Battery Status အချက်အလက် ပေးပို့မှုမှတဆင့် သင်၏ဖုန်းအား ထောက်လှမ်းနိုင်ခြင်း
HTML 5 Version အသစ်တွင်
ဘက်ထရီအကြောင်းကို သိရှိစေနိုင်သော Function များစွာကို ထောက်ပံ့ပေးထားပါသည်။ ထို
Function များမှတဆင့် ဖုန်းအသုံးပြုသူများ၏ ဘက်ထရီအား အခြေအနေများ (ဉပမာအားဖြင့် အားသွင်းရန်ကြာချိန်
အားကုန်မည့်အချိန်များကို) Website များမှ သိစေနိုင်ပါသည်။ အကျိုးအမြတ်အားဖြင့် ဖုန်း၏
ဘက်ထရီ အားကုန်ခါနီးသောအခါ Website များသည် Low Power Version အခြေအနေဖြင့် အသုံးပြုသူများထံသို့
ဝန်ဆောင်မှု ပေးနိုင်ရန်ဖြစ်သည်။ ယမန်နှစ်က Security သုတေသနပညာရှင်များသည် ၄င်း
HTML 5 Function များမှတဆင့် အသုံးပြုသူများ၏ အရေးကြီးသော အခြားအချက်အလက်များကိုပါ
သိရှိစေနိုင်မည့် Code များကို ပေါင်းထည့်နိုင်ကြောင်း သတိပေးခဲ့သည်။ ယခုအချိန်တွင်
ထိုသတိပေးချက်အား Princeton တက္ကသိုလ်မှ သက်သေပြလိုက်နိုင်ပြီဖြစ်သည်။
HTML 5 အားနည်းချက်များကြောင့်
Battery အခြေအနေများကိုသာမက အခြားသော အချက်အလက်များကို Website များဆီသို့ ပေးပို့နိုင်ရန်
ခိုင်းစေနိုင်သည်။ တိုက်ခိုက်မှု အောင်မြင်စေရန်အတွက်မှာ Attacker များအနေဖြင့် ၄င်းတို့၏
Website ဆီသို့ လာရောက်ကြည့်ရှုရန်သာ လိုအပ်ပါသည်။ အဆိုးဆုံးအချက်မှာ VPN ဖြစ်စေ AD
Blocker တို့ကိုဖြစ်စေ သုံးသော်လည်း လုံခြုံမှုမရှိနိုင်ပါ။ Browser Cookie များ ဖျက်ပစ်သော်လည်း
မရနိုင်ပါ။
ကာကွယ်ရန်နည်းလမ်းမှာ
HTML 5 Feature များအား ပိတ်ပစ်ခြင်းပင် ဖြစ်သည်။ Firefox Browser တွင် အလွယ်တကူ ပိတ်နိုင်သော်လည်း
အခြားသော Browser များတွင်မူ မပိတ်ပင်နိုင်သေးပေ။ ထို့ကြောင့် Browser ကုမ္ပဏီများသည်
HTML 5 Feature များကို ပိတ်ပေးနိုင်မည့် Options များကို ထည့်သွင်းမည်ဟု သတင်းများ
ထွက်ပေါ်လျက်ရှိ ကြောင်းသိရှိရပါသည်။
24-8-2016
သတင်းစီစဉ် တင်ဆက်သူ
- Fr!d@y (MEHN Team)
Battery Status အချက်အလက် ပေးပို့မှုမှတဆင့် သင်၏ဖုန်းအား ထောက်လှမ်းနိုင်ခြင်း
Reviewed by Myanmar Ethical Hacking News
on
8:21 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:21 PM
Rating:

No comments: