Penetration Testing အတွက် “Aerial Assault Drone”
Zawgyi Version
Penetration Testing အတွက် “Aerial Assault Drone”
Unicode Version
Penetration Testing အတှကျ “Aerial Assault Drone”
ပျံသန်းရင်း အချက်အလက်များကို ယူဆောင်ပေးမည့် “Aerial Assault Drone” လို့ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ်ငယ်လေးဟာ Hackers တွေအတွက် Internet Network တွေကို ဖောက်ထွင်းတိုက်ခိုက်တဲ့နေရာမှာ အကူအညီပေးနေမှာပါ။
သင်ဟာ Hacker တစ်ယောက်ဖြစ်ခဲ့မယ် ဒါမှမဟုတ် Internet Network တွေကိုတိုက်ခိုက်လိုစိတ်ပြင်းပြ နေတယ်ဆိုရင် ဒီအသစ်ထွက်ရှိလာတဲ့ မောင်သူမဲ့ လေယာဉ်ငယ်လေးနဲ့ သင်ကြိုးစားနိုင်ပါတယ်။ Aerial Assault Drone ရဲ့တန်ဖိုးကတော့ $2500 ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်နိုင်မှု စွမ်းရည်တွေကတော့ တိုက်ခိုက်မည့် ပစ်မှတ်အပေါ်တွင် ရစ်ဝဲပျံသန်းနေပြီး မိမိတိုက်ခိုက်မည့် Network ၏ အားနည်းချက် အချက်အလက်တွေကိုရှာဖွေပြီး Drone ပ်ိုင်ရှင် (သင့်) ဆီကို သတင်းပြန်လည် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
ဒီမောင်းသူမဲ့လေယာဉ်ငယ်လေးမှာ Respberry Pi တပ်ဆင်ပေးထားပြီး Kali Linux OS ဖြင့်လည်ပတ်ပေးထားပါတယ်။ အထူးသဖြင့် Network များနှင့် Devices များကို Penetration Testing လုပ်ရာတွင် အသုံးပြုရန်အတွက် တီထွင်ဖန်တီးထားခြင်း ဖြစ်သည်။ ပြီးတော့ ဒီလေယာဉ်ငယ်လေးဟာ Network တွေနဲ့ Devices တွေရဲ့ အားနည်းချက်များကို ရှာဖွေပေးမှာဖြစ်ပါတယ်။ ထို့နောက် ရှာဖွေလို့ရတဲ့ အချက်အလက်တွေကို သူ့ထဲမှာပဲသိမ်းထားနိုင်သလို မောင်နှင်သူ(ပိုင်ရှင်)ဆီသို့ပါပြန်လည် ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
David Jordan က Las Vegas မှာပြုလုပ်ခဲ့တဲ့ မောင်သူမဲ့လေယာဉ်ငယ် များနှင့် Hacking ပြုလုပ်ခြင်း အစည်းအဝေးပွဲမှာ ချပြခဲ့တာဖြစ်ပါတယ်။ သူကပြောပါတယ် ဒီမောင်သူမဲ့ လေယာဉ်ငယ်လေးဟာ Penetration testing တွေကိုကောင်မွန်စွာလုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Aerial Assault Drone ကို White Hat Hackers များနှင့် Security Researchers များ လိုချင်သည့် ပုံစံဖြစ်သည့် Open Source နည်းပညာဖြင့် ပြုလုပ်တည်ဆောက်ထားပါတယ်။ Aerial Assault Drone တွင် GPS နည်းပညာကို အသုံးပြုထားပါတယ်။ Aerial Assault Drone ကို အသုံးပြုပြီး Penetration Testing လုပ်ဆောင်ဖို့အတွက် Security Professional တွေစိုင်းပြင်းနေကြပြီဖြစ်ပါတယ်။
28-9-2015
ဆောင်းပါးရှင် : Thomas Linn (MEHN Team)
Penetration Testing အတွက် “Aerial Assault Drone”
Reviewed by Mr.Thein
on
9:14 AM
Rating:
Reviewed by Mr.Thein
on
9:14 AM
Rating:
No comments: