ဟက်​ကာများမှ နည်းပညာမြင့်​ အသုံးပြုထား​သော ကား အစီး​ရေ ၁၀၀​ကျော်​ခန့်​ ခိုးယူသွားခြင်း


အကယ်​၍ သင့်​မှာ နည်းပညာမြင့်​အသုံးပြုထား​သော ကားကို ပိုင်​ဆိုင်​ပါက ခိုးယူခြင်းမှ စိတ်​ချရပြီဟု ထင်​မြင်​ပါသလား။



ဒီစာကို သင်​ဖတ်​ပြီးပါက ထိုကိစ္စကို ပြန်​လည်​ စဉ်းစား​ပေး​စေလိုပါသည်​။အ​မေရိကန်​နိုင်​ငံ Texasမှ ကားခိုးကျွမ်းကျင်​သူ နှစ်​ဦးဟာ နည်းပညာမြင့်​ကား အစီး​ရေ ၁၀၀​ကျော်​ခန့်​ကို ဟက်​ကင်းပညာရပ်​​တွေ အသုံးပြုပြီး ခိုးယူခဲ့ကြပါတယ်​။


  

ခိုးယူခဲ့ကြတဲ့ နှစ်​ဦးက​တော့ Michael Arce နဲ့ Jesse Zelaya တို့ပဲ ဖြစ်​ကြပါတယ်​။သူတို့နှစ်​ဦးဟာ ကားများခိုးယူရာမှာ laptopတစ်​လုံးနဲ့ software တစ်​ခုကိုသာ အသုံးပြုခဲ့ကြတာပါ။သူတို့နှစ်​ဦးဟာ တိုက်​ခိုက်​လိုတဲ့ ကားရဲ့ ID နဲ့ ​သော့ကို databaseထဲမှာ အသစ်​လုပ်​ပြီး ခိုးယူခဲ့ကြတာပါ။ဒီလို​ပြောရင်​ သိပ်​နားမရှင်းဖြစ်​ကြမှာပါ။သူတို့နှစ်​​ယောက်​ဟာ database ထဲကို ဘယ်​လိုဝင်​ရောက်​ ပြင်​ဆင်​ဖြည်​စွက်​သွားကြလဲဆိုတာက​တော့ ကား​ချောင်းချတဲ့သူပုံစံ​တွေ၊ကားပြင်​ဆင်​တဲ့ ​နေရာ​တွေပုံစံမျိုးနဲ့ ​သော့အသစ်​ကို ပြုလုပ်​သွားကြတာပါ။သော့​ပျောက်​လို့ ​သော့အသစ်​ ပြန်​ဖြည့်​တဲ့ပုံစံမျိုးပဲ ဖြစ်​ပါတယ်​။



ဒီကားခိုးပညာရှင်​ နှစ်​​ယောက်​ကို​တော့ ​မြောက်​မြားစွာလှ​သော CCTV​တွေမှာ ဖမ်းယူရရှိခဲ့ပါတယ်​။နောက်​ပိုင်းမိခါနီးကြ​တော့မှသာ Michael Arce နဲ့ Jesse Zelaya တို့ဆိုတာ သိခဲ့ကြတာဖြစ်​ပါတယ်​။ ဒီခိုးယူသူနှစ်​ဦးဟာ ​ရှေးယခင်​ကတည်းက ဂျစ်​ကားခိုးယူမှု ဖြင့်​ ​ပြစ်​ဒဏ်​ကျခံဖူးသူများ ဖြစ်​ကြသည်​။၎င်းတို့နှစ်​ဦးဟာ ခိုးယူရရှိ​သော ကားများကို မက်​ဆီကို black market​တွေမှာ ​​ရောင်းချ ခဲ့ကြပါတယ်​။သူတို့​ရောင်းချတဲ့ ဂျစ်​ကားနဲ့ ​ဒေါ့ဂျစ်​ အမျိုးအစား​တွေဟာ ​၀ယ်​ယူသူ​တွေ များပြားခဲ့ပါတယ်​။ 



ကွန်​ပျူတာ လုံခြုံ​ရေးပညာရှင်​ Yoni Heilbronn ဟာ ကမ္ဘာ​ပေါ်မှာ အလို​လျောက်​ကား ပြင်​ဆင်​ပြုပြင်​မှု​တွေ၊ထုတ်ုလုပ်​မှု​တွေဟာ အင်​တာနက်​နဲ့ ချိတ်​ဆက်​အသုံးပြုလာ​သော​ကြောင့်​ အလားတူ ဖြစ်​ရပ်​မျိုး ကမ္ဘာ​ပေါ်တလွှားမှာ ​ပေါ်​​ပေါက်​လာနိုင်​တယ်​လို့ ​ထောက်ပြ ​ပြောဆိုသွားပါတယ်​။ ဒါ​ကြောင့်​ ကျွန်​​တော်​တို့နိုင်​ငံမှာ နည်းပညာမြင့်​ကားများ အသုံးပြုပါက လုံခြုံ​ရေးပိုင်းကိုလည်း တချက်​​လောက်​ စဉ်းစားကြပါလို့တိုက်​တွန်းလိုက်​ရပါတယ်​။ 



သတင်းစီစဉ်တင်ဆက်သူ :: D3@D$T@R
ဟက်​ကာများမှ နည်းပညာမြင့်​ အသုံးပြုထား​သော ကား အစီး​ရေ ၁၀၀​ကျော်​ခန့်​ ခိုးယူသွားခြင်း ဟက်​ကာများမှ နည်းပညာမြင့်​ အသုံးပြုထား​သော ကား အစီး​ရေ ၁၀၀​ကျော်​ခန့်​ ခိုးယူသွားခြင်း Reviewed by Mr.Thein on 4:38 PM Rating: 5

No comments:

MEHN Team. Powered by Blogger.