15 Million T-Mobile အသုံးပြုသူများရဲ့ အချက်အလက်များကို အခိုးခံခဲ့ရတယ်လို့ T-Mobile CEO မှ အတည်ပြုပြောကြား ခဲ့ပါတယ်
T-Mobile CEO ဖြစ်သော John Legere သည်
T-Mobile အသုံးပြုသူတွေရဲ့ အချက်အလက်တွေ အခိုးခံခဲ့ရတယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။
John Legere သည် အခိုးခံရခြင်းကို မကြာသေးခင်ကမှ သတိပြုမိခဲ့ပြီး T-Mobile အသုံးပြုသူတွေရဲ့
Personal အချက်အလက်ပေါင်း ၁၅ မီလီယံ နီးပါး အခိုးခံခဲ့ရတယ်လို့ ပြောကြားလိုက်ခြင်း
ဖြစ်ပါတယ်။
အခိုးခံရတဲ့အချက်အလက်တွေထဲမှာ အသုံးပြုသူများရဲ့
အရေးကြီးသော အချက်အလက်များဖြစ်တဲ့ အမည် ၊ လိပ်စာ ၊ မွေးသက္ကရာဇ် ၊ Social Security
Number စတဲ့အချက်အလက်ပေါင်း မြောက်များစွာပါဝင်ပါတယ်။ John Legere ရဲ့ အတည်ပြုချက်အရ
အဆိုပါ အချက်အလက်များ သိမ်းဆည်းထားသော ကာလကတော့ စက်တင်ဘာလ ၁ ရက် ၂၀၁၃ ခုနှစ်မှ စက်တင်ဘာလ
၁၆ ရက်နေ့ ၂၀၁၅ ခုနှစ် အထိဖြစ်တယ်လို့ ပြောကြားထားပါတယ်။
တိုက်ခိုက်ခံရပြီး မကြာခင်မှာဘဲ John
Legere ကသူတို့ရဲ့ အားနည်းချက်များကို ပြုပြင်နိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။
T-Mobile အသုံးပြုသူများရဲ့ အချက်အလက်တွေ အတွက် သေချာ စံနစ်ကျသော ပိုမိုကောင်းမွန်သော
လုံခြုံရေးစံနစ်များ ထည့်သွင်းသွားမည်ဖြစ်သည်။ John Legere က T-Mobile အသုံးပြုသူများထံသို့
“အခုလိုဖြစ်ခဲ့ခြင်းအတွက် စိတ်မကောင်းပါကြောင်းနှင့် နောက်တွင် မဖြစ်ပေါ်စေရန် အထူးလေးထား
ဂရုပြုသွားမည်ဖြစ်ကြောင်း ” စာတစ်စောင် ရေးသားခဲ့ပါတယ်။
အသုံးပြုသူများ အကြောင်းအမျိုးမျိုးကြောင့်
Hack လုပ်ခံရခြင်း သို့မဟုတ် အခြားသော နည်းလမ်းများဖြင့် တိုက်ခိုက်ခံရပါက ချက်ချက်း
အကြောင်းကြားနိုင်မည့် Function များ Customer Supports များ ထည့်သွင်းသွားမည်ဟု
John Legere ကပြောကြားခဲ့ပါတယ်။
သတင်းစီစဉ် တင်ဆက်သူ : ကိုရီချင် (MEHN
Team)
15 Million T-Mobile အသုံးပြုသူများရဲ့ အချက်အလက်များကို အခိုးခံခဲ့ရတယ်လို့ T-Mobile CEO မှ အတည်ပြုပြောကြား ခဲ့ပါတယ်
Reviewed by Myanmar Ethical Hacking News
on
4:03 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
4:03 PM
Rating:

No comments: