Tor အသုံးပြုသူများကို ဖော်ထုတ်ရန်အတွက် FBI မှ အမေရိကန်ဒေါ်လာ ၁ မီလီယံ သုံးစွဲခြင်း
FBI သည် Carnegie Mellon University
(CMU) တက္ကသိုလ်ရှိ Security Researchers များကို နည်းပညာအကူအညီများအတွက် အနည်းဆုံး
အမေရိကန် ဒေါ်လာ ၁ မီလီယံ ထောက်ပံ့ခဲ့ပါတယ်။ ထောက်ပံ့ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်မှာ
Tor ကို အသုံးပြုပြီး ဆိုင်ဘာရာဇ၀တ်မှူ့များ ကျူးလွန်နေသူများကို ဖော်ထုတ်ရန်အတွက်
ဖြစ်ပါတယ်။
အဆိုပါ Security Researchers များသည်
ဂျူလိုင်လအတွင်းတွင် Tor ကို အသုံးပြုပြီး ကျူးလွန်သည့် ဆိုက်ဘာရာဇ၀တ်မှူ့များကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
Tor မှနေပြီး ဆိုက်ဘာရာဇ၀တ်သားများကို အကာအကွယ်ပေးနေတယ်လို့လည်း အမေရိကန်မှ စွပ်စွဲထားပါတယ်။
Carnegie Mellon University မှ
Security Researcher များဖြစ်သော Michael McCord နှင့် Alexander Volynkin တို့၏
“De-Anonymizing Tor Users” ခေါင်းစဉ်ပါ စာတမ်းတစ်ခုအား အကြောင်းပြချက်မရှိဘဲ ပြီးခဲ့သည့်နှစ်က
ကျင်းပခဲ့သည့် Black Hat Hacking Conference မှ ပယ်ချခဲ့ပါတယ်။
Carnegie Mellon University မှ
Security Researcher များသည် Tor ကို အသုံးပြုပြီး ပုန်းကွယ်နေသော Hackers များနှင့်
Dark Web အတွင်းရှိ ပုန်းကွယ်နေသော Website များကို ဖော်ထုတ်ရာတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ
3000$ တန်ဖိုးရှိ Hardware တစ်ခု သုံးစွဲရမည် ဖြစ်ကြောင်းကို စာတမ်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
Security Researcher များသည် သက်သေပြသည့်အနေဖြင့် Tor ရှိ Child Pornographers များ
နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူများကို ဖော်ထုတ်ပြခဲ့ပါတယ်။
Tor Project Director ဖြစ်သည့် Roger
Dingledine သည် “ အခုလို Tor အသုံးပြုသူများကို ရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်းက သူတို့ရဲ့
ယုံကြည်မှူ့ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ” ကို သူ့ရဲ့ Blog Post တစ်ခုမှာ ရေးသားဖော်ပြခဲ့ပါတယ်။
မည်သို့ပင်ဖြစ်စေကာမှူ FBI မှ Tor အသုံးပြုနေသူများကို
ဖော်ထုတ်သွားမှာ ဖြစ်ပြီး နောက်ပိုင်းတွင်လည်း ဆက်လက် စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်လို့
FBI ၏ အကြီးတန်း အရာရှိ တစ်ဦးမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
30-11-2015
သတင်းစီစဉ် တင်ဆက်သူ : ဇာနည် (MEHN
Team)
Tor အသုံးပြုသူများကို ဖော်ထုတ်ရန်အတွက် FBI မှ အမေရိကန်ဒေါ်လာ ၁ မီလီယံ သုံးစွဲခြင်း
Reviewed by Myanmar Ethical Hacking News
on
10:42 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
10:42 AM
Rating:

No comments: