Hacker များမှ ရိုးရှင်းတဲ့ Click တချက်ထဲနှင့် မည်သည့် Android ဖုန်းကိုမဆို အပြည့်အဝ ထိန်းချုပ်သွားနိုင်သော အားနည်းချက် တခု



တိုကျိမြို့ PacSec ညီလာခံတခုမှ ရှာဖွေတွေ့ရှိမှု တခုအရ Android OS တိုင်းမှာ ပျံနှံနေတဲ့ ခြိမ်းခြောက်မှု အန္တရယ်သစ်တခုကို ဖော်ထုတ်ပြသခဲ့ပါတယ်။ အဲ့ဒီ့အရာကတော့ Hacker တွေဟာ click တချက်ထဲနှင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ Data တွေနဲ့ သင့်ရဲ့ Device တွေကို အပြည့်အဝ ထိန်းချုပ်သွားနိုင်မယ့် အရာပဲဖြစ်ပါတယ်။

Android OS Version အားလုံးအပေါ်၌ သက်ရောက်မှုရှိသော အားနည်းချက်ကို လုံခြုံမှုရေးရာ သုတေသန ပြုလုပ်သူများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုအားနည်းချက်များကတော့ သင်ဟာ Hacker များ ဖန်တီးပြုလုပ်ထားတဲ့ Website များ၏ Malicious Link ကို Click တချက်နှိပ်မိသည်နှင့် Hacker များမှ သင့်ရဲ့ ဖုန်းကို လုံးဝထိန်းချုပ်ခွင့် ရရှိလိုက်ခြင်းပဲ ဖြစ်ပါတယ်။


Tokyo မြို့ မှာပြုလုပ်သည့် PacSec Conference မှ ထိုအားနည်းချက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုအရာကို ရှာဖွေတွေ့ရှိခဲ့သူကတော့ MobilePwn2Own Quihoo 360 မှ Security Software Vendor တစ်ဦးဖြစ်သူ Guang Gong ဖြစ်ပါတယ်။ ထို့အပြင် ဒီအားနည်းချက်တွေမှာ V8 JavaScript Engine ရဲ့ ကြိုးကိုင်ချယ်လှယ်မှုတွေ ပါဝင်နေသောကြောင့် ပိုမိုပြီးတော့ ဝေဖန်မှုများ ဖြစ်ပေါ်လာပါတယ်။ အသေးစိတ် အချက်အလက်များကို မဖော်ပြသော်လည်းပဲ Gong ဟာ ၃ လ ကြိုးကြိုးစားစား လုပ်ပြီး ပြိုင်ပွဲတွေမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူအနိုင်ရခဲ့ပြီး နောက်နှစ်မှာ ကျင်းပမယ့် ConSec West Security Conference ကိုတက်ရောက်ဖို့ အခွင့်အရေးရခဲ့ပါတယ်။

OS တခုရဲ့ အားနည်းချက်တွေဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီဖြစ်ပွားမှုမှာ Hacker တွေက ရိုးရှင်းတဲ့ Malicious Link တခုထဲနှင့်ပင် သင့်ရဲ့ Device ကို အပြည့်အဝ ထိန်းချုပ်သွားနိုင်တဲ့ကိစ္စကတော့ ကြောက်မက်ဖွယ် ကိစ္စတရပ်ဖြစ်ပါတယ်။

မှတ်ပုံတင်စာရင်းတွေ အရ Google ရဲ့ Security Team မှ Member တယောက်သည် တိုကျိုမြို့တွင် ကျင်းပသော အဆိုပါ Conference ကို တတ်ရောက်ခဲ့ပါတယ်။ Gong သည် Android OS ထဲမှာ အကြီးမားဆုံး ခြိမ်းခြောက်မှုတွေ ရှိနေဆဲ ဆိုတာရှာဖွေ သိရှိခဲ့ရပြီး ကြီးမားတဲ့ အောင်မြင်မှူ့ကို ရရှိခဲ့ပါတယ်။ Gong က အားနည်းချက်ကို နောက်ဆုံးထုတ်ထားတဲ့ Nexus 6 မှာလည်း စမ်းသပ်ပြသခဲ့ပါတယ်။

PacSec ရဲ့ Organizer တစ်ဦးဖြစ်သူ Dragos Ruiu က “Gong ရဲ့ စွန့်စားမှုဟာ အထင်ကြီးစေလောက်ပါတယ်။ လူအများသည် နေ့စဉ်နှင့်အမျှ အားနည်းချက်များမှတဆင့် Hack ပြုလုပ်ခြင်း ခံနေရပါတယ်” လို့ပြောကြားခဲ့ပါတယ် ။

1-12-2015
သတင်းစီစဉ် တင်ဆက်သူ : Belo ( MEHN Team )
Hacker များမှ ရိုးရှင်းတဲ့ Click တချက်ထဲနှင့် မည်သည့် Android ဖုန်းကိုမဆို အပြည့်အဝ ထိန်းချုပ်သွားနိုင်သော အားနည်းချက် တခု Hacker များမှ ရိုးရှင်းတဲ့ Click တချက်ထဲနှင့် မည်သည့် Android ဖုန်းကိုမဆို အပြည့်အဝ ထိန်းချုပ်သွားနိုင်သော အားနည်းချက် တခု Reviewed by Myanmar Ethical Hacking News on 4:27 PM Rating: 5

No comments:

MEHN Team. Powered by Blogger.