ATM Malware များဖြင့်တိုက်ခိုက်ခြင်း
Hacker များ၏ ဦးတည်ချက်သည် တိုက်ခိုက်ရာတွင်
အမြတ်အစွန်းများစွာ ရရှိနိုင်ရန်ဖြစ်သည်။ အခြား ပုဂ္ဂိုလ်ရေးမကျေနပ်မှူ့များကြောင့်
တိုက်ခိုက်သည်များလည်းရှိသည်။ သို့သော် တိုက်ခိုက်ခြင်း၏ အဓိကအကြောင်းရင်းမှာ အမြတ်စွန်းများစွာ
ရရှိရန်ဖြစ်သည်။ ထို့ကြောင့် Hacker များသည် Bank Network , Company , Shopping
Website and ATM စသည်တို့ကို အဓိကထား တိုက်ခိုက်တတ်ကြပါသည်။
တိုက်ခိုက်သည့် နည်းလမ်းများစွာရှိပါသည်။
ATM စက်များကို တိုက်ခိုက်ရာတွင် အများဆုံးအသုံးပြုသည့် နည်းမှာ Malware များကို အသုံးပြုပြီး
တိုက်ခိုက်ခြင်း ဖြစ်သည်။ Mexico ရှိ Security Researchers များသည် ATM စက်များကို
တိုက်ခိုက်နိုင်သည့် Malware တစ်မျိုးကို တွေ့ရှိခဲ့သည်။ ထို Malware သည် ငွေရေးကြေးရေးဆိုင်ရာ
ရေတွက်မှူ့များကို ထိန်းချူပ်နိုင်ပြီး မိမိ ထည့်သွင်းထားသည်ထက် ပိုမို ထုတ်ယှူနိုင်ရန်
ဖန်တီးထားခြင်း ဖြစ်သည်။
လုံခြုံရေးဆိုင်ရာ နည်းပညာရှင်များ၏ တင်ပြချက်ထဲတွင်
Malware သည် ATM စက်ပျက်နေသည်ဟူသော “We regret this ATM is temporary of service”
Message အတုကို ဖန်တီးပေးမည် ဖြစ်သည်။ ATM စက်များကို တိုက်ခိုက်မှူ့ဖြစ်စဉ်မှာ
Mexico နိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော်လည်း အလားတူ ဖြစ်စဉ်မျိုးသည် ကမ္ဘာတစ်ဝှမ်းတွင်
ဖြစ်ပွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ATM စက်များ တိုက်ခိုက်ရာတွင် အသုံးပြုသည့်
GreenDispenser Malware သည် Hacker များကို နောက်ယောင်ခံလိုင်နိုင်မည့် အချက်အလက်များကိုပါ
တစ်ခါတည်း ဖျက်စီးပစ်နိုင်ပါတယ်။ အဆိုပါ Malware သည် ATM စက်ကို Message အတု တက်အောက်
ပြုလုပ်ပြီး Message အတု ဖော်ပြနေစဉ်အချိန်အတွင်း ATM စက်ထဲရှိ ပိုက်ဆံများကို အကုန်ထုတ်ယူနိုင်ပါတယ်။
GreenDispenser Malware သည် Pin Code များကို ကျော်ဖြတ်နိုင်ပါတယ်။
ခြိမ်းခြောက်မှူ့များ တားဆီးနှိမ်နင်းရေးဆိုင်ရာ
ဌာန၏ အကြီးအကဲဖြစ်သူ Kevin Epstein မှ “GreenDispenser Malware ကဲ့သို့သော Malware
များသည် အလွန်ပင် ထိခိုက်မှူ့ပြင်းထန်ပြီး အထူးပင်စိုးရိမ်ဖွယ်ဖြစ်ပါတယ် ၎င်း Malware
တွေသည် စီးပွားရေးလုပ်ငန်းများကို အဓိကထား တိုက်ခိုက်နိုင်ပါတယ် အလွယ်တကူအသုံးပြုနိုင်ပြီး
အချက်အလက်များကိုလည်း Attacker များထံသို့ပေးပို့နိုင်ပါတယ် ဒါကြောင့် Malware များ၏
ရန်ကို အချိန်ပြည့် စောင့်ကြည့်ရမှာ ဖြစ်တယ်” လို့ပြောကြားခဲ့ပါတယ်။
အခုနှောင်းပိုင်းမှာ Malware ပေါင်း မြောက်များစွာ
ပေါ်ထွက်လာခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ATM စက်များအတွက် စွန့်စားခန်းတစ်ရပ်လို
ဖြစ်လာခဲ့ပါတယ်။ ATM စက်များကို တိုက်ခိုက်ခံရမှူ့မှ ကာကွယ်ရန်အတွက် လုံခြုံရေးသတိ
အမြဲရှိနေပြီး လုံခြုံရေးဆိုင်ရာ နည်းပညာများဖြင့် အမြဲတစေ Up To Date လုပ်နေရမှာ ဖြစ်ပါတယ်လို့
နည်းပညာကျွှမ်းကျင်သူများက ထောက်ပြထားပါတယ်
2-11-2015
သတင်းစီစဉ်တင်ဆက်သူ : ကိုရီချင် (MEHN Team)
ATM Malware များဖြင့်တိုက်ခိုက်ခြင်း
Reviewed by Myanmar Ethical Hacking News
on
1:16 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
1:16 PM
Rating:

No comments: