JPMorgan Bank Hack ခံရခြင်း



အမေရိကန်အစိုးရသည် JPMorgan ကို Hack ပြုလုပ်သည့် လူသုံးဦးကို တရားစွဲဆိုကာ ပြစ်ဒဏ် အသီးသီးချမှတ်ခဲ့ပါတယ်။

နယူးယောက်ပြည်နယ်ရှိ တရားရုံးတစ်ခုသည် လူသုံးဦးအား အချက်အလက်များဆိုင်ရာ ချိုးဖောက်မှူ့ ဖြစ်စဉ်များအတွက် တရားစွဲဆိုထားပါတယ်။ အဆိုပါဖြစ်စဉ်တွင် JPMorgan Bank ကုမ္ပဏီသာမက အခြားသော စီးပွားရေးဆိုင်ရာ အချက်အလက်များကို ဖောက်ထွင်းကာ အရေးကြီးသော စီးပွားရေးဆိုင်ရာ အချက်အလက်များ ခိုးယူခဲ့ပါတယ်။

JPMorgan Bank သည် အမေရိကန်ရှိ အကြီးဆုံးဘဏ် တစ်ခုဖြစ်ပြီး ငွေကြေးလည်ပတ်စီးဆင်းနှုန်းမှာ အမေရိကန်ဒေါ်လာ 2.59 တြီလီယံ အထိရှိပါတယ်။Hacker များသည် စီးပွားရေးဆိုင်ရာပစ်မှတ်များမှာ ၂၀၁၂ ခုနှစ် - ၂၀၁၅ ခုနှစ်ကြားတွင် အနည်းဆုံး ကိုးခုရှိပါတယ်။ အဆိုပါ ကိုးခုထဲမှ JPMorgan Chase, Brokerages တို့ပါဝင်ပြီး အခြားသော အကြီးစား စီးပွားရေးလုပ်ငန်းများလည်းပါဝင်ပါတယ်။ အချက်အလက် ခိုးယူမှူ့ပမာဏမှာ ၁၀၀ မီလီယံ အထက်ရှိပါတယ်လို့ Bloomberg သတင်းစာ တစ်စောင်က ဖော်ပြခဲ့ပါတယ်။


Gery Shalon , Ziv Orenstein နှင့် Joshua Samuel Aaron သုံးဦးတို့အား Hacking ပြုလုပ်ခြင်း အချက်အလက်များ ခိုးယူခြင်း လုံခြုံရေးဆိုင်ရာများ ချိုးဖောက်ခြင်း အပြင် အခြားသော စွပ်စွဲချက်များဖြင့် ရုံးတင် စစ်ဆေးလျှက် ရှိပါတယ်။ “2014 ခုနှစ်မှာ JPMorgan Bank တိုက်ခိုက်ခံခဲ့ရပြီး 80 မီလီယံ ရှိသော အိမ်ထောင်စုဝင်များ၏ အချက်အလက်များ ခိုးယူခံခဲ့ရတယ်” လို့ JPMorgan Bank ၏ ပြောရေးဆိုခွင့်ရှိသူမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်အတွက် Gery Shalon , Ziv Orenstein နှင့် Joshua Samuel Aaron တို့ သုံးဦးသည် ထောင်ဒဏ်နှစ်ရှည် ကျနိုင်ဖွယ်ရှိပြီး ဒဏ်ကြေးငွေပမာဏမှာလည်း အမေရိကန်ဒေါ်လာ မီလီယံ ပမာဏ ပေးဆောင်ရမှာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ၏ ထိပ်တန်းအရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါတယ်။

22-11-2015
သတင်းစီစဉ် တင်ဆက်သူ : ပိုင်လင် (MEHN Team)

JPMorgan Bank Hack ခံရခြင်း JPMorgan Bank Hack ခံရခြင်း Reviewed by Myanmar Ethical Hacking News on 8:49 PM Rating: 5

No comments:

MEHN Team. Powered by Blogger.