Apple မှ Metallic Body Design နှင့် iPhone 6c ကို နောက်လထဲတွင် မိတ်ဆက်သွားဖွယ်ရှိ



Chinese မီဒီယာတစ်ခုဖြစ်တဲ့ “Foxconn” ရဲ့ အတွင်းသတင်းများအရ iPhone 6c ကို ထုတ်လုပ်တော့မယ်လို့ ကောလဟာလ သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ 3D Touch Display နည်းပညာကို ထည့်သွင်းထားခြင်း မရှိတဲ့အတွက် အခြား iPhone များထက် ဈေးနှုန်းသက်သက်သာသာနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီကောလဟာလ သတင်းသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် iPhone 6c ကို လာမယ့်နှစ် ဇန်နဝါရီလမှာ တွေ့မြင်ရဖွယ်ရှိပါတယ်။ ထို့ပြင် ဒီ Model သစ်ဟာ အရင် iPhone 5c ထက် အပြတ်အသတ် သာလိမ့်မယ်လို့ Chinese သတင်း Source များမှ သိရှိရပါတယ်။

ဇန်နဝါရီမှာ မိတ်ဆက်ပြသပြီးနောက် ဒီ iPhone 6c ကို ဖေဖော်ရီထဲမှာ ရောင်းချသွားရန် Apple မှ စီစဉ်လျက်ရှိသည်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ $400 နှင့် $500 အောက်သာ ရှိလိမ့်မယ်လို့ “Foxconn” ရဲ့ အတွင်းသတင်းများအရ သိရတယ်။ ရရှိထားသော သတင်းအချက်အလက်များအရ Metallic Body နဲ့ ထွက်ရှိလာမယ့် ဒီဖုန်းဟာ iPhone 5c ကဲ့သို့ အမျိုးမျိုးသောအရောင်များနှင့် ထွက်ရှိလာမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားဖွယ် ဖြစ်လို့လာပါတယ်။


ဒီအချိန်မှာ အမှန်တကယ် ဖြစ်လာမယ်ဆိုတာ ပြောဖို့ခက်ခဲလှပါတယ်။ ဒါပေမယ့် ဒီ iPhone 6c သာ ဖေဖော်ဝါရီမှာ ဈေးကွက်ထဲရောက်ရှိ ခဲ့မယ် ဆိုရင်တော့ စာဖတ်သူတို့ အလုအယက်ဝယ်ယူ လာမလားဆိုတာတော့ အောက်မှာ Comment လေးတွေ ပေးပြီး သိချင်လှပါရဲ့... ။

21 Dec 2015
သတင်းစီစဉ် တင်ဆက်သူ : Zin Moko (MEHN Team)
Apple မှ Metallic Body Design နှင့် iPhone 6c ကို နောက်လထဲတွင် မိတ်ဆက်သွားဖွယ်ရှိ Apple မှ Metallic Body Design နှင့် iPhone 6c ကို နောက်လထဲတွင် မိတ်ဆက်သွားဖွယ်ရှိ Reviewed by Myanmar Ethical Hacking News on 2:05 PM Rating: 5

No comments:

MEHN Team. Powered by Blogger.