အင်တာနက် မြေအောက်ကမ္ဘာရဲ့ မှောင်ခိုဈေးကွက် သို့မဟုတ် Dark Web


၆၀၀,၀၀၀ ခန့်ပမာဏရှိသော Personal Details အချက်အလက်များကို အင်တာနက်လောကရဲ့ မြေအောက်ကမ္ဘာဖြစ်သော Dark Web မှာ အရောင်းအ၀ယ် လုပ်ဆောင်နေကြပါတယ်။ အခုရောင်းဝယ်နေတဲ့ အချက်အလက်တွေသည် ၂၀၁၄ ခုနှစ် ဖောက်ထွင်းမှူ့များတွင် ရရှိထားသော အချက်အလက်များကို ရောင်းဝယ်နေခြင်း ဖြစ်တယ်လို့ United Kingdom ၏ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦးမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Symantec ဆိုက်ဘာလုံခြုံရေးအဖွဲ့မှ ဖော်ပြချက်ကို UK အစိုးရမှ အတည်ပြု ထုတ်ပြန်ခြင်းဖြစ်သည်။ Symantec ဆိုင်ဘာလုံခြုံရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ၂၀၁၄ ခုနှစ်အတွင်း ခိုးယူထားသော Personal ဆိုင်ရာ အချက်အလက်များကို အင်တာနက် မြေအောက်ကမ္ဘာမှာ အရောင်းအ၀ယ် ဖြစ်နေပါတယ်။ တစ်ခုချင်းစီအတွက် ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ 30$ပါ။ ပါဝင်သောအချက်အလက်များကတော့ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ တိုက်ခိုက်နိုင်လောက်အောင် လုံလောက်သော အကြောင်းအရာများ ဘဏ်အကောင့်များကို တိုက်ခိုက်ရန် လုံလောက်သော အချက်အလက်များ ပါဝင်ပါတယ်။


Symantec ဆိုက်ဘာလုံခြုံရေးအဖွဲ့၏ ဖော်ပြချက်ထဲတွင် အရောင်းအ၀ယ်ဖြစ်နေသော Personal အချက်အလက်များထဲတွင် အစိုးရမှ ထိန်းချူ့ပ်ထားသော Server များထဲသို့ ဖောက်ဝင်ပြီး ရရှိထားသော အစိုးရအရာရှိကြီးများ၏ အချက်အလက်များတောင် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

Dark Web သည် ဆိုင်ဘာလောကတွင် ဒုစရိုက်လုပ်ငန်းများ လှုပ်ရှားရာ ရောင်းဝယ်ဖောက်ကားရာ နေရာတစ်ခုအဖြစ် ရပ်တည်လျှက်ရှိပါသည်။ Dark Web များသို့ ၀င်ရောက်ရန်အတွက် Anonymous Browser ဖြစ်သော Tor Browser များကဲ့သို့သော Browser များကို အသုံးပြုပြီး ၀င်ရောက်နိုင်မည် ဖြစ်သည်။ Dark Web ရှိ Websites များသည် သာမန် Browser များမှ ရှာဖွေမတွေ့နိုင်စေရန် ဖုံးကွယ်ထားခြင်း ဖြစ်သည်။ Dark Web ထဲတွင် ဒုစရိုက်လုပ်ငန်းပေါင်းစုံရှိပါတယ်။ လက်နက်အရောင်းအ၀ယ် မူးယစ်ဆေးဝါးအရောင်းအ၀ယ် တရားမ၀င် ငွေကြေးစီးဆင်းခြင်းဆိုင်ရာ လုပ်ငန်းများ အစိုးရနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ နိုင်ငံရေး အစွန်းရောက်အဖွဲ့အစည်းများ ဘာသာရေး အစွန်းရောက်အဖွဲ့အစည်းများ စသည်ဖြင့် ဒုစရိုက်မြို့တော်ကြီးအလား လုပ်ငန်းပေါင်းများစွာရှိပါတယ်။

“ဆိုင်ဘာလုံခြုံရေးနှင့် အမျိုးသားလုပ်ငန်းများ စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် စတာလင်ပေါင် ၈၆၀ မီလီယံ မြှူ့ပ်နှံ့ထားပါတယ်” လို့ UK အစိုးရ၏ ပြေားရေးဆိုခွင့်ရှိသူမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ထို့အပြင် “စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့၏လုပ်ငန်းများကို ဆိုက်ဘာတိုက်ခိုက်မှူ့များ မခံရစေရန် မျက်ခြေမပြတ် စောင့်ကြည့်ရန် စွမ်းဆောင်ရည် မြှင့်မားသော နည်းပညာများကို အသုံးပြုရန် ကျွှမ်းကျင်သော နည်းပညာရှင်များနှင့် အမြဲမပြတ် တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်များရယူရန် အမြဲစစ်ဆေးနေရန်” အကြံပြုထားပါတယ်။


5-11-2015
သတင်းစီစဉ် တင်ဆက်သူ : ပိုင်လင် (MEHN Team)
အင်တာနက် မြေအောက်ကမ္ဘာရဲ့ မှောင်ခိုဈေးကွက် သို့မဟုတ် Dark Web အင်တာနက် မြေအောက်ကမ္ဘာရဲ့ မှောင်ခိုဈေးကွက် သို့မဟုတ် Dark Web Reviewed by Myanmar Ethical Hacking News on 5:32 PM Rating: 5

1 comment:

  1. If you just want to look around at the darknet, you can use tor2web-proxys like onion.cab or onion.to instead of installing the tor-browser at your pc
    Regards
    Crazyask deepwebsiteslinks.com the DarkWeb Howmate

    ReplyDelete

MEHN Team. Powered by Blogger.