Hacking Team မှ Encryption Cracking Tools အသစ်များ ဝယ်ယူနိုင်ခြင်း
Hacking Tools များနှင့် Softwares များကို
အစိုးရနှင့် ကုမ္ပဏီလုပ်ငန်းများသို့ ရောင်းချလျက်ရှိတဲ့ Hacking Team ဟာ ယခုဆိုရင်
'Encryption Cracking Tools' များကို မေးလ်မှတဆင့် ရောင်းချလျက်ရှိကြောင်း အီတာလျံကုမ္ပဏီတစ်ခုဖြစ်တဲ့
'Vice' မှ ဖော်ပြချက်များအရ သိရသည်။
Hacking Team တွင် တကယ့်ကို ကျွှမ်းကျင်သော
နည်းပညာရှင်များ Programmers များပါဝင်ပြီး ထိုသူများသည် စုပေါင်းကာ Hacking Tools
များ Cracking Tools များနှင့် အခြားသော အသုံးဝင်မည့် Tools များကို ဖန်တီးကာ ဈေးကွက်ထဲသို့
ရောင်းချကြပါတယ်။ Hacking Tools နှင့် Cracking Tools များ ထွက်ပေါ်လာသည်နှင့်အမျှ အင်တာနက်ဆိုင်ရာ
လုံခြုံရေးသည်လည်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။
Hacking Teams သည် တစ်ခါတစ်ရံ အစိုးရ၏
လိုလားချက်များကို ဖော်ဆောင်ပေးရသည့် အခါမျိုးလည်းရှိတတ်ပါတယ်။ နိုင်ငံ၏လုံခြုံရေးပိုင်းဆိုင်ရာ
စောင့်ကြည့်ရေး အတွက် Spyware များရေးသားခြင်း ဆိုင်ရာကိစ္စရပ်များတွင် Hacking
Teams သည် အစိုးရနှင့် ပူးပေါင်းကာ နိုင်ငံလုံခြုံရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်သည်များလည်း
ရှိပါတယ်။
အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည်သာမက
ကုမ္ပဏီများ၏ နည်းပညာ လုံခြုံရေးဆိုင်ရာ အပိုင်းများတွင်လည်း များစွာ အကူအညီပေးလျှက်ရှိပါတယ်။
စီးပွားရးကုမ္ပဏီများသည်လည်း စီးပွားရေးဆိုင်ရာ အချက်အလက်များ လုံခြုံစေရန်အတွက်
Hacking Teams မှ လုံခြုံရေးနည်းပညာများ Security Tools များ ၀ယ်ယူအသုံးပြုလျှက်ရှိပါတယ်။
Hacking Teams သည် Tools များကို ရေးသား၍
ရောင်းချခြင်းသာမက အခြားသော လူမှူ့ရေးဆိုင်ရာကိစ္စရပ်များ နည်းပညာဆိုင်ရာ ကိစ္စရပ်များအတွက်လည်း
ဌားရမ်းနိုင်ပါတယ်။ ယခုနောက်ဆုံးထွက် Version ဖြစ်သော Files များနှင့် Web Traffic
များကို ဖောက်ထွင်း ဖော်ထုတ်ပေးနိုင်သော Tools များကို ၀ယ်ယူနိုင်ပြီဖြစ်ကြောင်းကို
၎င်းတို့၏ အင်တာနက် စာမျက်နှာမှာဖော်ပြထားပါတယ်။
နေ့စဉ်နှင့်အမျှ နည်းပညာအသစ်များနှင့်အတူ
အင်တာနက်ဆိုင်ရာ လုံခြုံရေးများသည်လည်း စွန့်စားခန်းတရပ်ကဲ့သို့ ဖြစ်နေပါတယ်။
Hacking Tools များသည်လည်း နေ့စဉ်နှင့်အမျှ အသစ် အသစ်များ ပေါ်ထွက်လာလျှက် ရှိပါတယ်။
ထို့ကြောင့် စာချစ်သူများအနေဖြင့် အင်တာနက်သုံးမယ်ဆိုရင် သတိကြီးစွာထားပြီး အသုံးပြုသင့်ပါကြောင်း
တင်ပြလိုက်ရပါတယ် ခင်ဗျာ။
4.Dec.2015
သတင်းစီစဉ် တင်ဆက်သူ : Zin Moko (MEHN
Team)
Hacking Team မှ Encryption Cracking Tools အသစ်များ ဝယ်ယူနိုင်ခြင်း
Reviewed by Myanmar Ethical Hacking News
on
10:55 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
10:55 AM
Rating:

No comments: