#OpParis အမည်ခံ Anonymous အဖွဲ့မှ ISIS အဖွဲ့ရဲ့ Twitter အကောင့် 5,500 ကျော်အား ဖြုတ်ချခဲ့ခြင်း



Anonymous Hacker Group မှ ISIS အကြမ်းဖက်သမားများနှင့် ပက်သက်သော Twitter အကောင့် 5,500 ကျော်အား ဖြုတ်ချခဲ့ကြောင့် ထုတ်ပြန်ခဲ့တယ်။ ဒါဟာ ပဲရစ်၌အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် 'total war' ကြေညာချက်ထုတ်ပြန်ပြီး ၂ရက်အကြာမှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ Anonymous Hacker အဖွဲ့ရဲ့ #OpParis အကောင့်မှ Twitter ပေါ်တွင် "ကျနော်တို့ Twitter အကောင့် 5,500 ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။ #ISIS are now #down! #OpParis #Anonymous #ExpectUS." ဆိုပြီး ဖော်ပြခဲ့သည်။ Link : https://twitter.com/opparisofficial

"ကျနော်တို့အနေနဲ့ ISIS ကို တုံ့ပြန်ရန် တတ်နိုင်တာက ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ကျနော်တို့ရဲ့ ကျွမ်းကျင် Hacker များ၊ Data ရှာဖွေသူများနှင့် သူလှိုများ စုပေါင်းပြီး ရရှိတဲ့ ရလဒ်များဖြင့် Cyber Attacks လုပ်ရန်ဖြစ်တယ်။ ကျနော်တို့လူတွေဟာ ISIS အဖွဲ့နှင့် အနီးဆုံးမှာ ရှိနေပါတယ်။ ဒါဟာ ISIS နှင့်ပက်သက်ပြီး ဆက်စပ်လုပ်ဆောင်နေတဲ့ လုပ်ငန်းဆိုင်ရာ အချက်အလက်များ သတင်းရရှိရန် ကျနော်တို့အတွက်တော့ လွယ်ကူပါတယ်" လို့ Anonymous မှ 'Alex Poucher' က Twitter ရှိ 'RT' စာမျက်နှာမှာ ဖော်ပြခဲ့တယ်။ ISIS အကြမ်းဖက်အဖွဲ့မှ Hacker များသိရှိရန် "ငါတို့မှာရှိတဲ့ Hacker တွေကဲ့သို့ Hacker တွေမရှိပါဘူး" လို့ သူ၏ယုံကြည်ချက်ကိုလည်း ဖော်ပြခဲ့သည်။
"သူတို့ဟာ Anonymous နှင့် တိုက်ခိုက်ရန် ရွေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ပဲရစ်ကို တိုက်ခိုက်ခဲ့လို့ပဲ။ ဒီဖြစ်ရပ်သာမက ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပျက်လျက်ရှိသော အကြမ်းဖက်မှုများကိုလည်း ကျနော်တို့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး" လို့ 'Poucher' ကထုတ်ဖော် ပြောကြားခဲ့ပါတယ်။


 ပြီးခဲ့တဲ့ သောကြာနေ့က ပဲရစ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်လုပ်ရပ်၌ လူပေါင်း ၁၂၉ ဦးသေဆုံးပြီး၊ ၃၅၂ဦး ဒဏ်ရာရရှိခဲ့မှုအပေါ် 'Anonymous Hacker Group' ဟာ တနင်္လာနေ့တွင် ဖြန့်ခဲ့သော Video ၌့ Islamic State (Formerly ISIS/ISIL) အပေါ် "ဖြစ်ခဲ့သမျှထဲမှာ ဒါဟာ အကြီးမားဆုံး စစ်ဆင်ရေးဖြစ်တယ်"လို့ ဆိုတယ်။
"လူသားအချင်းချင်း စည်းလုံညီညွတ်ရေး" နှင့် အကြမ်းဖက်သမားများကို "Cyber-Attacks" တိုက်ခိုက်ခြင်းများဖြင့် သူတို့ရဲ့ကျွမ်းကျင်မှုကို အသုံးပြုခဲ့ပြီး ကတိပေးထားတဲ့အတိုင်း လုပ်ပြခဲ့ခြင်း ဖြစ်တယ်။
"ကမ္ဘာအရပ်ရပ်မှာရှိတဲ့ Anonymous များဟာ သင့်ကိုပြိုလဲသွားအောင် တိုက်ခိုက်လိမ့်မယ်။ ငါတို့ သင့်ကို ရှာဖွေမယ်၊ သင့်ကိုအလွတ်ပေးမှာ မဟုတ်ဘူး" လို့ ထို Video ၌ပြောကြားခဲ့တယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ Video နှင့်ပက်သက်ပြီး ဒီ 'Anonymous Hacker Group' ဟာ "ဝမ်းတွင်းရူးများ" ဖြစ်တယ်လို့ ISIS မှ Anonymous အဖွဲ့ကို တုံ့ပြန် ပြောဆိုခဲ့တယ်။ ISISကို ထောက်ခံတဲ့သူများရဲ့ လမ်းညွှန်မှု ကြေညာချက်မှာ ဒီ 'Cyber-Attacks'ကို ကာကွယ်ရန်ဖြစ်တယ်။

Anonymous အဖွဲ့ဟာ သူတို့ကျွမ်းကျင်ရာကို အသုံးပြုပြီး ISIS အကြမ်းဖက်သမားများကို တိုက်ခိုက်တာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ "ဒီနှစ်ထဲမှာပဲ သူတို့ဟာ 149 ခုသော ISIS ရဲ့ website အချို့ကို တစ်စစီဖြုတ်ချခဲ့ပြီး ဖြစ်တယ်" လို့ ထုတ်ပြန်ခဲ့ပြီးသော 'Foreign Policy' မှာ ဖော်ပြထားချက်အရ သိရတယ်။

22 Nov 2015
သတင်းစီစဉ် တင်ဆက်သူ : Zin Moko (MEHN Team)
#OpParis အမည်ခံ Anonymous အဖွဲ့မှ ISIS အဖွဲ့ရဲ့ Twitter အကောင့် 5,500 ကျော်အား ဖြုတ်ချခဲ့ခြင်း #OpParis အမည်ခံ Anonymous အဖွဲ့မှ ISIS အဖွဲ့ရဲ့ Twitter အကောင့် 5,500 ကျော်အား ဖြုတ်ချခဲ့ခြင်း Reviewed by Myanmar Ethical Hacking News on 1:33 PM Rating: 5

No comments:

MEHN Team. Powered by Blogger.