ကွန်ပြူတာများတွင် ဖြစ်လေ့ဖြစ်ထရှိသော အပြာရောင် Blue Screen ဖြစ်ပွားရခြင်း အကြောင်းရင်း



ကွန်ပြူတာ အသုံးပြုသူ အတော်များများ ကြုံတွေ့ဖူးကြမယ်ထင်ပါတယ်။ သုံးနေရင်းနဲ့ ရုတ်တရက် ကွန်ပြူတာ မှာ Blue Screen ကြီးတက်လာပြီး ဘာမှ ဆက်လုပ်လို့မရတော့အောင် ဖြစ်ဘူးကြမယ် ထင်ပါတယ်။ ထို Error က ဖြစ်လေ့ဖြစ်ထ ရှိတဲ့ Error မျိုးပါ။ ဘာကြောင့် ဖြစ်ရတယ် ဆိုတာ ရှင်းလင်း ဖော်ပြပေးသွားပါမယ်။

Blue Screen of Death တနည်းအားဖြင့် BSOD လို့ အတိုကောက်ခေါ်ကြပါတယ်။ Blue Screen Error ဖြစ်နေပြီဆိုလျှင် ကွန်ပြူတာတွင် Hardware or Software တစ်ခုခုချို့ယွင်းနေသောကြောင့် Blue Screen Error တက်လာခြင်းဖြစ်သည်။ ဒီနေရာမှာ Hardware ကြောင့်ချည်းဖြစ်သည် Software ကြောင့်ချည်းဖြစ်သည် စသည်ဖြင့် ပုံသေမယူဆနိုင်ပေ။

BSOD အကြောင်းကို Google တွင် ရှာကြည့်မယ်ဆိုရင် Microsoft ex-CEO Steve Ballmer ၏ ရှင်းလင်း ဖော်ပြချက်ကို တွေ့ရမည် ဖြစ်သည်။ သို့သော် ဖော်ပြချက်တွေက မမှန်ကန်ဘူးလို့ Google က သံသယရှိခဲ့ပြီး ဒီအကြောင်းတွေကို ကမ္ဘာ့နည်းပညာ ထိပ်တန်း ဂျာနယ်တွေဖြစ်တဲ့ The Verge , Engadget , Business Insider , Daily Tech တို့တွင် စက်တင်ဘာလ ၄ ရက်နေ့ ၂၀၁၄ ခုနှစ်မှာ ဖော်ပြခဲ့ကြပါတယ်။


BSOD ဖြစ်ပွားရခြစ်၏ မူလဇစ်မြစ်မှာ Task Manager ကို Window NT 3.1 တွင် ထည့်သွင်းခြင်းမှ အစပြုခဲ့ပါသည်။ Raymond Chan သည် “Who wrote the text for Ctrl+Alt+Delete in Window 3.1” ဟူသော အမည်ဖြင့် စာတမ်းတစ်စောင် ရေးသားခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့ ၂၀၁၄ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။

BSOD ပြဿနာသည် Window NT 3.1 မှ အစပြုခဲ့တယ်လို့ Raymond Chan က သူ၏ စာတမ်းတွင် ဖော်ပြထားပါတယ်။ ကွန်ပြူတာ အသုံးပြုသူများသည် Task Manager ကို ခေါ်လိုက်သောအခါ Window System သည် Crash ရှူပ်ထွေးသွားပြီး မည်သည့်ကို ဖော်ပြရမှန်းမသိဖြစ်ကာ BSOD ပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အထူးသဖြင့် Window 9x Series တွင် ပိုအဖြစ်များပါသည်။

Software များကို Administrator Level တွင် Install လုပ်လိုက်သည့်အခါ Software and Hardware သည် ကောင်းမွန်စွာ ချိတ်ဆက်အလုပ်လုပ်နိုင်ရန်အတွက် Window System သည် ကွန်ပြူတာအသုံးပြုသူအား Restart လုပ်ရန် Force ပေးလေ့ရှိသည်။ သို့သော် တခါတရံတွင် Software and Hardware သည် ကောင်းမွန်စွာ မချိတ်ဆက်နိုင်ဘဲ နားလည်မှူ့လွဲကာ BSOD ပြဿနာပေါ်လာတတ်ပါတယ်။

Window System ရှိ Minidump File ထဲတွင် BSOD နှင့် ပတ်သက်သော System Files များပါဝင်ပါတယ်။ BSOD Error ဖြစ်ပွားချိန်တွင် Window System သည် ထို File ထဲတွင်ရှိသော အချက်အလက်များကို ထုတ်ယူပြီး Screen တွင် ဖော်ပြခြင်း ဖြစ်သည်။

BSOD ဖြစ်ပွားရသောအကြောင်းရင်းများစွာ ရှိပါတယ်။

Malware : BSOD သည် Malware များကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။ Malware များသည် Window System ကို Crash ရှူပ်ထွေးမှူ့ဖြစ်သွားအောင် တိုက်ခိုက်နိုင်ပါတယ်။ ထို့ကြောင့် Malware များကို အမြဲတစ်စေ စစ်ဆေးပြီး ဖယ်ရှား နေရမည် ဖြစ်သည်။

Update The Drivers : Window System နှင့် လိုက်လျှောညီထွေမှူ့ ရရှိစေရန် Drivers များကို Update လုပ်ထားသင့်ပါတယ်။ Window System တိုင်းတွင် ကိုက်ညီမည့် Drivers Software များသည် အမြဲတစ်စေ အသစ် အသစ်များ ထွက်ရှိပေါ် လျှက်ရှိပါတယ်။ ထို Driver Software အသစ်များဖြင့် Window System ကို အမြဲမပြတ် ပြုပြင်သင့်ပါတယ်။

Boot To Safe Mode : တကယ်လို့ Drivers Error ကြောင့် BSOD Error ဖြစ်ပွားလာပါက Widow System သို့တိုက်ရိုက်မ၀င်ဘဲ Safe Mode မှတဆင့် ၀င်ရောက်ပြီး Error များကို ရှာဖွေ ပြင်ဆင်ပြီးမှသာလျှက် Window System ကို ပြန်လည် အသုံးပြုသင့်ပါတယ်။

Use System Restore : Window System ကို အမြဲ Restore လုပ်ထားသင့်ပါတယ်။ အားနည်းချက်ကတော့ Restore လုပ်ရန်အတွက် Hard Disk နေရပေးရခြင်း ဖြစ်ပြီး အားသာချက်ကတော့ Window System Error တစ်ခုခု ဖြစ်ပွားပါ။ System Restore ဖြင့် မူလအခြေအနေကို ပြန်လည်ရယူနိုင်ပါတယ်။

Hardware Check : Hardware များကို အမြဲတစ်စေ စစ်ဆေးသင့်ပါတယ်။ Hardware များကို စစ်ဆေးရန်အတွက် Window System တွင် Check Mode ပါဝင်ပါတယ်။ ၎င်း Check Mode ဖြင့် စစ်ဆေးနိုင်ပါတယ်။

Reinstall Window : တကယ်လို့ BSOD Error သည် ခဏခဏ ဖြစ်ပေါ်နေတယ်ဆိုရင်တော့ Window System ကို အသစ်ပြန်လည် Installation လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။

BSOD Error သည် ဖြစ်လေ့ဖြစ်ထရှိသော Error ဖြစ်သည်။ Error ဖြစ်လာသည့်အခါ အထူးထိန့်လန့်စရာမလိုပေ ဖြေရှင်းနည်းများကို အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ မလုပ်တတ်ပါက ကျွှမ်းကျင်သော နည်းပညာရှင်များ၏ အကူအညီကို ရယူပါ။

9-11-2015
ဗဟုသုတ မျှဝေသူ : ကိုရီချင် (MEHN Team)
ကွန်ပြူတာများတွင် ဖြစ်လေ့ဖြစ်ထရှိသော အပြာရောင် Blue Screen ဖြစ်ပွားရခြင်း အကြောင်းရင်း ကွန်ပြူတာများတွင် ဖြစ်လေ့ဖြစ်ထရှိသော အပြာရောင် Blue Screen ဖြစ်ပွားရခြင်း အကြောင်းရင်း Reviewed by Myanmar Ethical Hacking News on 8:41 PM Rating: 5

No comments:

MEHN Team. Powered by Blogger.