ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁၆,၀၀၀ အား ပယ်ဖျက်ရန်အလိုဌာ Hacker တစ်ယောက်ကို ဌားရမ်းခြင်း



သင့်ရဲ့ ရာဇဝတ်ပြစ်မှုအချို့ကို ဟက်ကာတစ်ယောက် ဌားရမ်းပြီး ဖြေရှင်းခိုင်းသောအခါ ဘာတွေအဆိုးဆုံး ဖြစ်လာနိုင်သလဲ?

စာဖတ်သူဟာ ဒီစာအဆုံးထိဖတ်ပြီးရင် သိလာနိုင်မှာပါ။ Craigslist မြို့ဟာ ထူးခြားလုပ်ငန်းများ လုပ်ဆောင်ရန် လူများအားဌားရမ်းခြင်း၊ Housing နှင့် အခြားဝန်ဆောင်မှုများ အစရှိတဲ့ လုပ်ငန်းဆိုင်ရာ ကြေညာချက်များဖြင့် ကျော်ကြားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Lancaster မှာ အမြဲတမ်းနေထိုင်တဲ့ Zachary Landis ဟာ 'Craigslist' မှ ဟက်ကာတစ်ယောက်အားဌားရန် ဆုံဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ DUI ပြစ်မှုနှစ်ခုနှင့် များစွာသော ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကြောင့် Lancaster တရားရုံးသို့ အမေရိကန်ဒေါ်လာ ၁၆,၀၀၀ ဒဏ်တပ်ခံရလို့ဖြစ်တယ်။


ဒီကြီးမားတဲ့ ဒဏ်ကြေးဟာ သူ့ကို ဟက်ကာတစ်ယောက်ဌားရမ်းပြီး တရားရုံးက ဒဏ်တပ်ထားတဲ့ မှတ်တမ်းကို ဖျက်ပစ်ဖို့အတွက် လှုံဆော်ခဲ့ပါတယ်။ ဟက်ကာတစ်ယောက်ကို စုံထောက်တစ်ယောက်ကဲ့သို့ လုပ်ဆောင်နိုင်ရန် သူမျှော်လင့်ခဲ့ပါတယ်။ ဒါကြောင့် Zachary Landis ဟာ သူဌားရမ်းလိုက်တဲ့ ဟက်ကာကို ငွေပေးမချေမီ သူရဲ့ Skill ကို စမ်းသပ်တဲ့အနေနဲ့ ထိုဟက်ကာဆီ အီးမေးလ်ပို့ပြီး သူ့ရဲ့ပြစ်မှုဟောင်းမှတ်တမ်း ID ကို မေးခဲ့တယ်။ ဒါပေမယ့် Zachary Landis ရဲ့ အစီအစဉ် အထမမြောက်မီမှာပဲ ရဲများမှသူ့ရဲ့ ID နံပါတ်နှင့် Contact များကို ခြေရာခံ လိုက်နိုင်ခဲ့ပါတယ်။

Public Records များအား တရားမဝင် ကျူးကျော်တိုက်ခိုက်ခြင်းနှင့် Cyber Law အရပါ ပြစ်မှုထင်ရှားသဖြင့် ထိုရာဇဝတ်ပြစ်မှုကြီးများ အတွက် သူဟာ တရာရုံးမှာ အသနားခံခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့အပတ်မှာ ထောင်ဒဏ်၂နှစ်ပြစ်ဒဏ် ကျခဲ့ပါတယ်။ သူ့ရဲ့ ဒဏ်ကြေး ဒေါ်လာ ၁၆,၀၀၀ အပါအဝင်ပေါ့။

13.Nov 2015
သတင်းစီစဉ် တင်ဆက်သူ : Zin Moko (MEHN Team)
ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁၆,၀၀၀ အား ပယ်ဖျက်ရန်အလိုဌာ Hacker တစ်ယောက်ကို ဌားရမ်းခြင်း ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁၆,၀၀၀ အား ပယ်ဖျက်ရန်အလိုဌာ Hacker တစ်ယောက်ကို ဌားရမ်းခြင်း Reviewed by Myanmar Ethical Hacking News on 6:38 PM Rating: 5

1 comment:

MEHN Team. Powered by Blogger.