Google တွင် မိမိရှာဖွေလိုသော အချက်အလက်အား အကောင်းဆုံးရှာဖွေနည်း (သို့မဟုတ်) Google Hacking
အင်တာနက်အား
တွင်ကျယ်စွာ အသုံးပြုလာသည့် ယနေ့ခေတ်တွင် မိမိတို့ ရှာဖွေလိုသည့် အကြောင်းအရာများကို
Google ကဲ့သို့သော Search Engine များတွင် ၀င်ရောက် ရှာဖွေကြပါတယ်။ ထိုသို့ရှာဖွေရာတွင်
လိုချင်သည့် အကောင်းဆုံးအဖြေကို ရရှိနိုင်မည့် နည်းလမ်းများကို အနည်းငယ် တင်ပြလိုပါတယ်။
ဒီလို Google မှာ Specific နည်းလမ်းသုံးပြီး ရှာဖွေခြင်းကိုပဲ “Google Hacking” လို
ခေါ်ဆိုပါတယ်။ Google Hacking သမိုင်းကြောင်းရှိပေမယ့် ဒီပို့စ်လေးမှာတော့ မဖော်ပြတော့ပါဘူး။
အကျယ်နဲ့ သမိုင်းကြောင်းကို သိချင်တယ်ဆိုရင်တော့ အောက်ပါ လင့် မှ သွားရောက်ကြည့်ရှု
နိုင်ပါတယ်။
Google
Hacking ရဲ့ အဓိကရည်ရွယ်ချက်လုပ်ဆောင်ချက်ကတော့ Google Search နဲ့ Google ရဲ့ Application တွေကို
အသုံးပြုပြီး Websites များရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက်များ၊ ကွန်ပျူတာ
Codes များကို ရှာဖွေဖို့ ဖြစ်ပါတယ်။
ယခုပို့စ်တွင်တော့
ထိုကဲ့သို့ Website တွေရဲ့ အားနည်းချက်များကို များကို ရှာဖွေခြင်းထက် နေ့စဉ်အသုံးပြုမှု
မှာ ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ပါတယ်။
ကျွန်တော်တို့
လိုချင်တဲ့ အချက်အလက်တွေကို Google မှာ ဒီအတိုင်း ရိုက်ရှာလို့ရတဲ့အပြင် Google Operator
လေးတွေ အကူအညီနဲ့ မိမိလိုချင်တဲ့ အဖြေကို ပိုပြီးအနီးစပ်ဆုံးဖြစ်အောင် ရှာလို့ရပါသေးတယ်။ Operators တွေများစွာရှိတဲ့အထဲမှ အသုံးအများဆုံးနဲ့
နေ့စဉ်အသုံးပြုနိုင်မယ့် Operators လေးတွေကိုပဲ ရွေးပြီး ဖော်ပြပါ့မယ်။
(၁) Filetype or Ext
ဒီကောင်လေးကတော့
ကျွန်တော်တို့လိုချင်တဲ့ အကြောင်းအရာရဲ့ File
အမျိုးအစားအလိုက် ရှာချင်ရင် သုံးနိုင်ပါတယ်။ ဥပမာ Myanmar ဆိုတဲ့အကြောင်းကို Pdf ဖိုင်တွေအနေနဲ့
ရှာချင်ရင် အောက်ပါအတိုင်း Google မှာ ရိုက်ပြီး ရှာခြင်းဖြင့် Myanmar နဲ့ သက်ဆိုင်တဲ့
pdf ဖိုင်တွေကို ရရှိမှာဖြစ်ပါတယ်။ အခြား ဖိုင်အမျိုးအစားတွေဖြစ်တဲ့
doc (Microsoft word file) ၊ pptx (Microsoft powerpoint file) ၊ txt(text file) စသဖြင့်
အမျိုးအစားများစွာကို လိုသလို ရှာနိုင်တဲ့အတွက် ပိုမိုအသုံးဝင်မှာ ဖြစ်ပါတယ်။
filetype:pdf Myanmar
ext:pdf Myanmar
(၂) site
ဒီကောင်လေးကတော့
ကျွန်တော်တို့လိုချင်တဲ့ ဆိုဒ်နဲ့ ပတ်သက်တာတွေကြည့်ပဲ ကြည့်ချင်ရင် သုံးနိုင်ပါတယ်။
ဥပမာ mehn-mm.blogspot.com ဆိုတဲ့ ဆိုဒ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေပဲ လိုချင်တယ်ဆိုပါရင်
အောက်ပါအတိုင်း Google မှာ ရိုက်ပြီး ရှာခြင်းဖြင့် တခြား Results တွေမပါပဲ
mehn-mm.blogspot.com နဲ့ ပတ်သက်တာတွေပဲ ရမှာဖြစ်ပါတယ်။
site:mehn-mm.blogspot.com
(၃) inurl
သူကတော့
ကျွန်တော်တို့ web browser ရဲ့ url bar လေးထဲမှာ ပါဝင်ချင်တာကို ဒီ operator လေး သုံးပြီး
ရှာနိုင်ပါတယ်။ ဥပမာ url ထဲမှာ mehn-mm ဆိုတာပါတဲ့ results တွေပဲ လိုချင်ရင်
Google မှာ အောက်ပါအတိုင်း ရိုက်ထည့်ကြည့်နိုင်ပါတယ်။ ဒါဆိုရင် တခြား results တွေမပြပဲ
url မှာ mehn-mm ပါတာတွေကိုပဲ မြင်ရမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အချက်အလက်ကို အစားထိုးပြီး
စမ်းသပ်ရှာဖွေကြည့်ပါ။
inurl:mehn-mm
(၄) intitle
သူလည်း
Inurl နဲ့ ဆင်တူပြီး ကွာခြားချက်ကတော့ url မှာ မဟုတ်ပဲ web site တွေရဲ့ Title မှာ ပေါ်မယ့်ဟာကို
ရွေးပြီးရှာချင်ရင် သုံးပါတယ်။ အောက်ပါအတိုင်း ရိုက်ပြီး ရှာဖွေခြင်းဖြင့် Website
Title မှာ Myanmar Ethical Hacking News ပါဝင်တဲ့ ဆိုဒ်တွေကို ရွေးပြပေးပါလိမ့်မယ်။
intitle:”Myanmar
Ethical Hacking News”
(၅) intext
ခုပို့စ်အတွက်တော့
နောက်ဆုံး Operator လေးပေါ့။ သူ့ကိုတော့ ကျွန်တော်တို့ မြင်နေရတဲ့ Website ရဲ့
Main စာမျက်နှာကြီးထဲမှာ ပါဝင်တာလေးကို ရွေးရှာချင်ရင် သုံးနိုင်ပါတယ်။ ဥပမာ Website
ထဲမှာ Myanmar Pagoda ဆိုတဲ့ စာသားပါတဲ့ ဆိုဒ်တွေ ရှာချင်ရင် Google မှာ အောက်ပါအတိုင်း
ရှာဖွေနိုင်ပါတယ်။
Intext:Myanmar
ထိုသို့သော
Operators များကို တစ်ခုမက ပေါင်းစပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ ဒီ Operators လေးနဲ့
ပေါင်းစပ်ထားတဲ့ Google Search လုပ်ပေးတဲ့ ကောင်လေးတွေကို Google Dork လို့လည်း ခေါ်ပါတယ်။ ဒီလို Google Dork လေးတွေ အသုံးပြုပြီး
အရေးကြီးအချက်အလက်များ၊ Website တွေရဲ့ Security ပိုင်းဆိုင်ရာတွေကို ရှာဖွေနိုင်သလို
မိမိတို့နေ့စဉ် အသုံးပြုမှုများမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့် Google မှာ ရှာဖွေမှုကို
ပိုမိုတိကျ မြန်ဆန်စေမှာဖြစ်ပါတယ်။ Operator တွေပေါင်းစပ်ပြီးရှာပုံကို နမူမှာ အနေနဲ့
အောက်မှာပေးထားပါတယ်။
inurl:mehn-mm intext:Anonymous
intitle:Hacking
Google
Hacking နှင့် ပတ်သက်ပြီး များစွာသော Google Dorks များကို GHDB မှာ သွားရောက်လေ့လာနိုင်ပါတယ်။
မိမိတို့ အနေဖြင့်လည်း လိုအပ်သောအချက်အလက်များကို ထိုကဲ့သို့ ရှာဖွေခြင်းဖြင့် အချိန်ကုန်သက်သာပြီး
ပိုမိုတိကျသော အချက်အလက်များကို ရပါစေလို့ ဆုတောင်းလျက်…
19-12-2015
စီစဉ်တင်ဆက်သူ
: ကိုသိန်း(MEHN Team)
Google တွင် မိမိရှာဖွေလိုသော အချက်အလက်အား အကောင်းဆုံးရှာဖွေနည်း (သို့မဟုတ်) Google Hacking
Reviewed by Myanmar Ethical Hacking News
on
2:05 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
2:05 PM
Rating:

No comments: