၂၀၁၆ ခုနှစ်မှာ အာဖရိက မှအစပြုပြီး ကမ္ဘာတစ်ဝှမ်းလုံး Free Internet ရရှိအောင် Facebook မှ ကြိုးပမ်းနေပါပြီ





Facebook မှ ကမ္ဘာ တစ်ဝှမ်းလုံးရှိ လူသားများထံသို့ Internet ကို Free ပို့ဆောင်ပေးမည့် အစီအစဉ်တစ်ရပ်ကို စတင်လိုက်ပါတယ်။ ပဏာမ အနေနဲ့ internet.org ကို အသုံးပြုပြီး ကမ္ဘာတ၀ှမ်းရှိ လူများကို Internet Free ရရှိအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Facebook မှ အလွန်ကြီးမားသော Drones များကို အသုံးပြုပြီး ဂြိလ်တုမှတဆင့် အင်တာနက်လှိုင်းများကို ထုတ်လွှင့်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

Facebook ကုမ္ပဏီက ကိုယ်ပိုင် ဂြိလ်တုများကို အသုံးပြုပြီး Internet Free ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် Facebook ၏ Founder CEO ဖြစ်သည့် Mark Zuckerberg မှ လုပ်ငန်းဆောင်တာများ လွယ်ကူ လျှင်မြန် ချော့မွေ့စေရန်အတွက် အခြားကုမ္ပဏီများနှင့် သဘောတူညီမူ့ရယူကာ ပူးပေါင်း ဆောင်ရွက်မည့် အဖွဲ့အစည်းတစ်ရပ်ကို ချမှတ်ခဲ့ပါတယ်။ Eutelsat ကုမ္ပဏီနှင့်ပူးပေါင်းပြီး အာဖရိကတွင် လွှင့်တင်ထားခဲ့ပြီးသော ဂြိလ်တုများမှတဆင့် Internet Free ရရှိရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။


Internet Free အစီအစဉ်ကို ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှာ စတင်တော့မှာ ဖြစ်ပါတယ်။ Facebook ဟာ Partner အသစ်ဖြစ်သော Eutelsat နှင့် ပူးပေါင်းပြီး Saharan Africa ရဲ့ ဒေသအချို့ကို ဂြိလ်တုမှ တဆင့် Free Internet ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

၂၀၁၆ နှောင်းပိုင်းမှာ Facebook နှင့် Eutelsat တို့ဟာ AMOS-6 အမည်ရှိ ဂြိုလ်တုကို အသုံးပြုပြီး အာဖရိက အရှေ့ပိုင်း အနောက်ပိုင်းနှင့် တောင်ပိုင်းရှိ Smartphones များထံသို့ Internet လိုင်းများကို တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ AMOS-6 ဂြိုလ်တုကို Israeli ကုမ္ပဏီဖြစ်သော Spacecom ကပြုလုပ်ပီး ယခုနှစ်အကုန်မှာ အာကာသထဲသို့ ပစ်လွှတ်မှာ ဖြစ်ပါတယ်။

“Facebook ရဲ့ ရည်ရွယ်ချက်က ကမ္ဘာပေါ်ရှိလူများကို တစ်ယောက်နှင့်တစ်ယောက် လွယ်ကူစွာ ဆက်သွယ်စေလို၍ ဖြစ်ပြီး ဒီအစဉ်အစဉ်မှာ ဂြိလ်တုရဲ့ အခန်းကဏ္ဍက အရေးပါလာပြီး အာဖရိကတွင် နေထိုင်နေသော လူများအတွက် ကမ္ဘာကြီးနှင့် ဆက်သွယ်ရန်အတွက် ထွက်ပေါက်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ အခုကျွှန်တော်တို့ရဲ့ ပါတနာ ဖြစ်တဲ့ Eutelsat ရဲ့ လက်တွဲပြီး ရှေ့ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ Cris Deniels သည် VP ofinternet.org သို့ ပြောကြားခဲ့ပါတယ်။

internet.org ကို အသုံးပြုပြီး အင်တာနက် ၀န်ဆောင်မှူ့များကို ပေးသွားမှာ ဖြစ်ပါတယ်။ Eutelsat ရဲ့ CEO ဖြစ်သော Michel de Rosen က “ကျွှန်တော်တို့ တကယ်ဘဲ စိတ်လှူပ်ရှားခဲ့ပါတယ် Facebook နှင့် သဘောတူစာချူပ် လက်မှတ်ထိုးအပြီးမှာ နောက်ပြီး ကျွှန်တော်တို့ရဲ့ အင်တာနက် ထုတ်လွှင့်မှူ့ အစီအစဉ်များကို သဘောကျပြီး လက်တွဲဆောင်ရွက်ခွင့် ပေးခဲ့တဲ့အတွက်လည်း ဖြစ်ပါတယ် Facebook ရဲ့ ခြေလှမ်းအသစ်ဖြစ်တဲ့ Internet Free အစီအစဉ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်” လို့ ပြောကြားခဲ့ပါတယ်။

7-10-2015
ဆောင်းပါးရှင် - ပိုင်လင် (MEHN Team)
၂၀၁၆ ခုနှစ်မှာ အာဖရိက မှအစပြုပြီး ကမ္ဘာတစ်ဝှမ်းလုံး Free Internet ရရှိအောင် Facebook မှ ကြိုးပမ်းနေပါပြီ ၂၀၁၆ ခုနှစ်မှာ အာဖရိက မှအစပြုပြီး ကမ္ဘာတစ်ဝှမ်းလုံး Free Internet ရရှိအောင် Facebook မှ ကြိုးပမ်းနေပါပြီ Reviewed by Myanmar Ethical Hacking News on 6:04 AM Rating: 5

No comments:

MEHN Team. Powered by Blogger.