Zawgyi Version 
ပါတယ်။
Unicode Version 
Facebook Dislike Button ကို သင့်ရဲ့ Facebook Profile မှာ ဘယ်လိုရယူမလဲ?
ခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ စိတ်ဝင်စားသွားမယ်ထင်တယ်။ ဒီလိုပါဘဲ ကမ္ဘာတဝှမ်းလုံးက လူတွေကလည်း အခုလိုသတင်း ကိုကြားလိုက်တာနဲ့ စိတ်ဝင်စားသွားကြတာပါဘဲ။ မကြာသေးခင်ကမှ Facebook Founder ဖြစ်သော Mark Zuckerberg မှ အတည်ပြုပြောကြားခဲ့တဲ့ Facebook တွင် Dislike Button ထည့်သွင်းခြင်း ကိစ္စနှင့် ပတ်သက်ပြီး လူတွေကြားမှာ ရေပန်းစားပြီး Hot News ဖြစ်ခဲ့ပါတယ်။ Attacker or Hacker တွေကတော့ ဒီအချက်ကို အခွင့်ကောင်းယူပြီး Facebook User များကို တိုက်ခိုက်ရန် ကြံရွယ်ခဲ့ပါတယ်။ အင်္ဂလိပ်အခက် ဗမာ့အချက်ဆိုသလိုဘဲ Mark Zuckerberg ရဲ့ Dislike Button ထည့်သွင်းမည့် ကြေငြာချက်ကြောင့် Attacker or Hacker များ အတွက် Facebook User များကို တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ဖန်တီးပေးသလိုဖြစ်သွားပါတယ်။
“ကျွှန်တော်တို့ နေ့စဉ်အဖြစ်အပျက်တွေကြားမှာ အမြဲတမ်း သဘောတူညီမှူ့ဆိုတာမရှိပါဘူး အချို့သောအကြောင်းအရာများကို သဘောမကျခြင်း သဘောမတူခြင်း ဝမ်းနည်းခြင်း ကြိုက်နှစ်သက်မှူ့မရှိခြင်း စသည့်ဖြင့် မျိုးစုံဖြစ်ပွားနေပါတယ် ဒီလိုစိတ်ခံစားမှူ့အကြောင်းအရာများကို ဖော်ပြရန်အတွက် Dislike Button ကို ထည့်သွင်းရခြင်းဖြစ်တယ်” လို့ Mark Zuckerberg မှ ပြောကြားခဲ့ပါတယ်။.
ဒီကြေငြာချက်ကြောင့်ဘဲ Facebook Users များသည် Attacker or Hacker များ၏ ပစ်မှတ် ဖြစ်ခဲ့ပါတယ်။ Attacker or Hacker များသည် “Get Newly Introduced Facebook Dislike Button On Your Profile” အမည်ဖြင့် Malicious Link ဟုခေါ်သော Link အတုတစ်ခုဖတ်တီးပြီး စာချစ်သူများထံကို ပေးပို့ပါတယ်။ ထိုလင့်ကို နှိပ်လိုက်တာနှင့် Link သည် Malicious Website ဟုခေါ်သော Website အတု ဆီသို့ရောက်ရှိသွားပြီး Malformed ဟုခေါ်သော Website Form အတု တစ်ခု ကျလာပြီး စာချစ်သူတို့ကို Form ဖြည့်ခိုင်းပါတယ်။ Facebook Dislike Button ကို သင်၏ Profile တွင် ရယူချင်ပါက အောက်ပါ Form ကို ဖြည့်ပါဟု ပြောထားပါလိမ့်မယ်။ စာချစ်သူတို့က အဆိုပါ Form ကို ဖြည့်သွင်းပြီး Submit လုပ်လိုက်တာနှင့် စာချစ်သူတို့၏ အချက်အလက်များကို Attacker or Hacker များမှရရှိသွားမည် ဖြစ်ပါသည်။ ဤ နည်းဖြင့် Attacker or Hacker များသည် စာချစ်သူများ၏ အချက်အလက်များကို စုဆောင်းရရှိပြီး မသမာသောနေရာများတွင် အသုံးချနိုင်ပါသည်။ .
ထို့ကြောင့် စာချစ်သူများအနေဖြင့် Facebook ကို အသုံးပြုသည့်အခါ မသကာၤသော Website Links များကို မဝင်မိစေရန် အထူးအရေးကြီးပါသည်။ ဝင်မိလိုက်ပါက စာချစ်သူတို့၏ အချက်အလက်များသည် Attacker or Hacker တို့၏ လက်တွင်းသို့ရောက်ရှိသွားမည်ဖြစ်သည်။ Attacker or Hacker များသည် ယခု Hot News ဖြစ်သော Mark Zuckerberg ၏ Facebook Dislike Button ထည့်သွင်းမည့် သတင်းကို အခွင့်ကောင်းယူပြီး Facebook Users များကို ပစ်မှတ်ထားကာ တိုက်ခိုက်ရန် ကြိုးပမ်းလျှက်ရှိပါသည်။
28-9-2015
ဆောင်းပါးရှင် : ကိုရီချင် (MEHN Team)
Facebook Dislike Button ကို သင့်ရဲ့ Facebook Profile မှာ ဘယ်လိုရယူမလဲ? Facebook Dislike Button ကို သင့်ရဲ့ Facebook Profile မှာ ဘယ်လိုရယူမလဲ? Reviewed by Mr.Thein on 1:57 PM Rating: 5
No comments:
MEHN Team. Powered by Blogger.