Facebook ၏ Dislike/Empathy Buttons ဘာေၾကာင့္ ထည့္သြင္းရသလဲ?
Zawgyi Version
Facebook ၏ Dislike or Empathy Buttons ဘာေၾကာင့္ ထည့္သြင္းရသလဲ?
Facebook Dislike ခလုပ္သည္ ယခုႏွစ္မ်ားအတြင္း အသံုးျပဳသူမ်ားထံမွ မၾကာခဏဆိုသလို ထည့္သြင္းေပးရန္ ေတာင္းဆိုျခင္း အခံရဆံုးေသာ လုပ္ေဆာင္ခ်က္တစ္ခုျဖစ္သည္။ Facebook Dislike Button ထည့္သြင္းရျခင္းမွာ သင္၏ အိမ္တြင္ေမြးထားေသာ အိမ္ေမြးတိရိစာၦန္ ေသဆုံးသြားျခင္း သင္၏ သူငယ္ခ်င္း ဒါမွမဟုတ္ မိသားစု၀င္ တစ္စုံတစ္ေယာက္ ေသဆုံးသြားျခင္း စသည့္ အေၾကာင္းအရာမ်ားကုိ စာခ်စ္သူက Facebook တြင္ Post တစ္ခုေရးတင္လုိက္တယ္ Facebook မွာ ပါ၀င္တာက Like ခလုတ္ဘဲပါ၀င္တယ္။ ထုိအေၾကာင္းအရာမ်ား Post အျဖစ္ေရးတင္တဲ့အခါမွာ Like ေပးရတာ လုံး၀ကုိ အဆင္ေျပပါဘူး။ ဒါေၾကာင့္ ထုိအေၾကာင္းအရာမ်ားကုိ Facebook သုံးစြဲသူမ်ားမွ ေရးတင္သည့္အခါ စာနာမွူ႕ နားလည္မွူ႕ ေထာက္ထားမွူ႕ ၀မ္းနည္းေၾကာင္းကုိ ျပသသည့္အေနျဖင့္ Facebook တြင္ Dislike or Empathy Button ကုိ ထည့္သြင္းရန္ စဥ္းစားခဲ့ျခင္း ျဖစ္သည္။ ယခင္အပတ္အေစာပိုင္းတြင္ သင္တို႔၏ Facebook Profile ႏွင့္ News Feed တြင္
Dislike သို႔မဟုတ္ Empathy လုပ္ေဆာင္ခ်က္ထည့္သြင္းမည့္ အစီအစဥ္ကို Facebook မွအတည္ျပဳခဲ့သည္။
Facebook ၏ Dislike or Empathy လုပ္ေဆာင္ခ်က္သည္ လက္မေအာက္စိုက္ပံုျဖစ္မည္ဟု ဟုသင္ေတြးေနပီဆိုရင္ သင့္အေတြးအေတာ္ေလးမွားယြင္းေနပါျပီ။ Dislike Button ကုိ လက္မ ေအာက္စုိက္ပုံမထားရျခင္းမွာ - Facebook မွလုိလားေသာ စာနာေထာက္ထားျခင္း သနားၾကင္နာျခင္း ညွာတာျခင္း စသည့္ ေကာင္းသည့္ လကၡဏာရပ္မ်ားအတြက္ မသုံးစြဲဘဲ ဆိုးရြားေသာအျပဳအမူမ်ားျဖစ္သည့္ စကားနာထိုးျခင္း ၊ အႏိုင္က်င့္ျခင္း စတဲ့အမွားအယြင္း ေနရာမ်ားမွာ သုံးစြဲမွာစုိးရိမ္တဲ့အတြက္ လက္မေအာက္စုိက္ပုံ မထားရျခင္းျဖစ္ပါတယ္။
Facebook အသံုးျပဳသူေတြရဲ႕ Post ေတြကို အတက္အက်ျဖစ္ေအာင္မဲေပးေနေသာ ေနရာတစ္ခုအျဖစ္ကိုေျပာင္းလဲသြားမွာစုိးေသာေၾကာင့္ ကြၽန္ုပ္တို႔ဟာ Facebook မွာ Dislike ခလုပ္ကိုထည့္သြင္းရန္ မလိုလားခဲ့ပါဘူးဟု Facebook တည္ေထာင္သူ Mark Zuckerberg မွေျပာၾကားခဲ့တယ္။
Dislike နဲ႔ Empathy ခလုပ္မ်ား ဘာနဲ႔တူမလဲ?
လက္မေအာက္စုိက္ ပံုစံအစား ႐ိုး႐ွင္းေသာ Emojis (စိတ္ခံစားခ်က္ကိုေဖာ္ျပေသာပံုံစံ) မ်ားကို မေထာက္ခံျခင္း ဝမ္းနည္းျခင္း စတာေတြကို ေဖာ္ျပရန္ အတြက္အသံုးျပဳသြားမည္ ျဖစ္သည္။
.
Like ႏွင့္ Comment ေဘးတြင္ Emoji စိတ္ခံစားမွူ႕မ်ားကုိ ေဖာ္ျပေသား Action အျပဳအမွူ ပုံစံမ်ားကိုေရြးခ်ယ္ရန္အတြက္ ထည့္ေပးထားေသာ ခလုတ္မွ Facebook အသံုးျပဳသူမ်ားသည္ ေဖာ္ျပလိုေသာ ဟာသပံုစံ, ဝမ္းနည္းမႈပံုစံ, ခက္ထန္ေသာ မ်က္နာပံုစံမ်ားကို အသံုးျပဳရမည္ျဖစ္သည္။ ဒီခလုတ္ဟာဆိုရင္ အသံုးဝင္လွပီး အသံုးျပဳသူမ်ားရဲ႕ စိတ္ခံစားခ်က္မ်ားကို လ်င္လ်င္ျမန္ျမန္နဲ႔ က်ယ္ျပန္႔စြာေဖာ္ျပႏိုင္ရန္ ေဆာက္ရြက္ေပးပါလိမ့္မယ္။
ခံစားခ်က္မ်ားကိုေဖာ္ျပရန္ Facebook ရဲ႕ Dislike နဲ႔ Empathy ခလုပ္ပံုစံသည္ သိသိသာသာကြဲျပားမွာျဖစ္တယ္။ ဒါေပမယ့္ Facebook ဟာ အသံုးျပဳသူေတြရဲ႕ ခံစားခ်က္ေတြကို Post ေတြမွာ ေဖာ္ျပရန္အတြက္ Emoji မ်က္ႏွာပံုစံမ်ားကို ခြင့္ျပဳခဲ့ပီးျဖစ္တယ္ဆိုတာ သင္သိပါသလား? မွန္ပါတယ္ အသံုးျပဳသူေတြဟာ Post တိုင္းရဲ႕ Comment အပိုင္းတြင္ Emoji မ်က္ႏွာမ်ားကို ေရြးခ်ယ္ထည့္သြင္းႏိုင္ပါတယ္။ ဒါေၾကာင့္ ကြၽန္ုပ္တို႔ဟာ Comment Box ကိုေအာက္ထိဆြဲခ်စရာမလိုသလို Empathy ခလုပ္အသစ္သည္ အျခားေသာ လုပ္ေဆာင္ခ်က္အသစ္ေတြကဲ့သို႔လဲ ေနရာယူမည္မဟုတ္ေပ။
ကြၽန္ုပ္တို႔အေပၚ Emoji ခလုတ္မ်ား အက်ိဳးေရာက္မႈ
.
Facebook ရဲ႕ ဒီေျပာင္းလဲမႈဟာ အရမ္းစိတ္ဝင္စားဖြယ္ရာေကာင္းတယ္လို႔ က်ြန္ေတာ္ထင္ပါတယ္။ ဒီဖန္တိီးမႈဟာ အျခားေသာ Internet အသံုးျပဳသူမ်ားကိုလဲ အမ်ားႀကီးေက်နပ္ေစပါလိမ့္မယ္။ ေနာက္ဆံုးအေနစမ္းသပ္မႈအေနျဖင့္ အသံုးျပဳသူမ်ားထံယူမလာခင္အထိ ၄င္းဟာ ျပည့္စံုေသာ ထင္ျမင္ယူဆခ်က္ျဖစ္ပါတယ္။ Facebook ကလဲမၾကာမွီအခ်ိန္အတြင္းမွာ လူထုကုိခ်ျပမယ္ လို႔ ကတိေပးထားပါတယ္။ Dislike or Empathy Buttons ထည့္သြင္းမည့္ကိစၥကုိ အတည္ျပဳျပီးျဖစ္ေသာ္လည္း ဘယ္ေန႕ဘယ္ရက္တြင္ ထည့္သြင္းသြားမည္ကုိ Facebook တည္ေထာင္သူ Mark Zuckerberg မွထည့္သြင္းေျပာၾကားခဲ့ျခင္း မရွိခဲ့ေခ်။
Unicode Version
Facebook ၏ Dislike or Empathy Buttons ဘာကြောင့် ထည့်သွင်းရသလဲ?
Facebook Dislike ခလုပ်သည် ယခုနှစ်များအတွင်း အသုံးပြုသူများထံမှ မကြာခဏဆိုသလို ထည့်သွင်းပေးရန် တောင်းဆိုခြင်း အခံရဆုံးသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ Facebook Dislike Button ထည့်သွင်းရခြင်းမှာ သင်၏ အိမ်တွင်မွေးထားသော အိမ်မွေးတိရိစ္ဆာန် သေဆုံးသွားခြင်း သင်၏ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင် တစ်စုံတစ်ယောက် သေဆုံးသွားခြင်း စသည့် အကြောင်းအရာများကို စာချစ်သူက Facebook တွင် Post တစ်ခုရေးတင်လိုက်တယ် Facebook မှာ ပါဝင်တာက Like ခလုတ်ဘဲပါဝင်တယ်။ ထိုအကြောင်းအရာများ Post အဖြစ်ရေးတင်တဲ့အခါမှာ Like ပေးရတာ လုံးဝကို အဆင်ပြေပါဘူး။ ဒါကြောင့် ထိုအကြောင်းအရာများကို Facebook သုံးစွဲသူများမှ ရေးတင်သည့်အခါ စာနာမှူ့ နားလည်မှူ့ ထောက်ထားမှူ့ ဝမ်းနည်းကြောင်းကို ပြသသည့်အနေဖြင့် Facebook တွင် Dislike or Empathy Button ကို ထည့်သွင်းရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။ ယခင်အပတ်အစောပိုင်းတွင် သင်တို့၏ Facebook Profile နှင့် News Feed တွင် Dislike သို့မဟုတ် Empathy လုပ်ဆောင်ချက်ထည့်သွင်းမည့် အစီအစဉ်ကို Facebook မှအတည်ပြုခဲ့သည်။
Facebook ၏ Dislike or Empathy လုပ်ဆောင်ချက်သည် လက်မအောက်စိုက်ပုံဖြစ်မည်ဟု ဟုသင်တွေးနေပီဆိုရင် သင့်အတွေးအတော်လေးမှားယွင်းနေပါပြီ။ Dislike Button ကို လက်မ အောက်စိုက်ပုံမထားရခြင်းမှာ - Facebook မှလိုလားသော စာနာထောက်ထားခြင်း သနားကြင်နာခြင်း ညှာတာခြင်း စသည့် ကောင်းသည့် လက္ခဏာရပ်များအတွက် မသုံးစွဲဘဲ ဆိုးရွားသောအပြုအမူများဖြစ်သည့် စကားနာထိုးခြင်း ၊ အနိုင်ကျင့်ခြင်း စတဲ့အမှားအယွင်း နေရာများမှာ သုံးစွဲမှာစိုးရိမ်တဲ့အတွက် လက်မအောက်စိုက်ပုံ မထားရခြင်း ဖြစ်ပါတယ်။
Facebook အသုံးပြုသူတွေရဲ့ Post တွေကို အတက်အကျဖြစ်အောင်မဲပေးနေသော နေရာတစ်ခုအဖြစ်ကိုပြောင်းလဲသွားမှာစိုးသောကြောင့် ကျွန်ုပ်တို့ဟာ Facebook မှာ Dislike ခလုပ်ကိုထည့်သွင်းရန် မလိုလားခဲ့ပါဘူးဟု Facebook တည်ထောင်သူ Mark Zuckerberg မှပြောကြားခဲ့တယ်။
Dislike နဲ့ Empathy ခလုပ်များ ဘာနဲ့တူမလဲ?
လက်မအောက်စိုက် ပုံစံအစား ရိုးရှင်းသော Emojis (စိတ်ခံစားချက်ကိုဖော်ပြသောပုံစံ) များကို မထောက်ခံခြင်း ဝမ်းနည်းခြင်း စတာတွေကို ဖော်ပြရန် အတွက်အသုံးပြုသွားမည် ဖြစ်သည်။
Like နှင့် Comment ဘေးတွင် Emoji စိတ်ခံစားမှူ့များကို ဖော်ပြသေား Action အပြုအမှူ ပုံစံများကိုရွေးချယ်ရန်အတွက် ထည့်ပေးထားသော ခလုတ်မှ Facebook အသုံးပြုသူများသည် ဖော်ပြလိုသော ဟာသပုံစံ, ဝမ်းနည်းမှုပုံစံ, ခက်ထန်သော မျက်နာပုံစံများကို အသုံးပြုရမည်ဖြစ်သည်။ ဒီခလုတ်ဟာဆိုရင် အသုံးဝင်လှပီး အသုံးပြုသူများရဲ့ စိတ်ခံစားချက်များကို လျင်လျင်မြန်မြန်နဲ့ ကျယ်ပြန့်စွာဖော်ပြနိုင်ရန် ဆောက်ရွက်ပေးပါလိမ့်မယ်။
ခံစားချက်များကိုဖော်ပြရန် Facebook ရဲ့ Dislike နဲ့ Empathy ခလုပ်ပုံစံသည် သိသိသာသာကွဲပြားမှာဖြစ်တယ်။ ဒါပေမယ့် Facebook ဟာ အသုံးပြုသူတွေရဲ့ ခံစားချက်တွေကို Post တွေမှာ ဖော်ပြရန်အတွက် Emoji မျက်နှာပုံစံများကို ခွင့်ပြုခဲ့ပီးဖြစ်တယ်ဆိုတာ သင်သိပါသလား? မှန်ပါတယ် အသုံးပြုသူတွေဟာ Post တိုင်းရဲ့ Comment အပိုင်းတွင် Emoji မျက်နှာများကို ရွေးချယ်ထည့်သွင်းနိုင်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ Comment Box ကိုအောက်ထိဆွဲချစရာမလိုသလို Empathy ခလုပ်အသစ်သည် အခြားသော လုပ်ဆောင်ချက်အသစ်တွေကဲ့သို့လဲ နေရာယူမည်မဟုတ်ပေ။
ကျွန်ုပ်တို့အပေါ် Emoji ခလုတ်များ အကျိုးရောက်မှု
Facebook ရဲ့ ဒီပြောင်းလဲမှုဟာ အရမ်းစိတ်ဝင်စားဖွယ်ရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီဖန်တီးမှုဟာ အခြားသော Internet အသုံးပြုသူများကိုလဲ အများကြီးကျေနပ်စေပါလိမ့်မယ်။ နောက်ဆုံးအနေစမ်းသပ်မှုအနေဖြင့် အသုံးပြုသူများထံယူမလာခင်အထိ ၎င်းဟာ ပြည့်စုံသော ထင်မြင်ယူဆချက်ဖြစ်ပါတယ်။ Facebook ကလဲမကြာမှီအချိန်အတွင်းမှာ လူထုကိုချပြမယ် လို့ ကတိပေးထားပါတယ်။ Dislike or Empathy Buttons ထည့်သွင်းမည့်ကိစ္စကို အတည်ပြုပြီးဖြစ်သော်လည်း ဘယ်နေ့ဘယ်ရက်တွင် ထည့်သွင်းသွားမည်ကို Facebook တည်ထောင်သူ Mark Zuckerberg မှထည့်သွင်းပြောကြားခဲ့ခြင်း မရှိခဲ့ချေ။
28-9-2015
ေဆာင္းပါးရွင္ : Lone Lone (MEHN Team)
Facebook ၏ Dislike/Empathy Buttons ဘာေၾကာင့္ ထည့္သြင္းရသလဲ?
Reviewed by Mr.Thein
on
10:56 AM
Rating:
Reviewed by Mr.Thein
on
10:56 AM
Rating:

No comments: