Wi-Fi ထက်အဆ ၁၀၀ ပိုမိုမြန်ဆန်သော Li-Fi
ဆန်းသစ်သော နည်းပညာများ တိုးတက်နေသည့်ခေတ်တွင်
Wi-Fi ကနေ Li-Fi တွေ့ရှိမှုသည် အကောင်းဆုံးအချိန်ဘဲ ဖြစ်ပါတယ်။ Li-Fi သည် Wi-Fi ထက်
အဆ ၁၀၀ ပိုမိုမြန်ဆန်ပါတယ်။ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားသော Wireless နည်းပညာအသစ်သည်
Li-Fi လို့ခေါ်တဲ့ အင်တာနက်လိုင်းဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ ယခုသုံးနေသော Wi-Fi ထက်အဆ
၁၀၀ ပိုမြန်ပါတယ်။
Li-Fi နည်းပညာဆိုတာဘာလဲ?
Li-Fi နည်းပညာအသစ်သည် အလင်းကို အသုံးပြုပြီး
Data များသွားလာမှာဖြစ်ပါတယ်။ အလင်းဆိုသည်မှာ Visible Light Communication ကို ဆိုလိုခြင်း
ဖြစ်ပါတယ်။ အလင်းကို အသုံးပြုခြင်းက Radio Wave များကို အသုံးပြုခြင်းထက် ပိုမိုမြန်ဆန်ပါတယ်။
ယခုနှစ် အစောပိုင်းမှာ သိပ္ပံပညာရှင်များသည် 224 Gbps Speed ရှိသော အလွန်လျှင်မြန်သော
Wireless နည်းတစ်ခုကို စမ်းသပ်ခဲ့ကြပါတယ်။ ဒီစမ်းသပ်ချက်ကြောင့်ဘဲ Li-Fi နည်းပညာ ပေါ်ထွက်လာရခြင်း
ဖြစ်ပါတယ်။
“ဒီနည်းပညာဟာဆိုရင် ကျွန်တော်တို့ အခုသုံးစွဲနေတဲ့
Internet ထက် ပိုမိုမြန်ဆန်လာမယ်လို့ ယုံကြည်မိပါတယ်။ အမှန်တကယ်လည်း ဖြစ်လာမှာပါ။ ရလဒ်အနေနဲ့ကတော့
Wi-Fi ထက် အဆ ၁၀၀ ပိုမိုမြန်ဆန်သော Li-Fi အင်တာနက်လိုင်းကို တီထွင်နိုင်ခြင်းဘဲ ဖြစ်ပါတယ်လို့”
Li-Fi လေ့လာနေသော နည်းပညာရှင်များထဲမှ ခေါင်းဆောင်ဖြစ်သူက ပြောပြထားပါတယ်။ Velmenni
လို့အမည်ရတဲ့ Estonian Starup Company မှ ဒီနည်းပညာကို ဓာတ်ခွဲခန်း ၊ စက်ရုံအလုပ်ရုံ
အစရှိတဲ့ နေရာတွေမှာ အသုံးပြုနိုင်ဖို့အတွက် အသေအချာလေ့လာခဲ့တာပါ။
“ရှာဖွေတွေ့ရှိမှုက တကယ်ကိုမြန်ဆန်လှပါတယ်။
Company မှ Data သယ်ဆောင်မှုကို 1 second ထဲမှာဘဲ 1 GB အထိ လုပ်ဆောင်နိုင်မှု ရရှိခဲ့ပါတယ်။
ကျွန်တော်တို့သုံးနေကျ Wi-Fi ထက် အဆ ၁၀၀ ပိုမြန်ပါတယ်။ ကျွန်တော်တို့ နည်းစနစ်ပေါင်းများစွာနှင့်
စမ်းသပ်ပြီး VLC နည်းပညာကို ရရှိဖို့ အသေအချာ လုပ်ဆောင်ခဲ့တာပါ” ဟု Velmenns ရဲ့CEO
Deepak Solamki က UK ရဲ့ IB Time ကိုပြောကြားခဲ့ပါတယ်။
“ယခုလောလောဆယ်တော့ ကျွန်တော်တို့တွေ Data
တွေကို ပိုမိုကောင်မွန်စွာ သယ်ဆောင်ဖို့ အလင်းရောင်ကနေ စွမ်းအားကို သုံးစွဲခဲ့ပါတယ်။
ကျွန်တော်တို့ Private Client ကိုသုံးကာ Pilot project နဲ့ Li-Fi Network ကို ဆက်သွယ်ပြီး
ရုံးခန်းတွေ အခန်းတွေထဲမှာ Iinternet ကို ရရှိအောင် လုပ်ဆောင်နိုင်မှာပါ။ Wi-Fi Network
နှင့် မတူညီမှုကတော့ Li-Fi က အလင်းရောင်ကို အခြေခံပါတယ်။ ဒါပေမယ့် နံရံတွေကိုတော့ ဖြတ်ကျော်ပြီး
Internet မပေးနိုင်ပါဘူး။ အလင်းရောင်မရှိခဲ့ရင် အပြင်ဘက်ကနေပြီတော့ သက်ရောက်မှု မရနိုင်တာပါ။
အချိန်တစ်ခုအတွင်းမှာတော့ ဒီနည်းပညာဟာ တခြားနေရာတွေမှာ သက်ရောက်မှု နည်းနေအုံးမှာပါ”
Li-Fi နည်းပညာကို ရှာဖွေတွေ့ရှိသူများထဲမှ ပြောရေးဆိုခွင့်ရှိသူမှ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
Li-Fi ကိုဘယ်သူတီထွင်ခဲ့လဲ?
2011 ခုနှစ်မှာ German Physicist ပညာရှင်
Harald Haaas က Li-Fi နည်းပညာကို စတင်တွေ့ရှိခဲ့ပါတယ်။ Wirless တွေကို အသုံးမပြုဘဲ
အလင်းရောင်ရတဲ့ မီးသီးတွေက်ု TED Talk နေရာမှာ စတင်သုံးစွဲကြည့်မိခဲ့တာပါ။ သူရှာဖွေတွေ့ရှိတာကတော့
LED ကနေ အလင်းပြန်မှုက Cellular Tower ထက် ပိုမြန်ဆန်တဲ့ သက်ရောက်မှုကို ရှာဖွေတွေ့ရှိခဲ့တယ်။
ဒါကြောင့် အနာဂတ်မှာ Wi-Fi နည်းပညာ ဆက်လက်တည်ရှိနေဦးမှာလား Li-Fi နည်းပညာက ထိုးဖောက်သွားမှာလားဆိုတာ
စိတ်ဝင်စားစရာ အဖြစ် ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ် ခင်ဗျာ။
2-12-2015
သတင်းစီစဉ် တင်ဆက်သူ : ပိုင်လင် (MEHN
Team)
Wi-Fi ထက်အဆ ၁၀၀ ပိုမိုမြန်ဆန်သော Li-Fi
Reviewed by Myanmar Ethical Hacking News
on
7:14 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:14 PM
Rating:


No comments: