Hacker များမှ United Kingdom အခြေစိုက် Talk Talk ကုမ္ပဏီကို တိုက်ခိုက်ပြီး 4 Million ပမာဏရှိသော Credit Card အချက်အလက်များ ခိုယူးခံရခြင်း
Talk
Talk အမည်ရှိ United Kingdom အခြေစိုက် ဖုန်း နှင့် Internet Service Provider ကုမ္ပဏီကြီးတစ်ခုက
Customer ၄ သန်းကျော်၏ အချက်အလက်တွေကို ခိုးယူခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က
ကြေငြာခဲ့ပါတယ်။
Hacker
များသည် Talk Talk ကုမ္ပဏီကို တိုက်ခိုက်ပြီး Customer များ၏ သတင်းအချက်အလက် ပေါင်း
၎ သန်းကျော် ကို ခိုးယူခဲ့ပါတယ်။ ထို တိုက်ခိုက်မှူ့မှာ Customer များ၏ ကိုယ်ရေးအချက်အလက်များ
၊ ID များ ၊ ဘဏ်အချက်အလက်များ ပါဝင်ပြီး ကုမ္ပဏီ ၏ အဓိက ကျသော အချက်အလက်များပါ ခိုးယူခံခဲ့ရတယ်လို့
ဖွင့်ဟ ၀င်ခံခဲ့ပါတယ်။
ဖေဖော်ဝါရီလထဲမှာပဲ
Talk Talk ကုမ္ပဏီသည် ပထမအကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ထို တိုက်ခိုက်မှူ့မှာလည်း
Customer ၏ အချက်အလက်များ နှင့် ငွေပမာဏ မြောက်များစွာ ခိုးယူခံခဲ့ရပါသေးတယ်။
ကုမ္ပဏီ၏
ထုတ်ဖော်ပြောဆိုချက်အရ Customer ၄ မီလိယံ၏ အချက်အလက်တွေကို ခိုးယူခြင်း ခံခဲ့ရပါတယ်
ဒါပေမယ့် မည်သည့် အချက်အလက်တွေကို ခိုးယူခံခဲ့ရတယ်ဆိုတာကို တိတိကျကျ ပြောဆိုရန်ခက်ခဲပါတယ်။
Hacker သည် Server ကို Remote Access လုပ်ပြီး ထိုးဖောက်သွားတာပါ။ ဖြစ်နိုင်ခြေအများဆုံး
Hacker ခိုးယူခဲ့သော အချက်အလက်များမှာ
·
Credit
Card Details and/ or Bank Details
·
နာမည်
အပြည့်အစုံ
·
စာတိုက်သေတ္တာအမှတ်
·
မွေူနေ့
·
Email
Addresses
·
Telephone
Numbers
·
Talk
Talk Account အချက်အလက်တွေပဲဖြစ်ပါတယ်။
ကုမ္ပဏီမှ Customer Data တွေကို Encrypted မလုပ်ထားလို့
Hacker တွေအနေနဲ့ ထိုးဖောက်ဝင်ရောက်ပြီး အချက်အလက်များကို ခိုးယူသွားနိုင်ခဲ့ခြင်း
ဖြစ်ပါတယ်လို့ ကြေငြာချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။ Metropolitan Cyber Crime
Unit အဖွဲ့မှ တိုက်ခိုက်မှု့နှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှူ့တွေ လုပ်ဆောင်နေပြီ
ဖြစ်ပါတယ်။
Hacker
များသည် Cyber Attack ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နည်းပညာရှင်များသည်
ပုံမှန်မဟုတ်သော လှုပ်ရှားမှူ့များကို စတင်သတိထားမိချိန်မှ စတင်ပြီး Website တစ်ခုလုံးကို
ခဏတာ ပိတ်ထားပြီး "Sorry
we are currently facing technical issues, [and] our engineers are working hard
to fix it. We apologize for any inconvenience this may cause" စာတမ်းကို
သာ ဖော်ပြထားပါတယ်။
Talk
Talk ကုမ္ပဏီရှိ နည်းပညာ ကျွှမ်းကျင်သူတွေဟာ သူတို့၏ Customer Data တွေကို ကာကွယ်ဖို့အတွက်
ကြိုးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
BBC ကထုတ်ပြန်တဲ့
သတင်းထဲမှာတော့ Talk Talk Website ဟာ Distributed Denial of Service Attack (DDoS)
နည်းလမ်းဖြင့် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ DDoS Attack နည်းလမ်း တစ်ခုတည်းဖြင့်
Server ကို မထိန်းချူန်နိုင်ပါဘူးလို့ ကျွှမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။
Talk
Talk ကုမ္ပဏီ မှ ပြောရေးဆိုခွင့်ရှိသူမှ “Customers များအားလုံး Password များကို ပြောင်းလဲထားရန်နှင့်
မိမိတို့၏ ဘဏ်ထဲတွင်ရှိသော ငွေကြေးဆိုင်ရာ ကိစ္စရပ်များနှင့် ပက်သတ်ပြီး အမြဲမပြတ် စောင့်ကြည့်နေကြပါရန်”
တိုက်တွန်းထားပါတယ်။
တကယ်လို့
သင့်ဆီကို ပုံမှန်မဟုတ်သော Messages များ ဘဏ်အကောင့်နှင့်
ပတ်သက်သော Messages များ ရောက်ရှိလာပါက နီးစပ်ရာဘဏ်များသို့ ချက်ချင်းအကြောင်းကြားပြီး
လိုအပ်သည်များကို ချက်ချင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားပါတယ်။
အတုအယောင်
Phishing Emails များကို သတိထားရန်နှင့် Phishing Emails များကို သေချာစံနစ်တကျစီစစ်ကြရန်
တိုက်တွန်းချက်ထဲတွင် ထည့်သွင်းဖော်ပြထားပါတယ်။ Phishing Emails များသည် ဒုတိယအဆင့်
တိုက်ခိုက်မှူ့များအတွက် ပထမခြေလှမ်းဖြစ်ပါတယ်လို့ ကျွှမ်းကျင်သူများက ဆိုထားပါတယ်။
4-11-2015
သတင်းစီစဉ်
တင်ဆက်သူ : Thomas Linn (MEHN Team)
Hacker များမှ United Kingdom အခြေစိုက် Talk Talk ကုမ္ပဏီကို တိုက်ခိုက်ပြီး 4 Million ပမာဏရှိသော Credit Card အချက်အလက်များ ခိုယူးခံရခြင်း
Reviewed by Myanmar Ethical Hacking News
on
9:53 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
9:53 AM
Rating:

No comments: