Anonymous Hacker အဖွဲ့မှ ထိုင်းနိုင်ငံရှိ Telecommunications Wesbite ကို တိုက်ခိုက်ပြီး အချက်အလက်တချို့ ဖောက်ထွင်းမှူ့ ဖြစ်ပွားခဲ့ပါတယ်။
Hacktivist ဟုခေါ်သော Anonymous
Hacker အဖွဲ့မှ ထိုင်းအစိုးရအပေါ်ကို Cyber War ကြေငြာခဲ့ပါတယ်။ Hacker အမျိုးအစားပေါင်း
အများကြီးရှိပါတယ်။ ၎င်း တို့အထဲမှ Hacktivisist ဆိုတာကတော့ အစိုးရအဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများကို
မကျေနပ်၍သော်လည်းကောင်း မကြိုက်၍သော်လည်းကောင်း ဖြစ်ပေါ်လာသော Hacker အမျိုးအစားကို
Hacktivist လို့ ခေါ်ပါတယ်။
Anonymous Hacker အဖွဲ့ရဲ့ အဓိကပစ်မှတ်မှာ
CAT Telecom Pcl ဖြစ်ပြီး ၀န်ကြီးချူပ် Prayut Chan-o-cha ၏ ကတ်ဘိနက်အဖွဲ့ဝင်များ ထိန်းချူပ်ထားသော
Gateaway Server များကိုဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် သောကြာနေ့တွင် Anonymous Hacker
Group ၏ Twitter အကောင့်တွင် ထောင်ပေါင်းများစွာသော CAT အဖွဲ့ဝင်များ၏ Account ,
Logins , Passwords and Personals ID များကို ရရှိထားပြီး အစိုးရအဖွဲ့ဝင်များတောင်
ပါဝင်တယ်လို့ ရေးသား ဖော်ပြထားပါတယ်။
CAT Website ဖြစ်သော cattelecom.com သည်
ပြီးခဲ့သည့် ကြာသပတေး နေ့တွင် ခဏတာ Offline ဖြစ်သွားခဲ့ပြီး။ သောကြာနေ့မနက်တွင်မှ ပြန်လည်
Online ဖြစ်လာခဲ့ပါတယ်။ အကြီးမားဆုံး ခိုးယူမှူ့မှာ ထိုင်းအစိုးရ၏ Single Gateway
Plan ဖြစ်သည်။
@anonymousasia and @latestanonnews စသည့်
အကောင့်များဖြင့် Twitter ပေါ်တွင် ရေးသားဖော်ပြခဲ့ကြခြင်း ဖြစ်သည်။
ထိုင်းအစိုးရ၏ Single Gateway Plan မှာ
Gateway တိုင်းကို စောင့်ကြည့်စေပြီး အမိန့်မနာခံသူမှန်သမျှကို ဖမ်းဆီးရန်အတွက် ဖြစ်သည်။
Anonymous Hacker Group သည် ထိုင်းအစိုးရ၏ Single Gateway Plan ဖြင့် အင်တာနက်ဆိုင်ရာ
စောင့်ကြည့် ထိန်းချူပ်မည့် အစီအစဉ်ကို ကန့်ကွက်သောအားဖြင့် ထိုင်းအစိုးရအပေါ် ပစ်မှတ်ထား
တိုက်ခိုက်ခြင်း ဖြစ်သည်။ @anonymousasia and @latestanonnews စသည့် Twitter အကောင့်များတွင်
##OpSingleGateway အမည်ဖြင့် စစ်ဆင်ရေးတရပ်ဆင်နွှဲမည် ဖြစ်ကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။
Single Gateway Plan သည် လွတ်လပ်စွာ ပြောဆိုခွင့်ကို
ထိန်းချူပ်ထားရုံသာမက အင်တာနက်နှေးကွေးခြင်း နှင့် စရိတ်စက ပိုမိုကုန်ကျခြင်း စသည့်
အပြစ်များပါဝင်ပါတယ်။
ဝန်ကြီးချူပ် Prayut Chan-o-cha မှ
Information and Communication Technology (ICT) ၀န်ကြီးဌာနနှင့် အစိုးရဌာနဆိုင်ရာ
Website များကို လုံခြုံရေး တိုးမြင့်ရန် ညွှန်ကြားထားပြီး ဖြစ်တယ် လို့ ထိုင်းနိုင်ငံ
ဝန်ကြီးတစ်ဦးဖြစ်သော Uttama Savanyana ၏ Twitter စာမျက်နှာတွင် ရေးသား ဖော်ပြခဲ့ပါသည်။
2-11-2015
သတင်းစီစဉ်တင်ဆက်သူ : ကိုရီချင် (MEHN Team)
Anonymous Hacker အဖွဲ့မှ ထိုင်းနိုင်ငံရှိ Telecommunications Wesbite ကို တိုက်ခိုက်ပြီး အချက်အလက်တချို့ ဖောက်ထွင်းမှူ့ ဖြစ်ပွားခဲ့ပါတယ်။
Reviewed by Myanmar Ethical Hacking News
on
11:12 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
11:12 AM
Rating:

No comments: