Window XP တစ္ဆေ အခြောက်ခံရသော ဆေးရုံ



Microsoft မှ အကြိမ်ကြိမ် သတိပေးပြီးဖြစ်သော်လည်း လုပ်ငန်းအများစုအနေဖြင့် ၎င်းတို့၏ ကွန်ပြူတာများတွင် Windows XP ကို ဆက်လက်အသုံးချနေဆဲ ဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း Windows အဆင့်မြှင့်ခြင်းကြောင့် အချိန်ကြန့်ကြာသွားမှုကို ကမ္ဘာပျက်မည်အလား စိုးရိမ်ကြသည်။ Windows XP ပေါ်တွင်အလုပ်လုပ်သော Visual Basic သည် လုပ်ငန်းသုံး Software များအတွက် အမှန်တကယ်လည်း အကောင်းဆုံးဖြစ်ခဲ့သည်။ ထိုသို့ လျစ်လျူရှူခဲ့သည့် လုပ်ငန်းများတွင် ဆေးရုံများလည်း ပါဝင်သည်။

ဩစတေးလျရှိ Royal Melbourne ဆေးရုံရှိ အဖြစ်ဆိုးကြီးသည် ၎င်းဆေးရုံရှိ လူများအား ထာဝရခြောက် လှန့်နေတော့မည် ဖြစ်သည်။ ဇာတ်လမ်း၏အစမှာ ဆေးရုံ၏ အရိုးအကြောဌာနရှိ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ဝင်သည်။ ၎င်းဗိုင်းရပ်စ်သည် အလိုအလျောက် အလုပ်လုပ်မှုများကို ဖျက်ဆီးလိုက်သည်။ ထို့ကြောင့် ဝန်ထမ်း တစ်ဦးက သွေးနှင့် တစ်ရှူးစစ်ဆေးချက်များလုပ်ဆောင်ရန် အလိုအလျာက်လုပ်ဆောင်မှုအား ဗိုင်းရပ်များမှ ဖျက်ဆီးပစ်လိုက်သည့်အတွက် လူကိုယ်တိုင်လုပ်ဆောင်ရမည့် အခြေအနေသို့ ပြောင်းလဲသွားသည်။ ထို့နောက် လူနာကုသမှု မှတ်တမ်းများ ထိန်းသိမ်းထားသော ကွန်ပျူတာသို့ ဗိုင်းရပ်စ်ကူးစက်ခံရပြန်သည်။ ထို့ကြောင့် သူနာပြုများသည် လူနာများအား အစားအစာကျွေးမွေးရသူများသည် လူနာများနှင့် ဆီလျော်သော အစားအစာများနှင့် ကျွေးမွေးရမည့် အချိန်ကို စာရွက်ပေါ်တွင် မှတ်သားရပြန်သည်။


ဝန်ထမ်းများ၏ နေ့ရောညပါ ချိန်သားကိုက်စေရန် လုံးပမ်းနေရမှု၊ လူနာများ၏ မကျေမချမ်းဖြစ်မှု၊ လုပ်ငန်းဆောင်တာ အဆင်မပြေမှုများနှင့်အတူ အခြေအနေ၏ အလားအလာကို သိရှိလာသော ဆေးရုံအာဏာပိုင်များက ထပ်မံဆိုးရွားမလာစေရန် ဝန်ထမ်းအားလုံးထံသို့ သတိပေးသည့် Email များ ပေးပို့ခဲ့ရသည်။ လက်ရှိအခြေအနေကို ပုံမှန်ပြန်လည်လုပ်ဆောင်နိုင်စေရန်အတွက် အဆိုပါဗိုင်းရပ်စ်အား နည်းပညာအဖွဲ့တစ်ခု၏ အကူအညီဖြင့် နေ့ရောညပါ ဖယ်ထုတ်ခဲ့သည်။

ယခုအခါ ခွဲစိတ်ခန်းနှင့် အရေးပေါ်ဌာနတို့တွင် ပုံမှန်အလုပ်လုပ်နိုင်ပြီ ဖြစ်သည်။ မလိုလားအပ်သော ပြဿနာ တစ်ခုရှိခဲ့သည်မှာ လွန်ခဲ့သောရက်များက ကွန်ပျူတာများအား အသုံးမပြုနိုင်ခဲ့မှုကြောင့် ကိုယ်တိုင်လုပ်ကိုင် ခဲ့ရသော လုပ်ဆောင်မှုများအတွက် မှတ်တမ်းမှတ်ရာ မကျန်တော့ခြင်းဖြစ်သည်။ နည်းပညာအဖွဲ့အား ငှားရမ်း ခဲ့ရခြင်းကြောင့် အပိုဆောင်းကုန်ကျမှုများလည်း ရှိခဲ့ရသည်။ သို့ရာတွင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိ ပြီဖြစ်၍ စိတ်အေးနိုင်ပြီဖြစ်သည်။

Microsoft လုပ်ငန်းအနေဖြင့် Windows XP အား အထောက်အပံ့မပေးတော့သည်မှာ (၂) နှစ်ကျော်လာပြီ ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ကပင် Windows 8 အား ထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့သည်။ အသုံးပြု သူများကိုလည်း Windows 7, 8.1 နှင့် 10 တို့ကို အသုံးပြုရန် အကြံပြုထားသည်။

မိမိကွန်ပျူတာအား ကောင်းမွန်သော Anti-virus ထည့်သွင်းထားခြင်းနှင့် ပုံမှန် Update ပြုလုပ်ခြင်းသည် အပန်းမကြီးသော်လည်း အကျိုးကြီးမားသည်။ ကွန်ပျူတာသုံးစွဲသူတစ်ဦ:အနေဖြင့် ထိုသို့သော အခြေခံ အချက်များကို ဂရုတစိုက်လိုက်နာသွားခြင်းဖြင့် ဆိုးရွားသောအန္တရာယ်များမှ ရှောင်လွှားနိုင်မည် ဖြစ်သည်။

29-1-2016
သတင်းစီစဉ် တင်ဆက်သူ : Nub9d (MEHN Team)
Window XP တစ္ဆေ အခြောက်ခံရသော ဆေးရုံ Window XP တစ္ဆေ အခြောက်ခံရသော ဆေးရုံ Reviewed by Myanmar Ethical Hacking News on 4:26 PM Rating: 5

No comments:

MEHN Team. Powered by Blogger.