ATM စက် ၁၇ လုံးကို Hack ပြီး အမေရိကန် ဒေါ်လာ၁.၂ သန်း ခိုးယူမှု မလေးရှား၌ ဖြစ်ပွား
လက်တင်အမေရိက မြေအောက် ဆိုက်ဘာဂိုဏ်းမှ
မလေးရှားရှိ ATM စက်များကို Hack လုပ်ပြီး အမေရိကန်ဒေါ်လာ ၁.၂သန်း ထက်ပိုသော ငွေများအား
ခိုးယူခဲ့တယ်လို့ ATM Security ဌာနရှိ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါတယ်။
ဖြစ်စဉ်အရ လက်တင်အမေရိက ဆိုက်ဘာသမားများမှ
တိုက်ခိုက်ခဲ့သည့် "United Overseas Bank, Affin Bank, Al Rajhi Bank, နှင့်
Bank of Islam" အစရှိပြီး အနည်းဆုံး ATM စက် ၁၇ ခုကို တိုက်ခိုက်ခဲ့သည်။
"CCTV (Closed-Circuit
Television)" များ၏ မှတ်တမ်းများအရ တိုက်ခိုက်သူများသည် ATMs စက်တစ်ခုမှ တစ်ခုသို့
ကူးပြောင်းပြီး သံသယရှိသူ ငွေထုတ်သူဟာ လက်တင်အမေရိက ယောကျာ်းများဖြစ်ကာ ၂-၃ ယောက်အထိရှိတယ်လို့
ဖော်ပြခဲ့တယ်။
"Bukit Aman Commercial Crime Investigation
Department" မှ အကြီးတန်းအရာရှိ "Datuk Mortadza Nazarene" ၏ ပြောဆိုချက်များအရ
"သံသယရှိသူတွေဟာ 'ulssm.exe' ဟုခေါ်သော Malware ကို အသုံးပြုခဲ့ပြီး ATM စက်ရဲ့
အပေါ်ဘက်မှာရှိတဲ့ ဗဟိုထိန်းချုပ်သည့် နေရာသို့ သော့မသုံးဘဲ လေဆာဓာတ်ပြားတစ်ခု ထည့်သွင်းပြီး
ATMs System ကို Reboot ကျအောင် လုပ်ခဲ့တယ်" လို့ "Star" သတင်းဌာန သို့
ပြောကြားခဲ့သည်။
"စုံစမ်းစစ်ဆေးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်
ဟက်ကာများမှ အသုံးပြုခဲ့တဲ့ ATM Cards များထဲမှ တစ်ခုကို Recover လုပ်လို့ရအောင် ကြိုးစားနေပါတယ်"
လို့ "Selangor Commercial Crime Investigation Department" မှလည်း ပြောဆိုခဲ့သည်။
- ရဲများက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး သံသယရှိသူများမှာ နိုင်ငံအတွင်း၌ ဆက်လက်ရှိနေဦးမည်ဟု
ယုံကြည်လျက်ရှိသည်။
သတင်းစီစဉ် တင်ဆက်သူ : Zin MoKo (MEHN Team)
ATM စက် ၁၇ လုံးကို Hack ပြီး အမေရိကန် ဒေါ်လာ၁.၂ သန်း ခိုးယူမှု မလေးရှား၌ ဖြစ်ပွား
Reviewed by Myanmar Ethical Hacking News
on
4:00 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
4:00 PM
Rating:

No comments: