်။ ကျွန်တော်တို့ Database ကြီးတစ်ခုလုံး Hack ခံလိုက်ရသော်လည်း ပေါက်ကြားသွားတဲ့
Client များ၏ သတင်းအချက်အလက်များကိုသာ Hacker များမှ အဓိက အာရုံထားမှာဖြစ်တယ်” လို့လည်း
ပြောကြားခဲ့ပါတယ်။
ခိုးယူခံခဲ့ရသော အချက်အလက်များအား ရရှိခဲ့တာကတော့
Australian Security Researcher တစ်ယောက်ဖြစ်တဲ့ “Troy Hunt” ဖြစ်ပါတယ်။ အချက်အလက်များအား
Anonymous Source တစ်ခုမှ ရရှိခဲ့ခြင်းဖြစ်ပြီး အချက်အလက်များမှာလည်း အမှန်တကယ်
000Webhost မှ အချက်အလက်များဖြစ်ကြောင်း အတည်ပြုပြီး ဖြစ်ပါတယ်။
“ခုကတော့ အချက်အလက်တွေ ခိုးယူခံခဲ့ရတယ်ဆိုတာကို
သံသယဖြစ်ဖွယ် မရှိတော့ကြောင်းနှင့် အသုံးပြုသူများ သိရှိစေရန် ကိစ္စလည်းမှာလည်း အခက်အခဲဖြစ်နေပြီဖြစ်ကြောင်း
” Hunt ၏ ကိုယ်ပိုင် ဘလော့တွင် ဖော်ပြခဲ့ပါတယ်။ 000Webhosting Company အနေဖြင့် Troy
Hunt နှင့် Forbes မှ ဂျာနယ်လစ်တို့၏ သတိပေးစကားများကို လုံးဝလျစ်လျူရှုခဲ့ပါတယ်။ ထို့ထက်
ပိုဆိုးသည်မှာ Web Hosting Company တစ်ခုအနေဖြင့် မိမိတို့၏ Customer များအတွက် အခြေခံ
စံနှုန်းများဖြစ်သော လုံခြုံရေးဆိုင်ရာများကို သေချာအောင် ပြုလုပ်ထားခြင်း မရှိခြင်းဖြစ်ပါတယ်။
အချက်အလက်များအား ချိုးဖောက်ဝင်ရောက်
ခိုးယူမှူ့များမှာ ယခုတစ်လော အများဆုံး ဖြစ်ပွားလျက်ရှိပါတယ်။ လွန်ခဲ့သော ရက်အနည်းငယ်မှလည်း
အကြီးဆုံး ဖုန်းနှင့် Broadband Provider ကုမ္မဏီတစ်ခုဖြစ်သော Talk Talk တွင် ထိုးဖောက်ခံရမှု
ဖြစ်ပွားခဲ့သောကြောင့် အသုံးပြုသူများ၏ အရေးကြီးသော အချက်အလက်ပေါင်း ၄ မီလီယံလောက်မှာ
စိုးရမ်ရေမှတ်သို့ ရောက်ရှိစေခဲ့ပါတယ်။
ဒီလို လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုများဟာ
ဘာကို ဦးတည်နေသလဲ ?
Company ၏ လေးစားခံရမှုအား များစွာ ထိခိုက်စေခြင်း
အသုံးပြုသူများ၏ ယုံကြည်မှု လျော့နည်းစေခြင်း
ဒေါ်လာထောင်ပေါင်းများစွာ အပြစ်ဒဏ်ပေးခံရနိုင်ခြင်း
Personal အချက်အလက်များပျောက်ဆုံးခြင်းနောက်ကွယ်မှ
တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှု
ယာယီဖြစ်စေ ထာဝရဖြစ်စေ ပိတ်သိမ်းရနိုင်ခြင်း
တို့ ဖြစ်ပါတယ်။
ယခုအချိန်အတွင်းမှာတော့
000webhosting.com ဆိုဒ်သည် ယာယီ Down လျက်ရှိနေပါတယ်။
000webhosting မှ User ဖြစ်နေပါက ကျွန်တော်တို့
အခု ဘာလုပ်ရမလဲ ?
လုံခြုံရေးအရ Free Hosting Service မှ
Team အနေဖြင့် Customer အားလုံး၏ Password များအား Random Values နှင့် Encryption
နည်းလမ်း အသုံးပြုပြီး customer များသို့ အသိမပေးပဲ ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။ ထို့ကြောင့်
ကျွန်တော်တို့ဟာ ၁၃.၅ မီလီယံထဲမှ တစ်ယောက်ဖြစ်ခဲ့ပါက Password Reset လုပ်ရန် လိုအပ်ပြီး ထိုမှ Password အသစ်ရယူကာ မိမိအကောင့်ကို
ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့၏ အချက်အလက်များ ထိုးဖောက်ခံရမှုရှိသည်ဟု
သိကတည်းက သံသယဖြစ်ဖွယ်နှင့် တရားမ၀င်နည်းဖြင့် ၀င်ရောက် Upload လုပ်ထားသော Page များ
ဖယ်ရှားပြီးကြောင်းနှင့် Password များအားလုံးကို ပြောင်းလဲပြီး Encryption များ အသုံးပြုကာ
နောင်တွင် ယခုကဲ့သို့ ထပ်မံဖြစ်ပွားမှူ့ မရှိစေရန် ပြုလုပ်ထားကြောင်း” ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း Customer များ၏
Password များအား Plain Text ဖြင့် အသုံးပြုခြင်း၊ စောလျှင်စွာ သတိပေးမှုများအား လျစ်လျူရှုခြင်းတွေလုပ်ခဲ့ပြီးတော့မှ
နောင်မဖြစ်စေရန် ကာကွယ်ထားပါသည်ဟု ပြောကြားခြင်းသည် ကောင်းမွန်သော အဖြစ်တစ်ခုအဖြစ်
မရှိခဲ့ကြောင်း တင်ပြလိုက်ရပါတယ်
13.11.2015
သတင်းစီစဉ် တင်ဆက်သူ : ကိုသိန်း (MEHN
Team)
အကြီးဆုံး Free Hosting Company ကြီး Hack ခံရပြီးနောက်ကွယ်ဝယ်
Reviewed by Myanmar Ethical Hacking News
on
5:53 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
5:53 PM
Rating:

No comments: