ISIS နှင့် Cyber War ဆင်နွှဲရန် အိန္ဒိယ Hacker များ Anonymous ဖြင့် ပူးပေါင်းခြင်း
အိန္ဒိယနိုင်ငံသား Anonymous အဖွဲ့ဝင်
တစ်ထောင်ကျော်သည် ISIS တို့၏ Website များ. Twitter account များနှင့် Facebook
account များကို ဖော်ထုတ်ရန် ကူညီရန်အတွက် ပူးပေါင်းပါဝင်နေပြီ ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော
အိန္ဒိယနိုင်ငံသားများအနေဖြင့် Web Development ဆိုင်ရာကိစ္စတို့တွင် ပါဝင်နေကြသည်မှာ
ကမ္ဘာသိပင် ဖြစ်သည်။ ယခုအခါ ISIS တို့၏ Paris ၌ တိုက်ခိုက်မှုအပြီးတွင် အွန်လိုင်း Hacking
ရေးရာ တက်ကြွလှုပ်ရှားသူများ အုပ်စုဖြစ်သော Anonymous Group နှင့် မြေအောက်အိန္ဒိယ Hacker
များ ပူးပေါင်းလိုက်ကြခြင်းဖြစ်သည်။
နည်းပညာဆိုင်ရာ အစီရင်ခံစာများအရ ၎င်း
Anonymous Group ၏ ခေါင်းစီးအောက်တွင် ပါဝင်နေကြသော အဆိုပါ Hacker အဖွဲ့များအနေဖြင့်
ISIS နှင့် ပတ်သက်နေသော Account အမြောက်အများကို ရယူနိုင်ခဲ့ရုံသာမက ၎င်းတို့၏ စကားပြောဆိုထားမှုများမှတစ်ဆင့်
ထပ်မံလုပ်ဆောင်မည့် တိုက်ခိုက်မှုများကိုပါ ထောက်လှမ်းလျက်ရှိသည်။ ယခင်က မြေအောက်အိန္ဒိယ
Hacker များသည် ၎င်းတို့၏ Hacking စွမ်းရည်များကို ငြိုးသူ့ရန်ဘက်ဖြစ်သော ပါကစ္စတန်အစိုးရ၏
Website များကို တိုက်ခိုက်ရန်သာ အာရုံစိုက်ခဲ့ကြသည်။
ယခုအခါမှသာ Anonymous တို့၏ ကမ္ဘာလုံးဆိုင်ရာ
Cyber War တွင် ပါဝင်လာခြင်း ဖြစ်သည်။ "ထိပ်တန်း ISIS ဆိုရှယ်မီဒီယာ Account နှင့်
Website တို့ကို ဖော်ထုတ် ဖြုတ်ချနိုင်ခဲ့ပါပြီ ISIS ရဲ့ အချက်အလက်တွေရှိတဲ့ Server
တွေကို ခြေရာခံပြီး Public မှာပြနိုင်ဖို့ Hacker တွေက ခြေရာခံနေကြပါတယ်။ တစ်ချို့ကိစ္စတွေမှာတော့
အဲဒီလို ခြေရာခံနိုင်ဖို့ Public ကို ချပြတဲ့အခါတွေလည်း ရှိပါတယ်" ဟု Indian
Cyber Army ၏ CEO ဖြစ်သော Cyber လုံခြုံရေးဆန်းစစ်သူ Kislay Chaudhary က Today
Mail သို့ ဖြေကြားခဲ့ပါတယ်။
ISIS အား စစ်ကြေညာပြီး မကြာမီပင် အိန္ဒိယမှ
Hacker များ Operation Paris သို့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့အားလုံး
Anonymous ရဲ့ အမည်အောက်မှာ လှုပ်ရှားနေကြတာပါ။ ကျွန်တော်တို့အနေနဲ့ ISIS ရဲ့ ထိပ်တန်းဆိုရှယ်မီဒီယာ
Account များနဲ့ Website များကို ဒစ်ဂျစ်တယ်နည်းအရ အပြီးတိုင်ထိုးနှက်ဖို့ ရည်ရွယ်ထားပါတယ်"
ဟု Anonymous ကို ကူညီပေးနေသော Hacker တစ်ယောက်က Mail Today သတင်းစာကို ပြောကြားခဲ့ပါတယ်။
အဓိကတာဝန်မှာ Twitter နှင့် Facebook
ရှိ ISIS အဖွဲ့ဝင်များ၏ ဆိုရှယ်မိဒီယာ Account များအား ခြေရာခံရန်နှင့် ISIS တို့၏
Website များအား DDoS ဖြင့် တိုက်ခိုက်ရန်ဖြစ်သည်ဟူ၍ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ထို့အပြင်
သံသယရှိသော စာများ, ပြောဆိုမှုများကို ကြားဖြတ်ဖမ်းယူ၍ ၎င်းတို့၏ လှုပ်ရှားမှုများကို ခြေရာခံလျက်ရှိသည်ဟု
အဆိုပါ Hacker က ဆိုပါတယ်။
အပြစ်မဲ့သော ပဲရစ်မြို့သား ၁၃၀ သေဆုံးခဲ့သည့်
စက်ဆုပ်ဖွယ် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် Anonymous က ISIS နှင့် ၎င်း၏အပေါင်းအပါများအား
Cyber War ကြေညာခဲ့ခြင်းဖြစ်သည်။ "သင်တို့အတွက် အကြီးမားဆုံးစစ်ဆင်ရေး စတင်မည်.
အလုံးအရင်းတိုက်ခိုက်မည့် Cyber Attack များအား ရည်မှန်းထားပါ. စစ်ကြေညာပြီ ဖြစ်သည်.
အသင့်ပြင်ထားပါ." စသည်တို့ ပြောဆိုထားသော ဗွီဒီယိုတစ်ခုအား Anonymous က ထုတ်လွှင့်ခဲ့ပါတယ်။
အွန်လိုင်းအသုံးပြုသူများ ပိုမိုပါဝင်နိုင်စေရန် ISIS အားတိုက်ခိုက်မည့် Operation
Paris တွင် ပါဝင်လိုသူများအတွက် လမ်းညွှန်နည်းလမ်းတွဲတစ်ခုကို Anonymous က ထုတ်ဝေခဲ့ပါတယ်။
လမ်းညွှန်သုံးမျိုး ရရှိနိုင်ပြီး Hacking သင်ယူလိုသူများအတွက် noobguide, IS တို့၏
Twitter Account များအား ရှာဖွေနိုင်မည့် Twitterbot ကို မည်သို့ပြုလုပ်ရမည်ဟူ၍ ရှင်းပြထားသော
Reporter Guide နှင့် ISIS တို့ Website များကို ရှာဖွေနိုင်မည့် Searcher Guide တို့ဖြစ်ပါတယ်။
အဆိုပါ လမ်းညွှန်ချက်များကို အသုံးပြုပြီး ISIS နှင့် Anonymous တို့ အကြား Cyber
War ကို သင်လည်း ပါဝင်ဆင်နွှဲနိုင်ပါတယ်။
5-12-2015
သတင်းစီစဉ် တင်ဆက်သူ : Nub90d (MEHN
Team)
ISIS နှင့် Cyber War ဆင်နွှဲရန် အိန္ဒိယ Hacker များ Anonymous ဖြင့် ပူးပေါင်းခြင်း
Reviewed by Myanmar Ethical Hacking News
on
6:05 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:05 PM
Rating:

No comments: