မိမိအိမ်ပေါ်ဖြတ်သန်းသွားလာနေသော ဂြိုလ်တုများအား အချိန်နှင့်တပြေးညီ ပြသပေးမည့် မြေပုံအား ရယူနိုင်
ဂြိုလ်တု(Satellites) ဆိုသည်နှင့် စိတ်ဝင်စားမည့်သူ များပြားမယ်ထင်ပါတယ်။ဒီလိုဆို ကျွန်တော်တို့ ကမ္ဘာမြေကြီးကို ဂြိုလ်တုပေါင်း
ဘယ်လောက်များ လှည့်ပတ်နေတယ်လို့ သင်ထင်ပါသလဲ၊ ၁၀ လုံးလား၊ ၂၀ လား၊ ၂၀၀ လား ?
အတိအကျအနေနဲ့ သတ်မှတ်ရရင်တော့ ဂြိုလ်တုပေါင်း ၂၂၅၀ ကနေ
၂၃၀၀ ကြားမှာ ရှိပါတယ်။
အဲလောက်များပြားတဲ့ ဂြိုလ်တုတွေဟာ ကျွန်တော်တို့ ကမ္ဘာပေါ်ကနေ
တစ်နာရီကို ၁၇၀၀၀ မိုင်နှုန်းနဲ့ လှည့်ပတ်နေတာဖြစ်ပါတယ်။ အဲလောက်ကို မြန်ဆန်စွာလှည့်ပတ်နေလို့လဲ
ကြီးမာတဲ့ ဧရိယာကြီးကို မိနစ်အနည်းငယ်အတွင်းနဲ့ ဖြန့်ကျက်ထိန်းချုပ်ပြီး လိုအပ်တဲ့
လုပ်ဆောင်ချက်တွေ လုပ်ဆောင်ချက်တွေ လုပ်နိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့အပေါ်ဖြတ်သန်းသွားမယ့် အဲဒီ မိနစ်အနည်းငယ်လေးကိုပဲ
သုံးပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ လိုအပ်တဲ့ အရာတွေကို တိကျစွာသုံးရင်တော့ သူတို့တွေရဲ့
တည်နေရာကို ဖော်ပြနိုင်ပါတယ်။ Patricio Gonzalez ဆိုတာ Open-Source Mappig Startup Mapzen မှ အနုပညာရှင်တစ်ဦးဖြစ်သလို
အင်ဂျင်နီယာတစ်ဦးလည်း ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ မြို့တွေပေါ်ဖြတ်သန်းသွားတဲ့ ဂြိုလ်တုများကို
အချိန်နှင့်တပြေးညီ ပြသပေးနိုင်တဲ့ Line
of Sight ဆိုတဲ့ အံဖွယ် မြေပုံတစ်ခုကို ဖန်တီးခဲ့ပါတယ်။
သင်လည်း ဒီလိုကြည့်ချင်တယ်ဆို အောက်ပါလင့်လေးကို နှပ်ပြီး
မိမိမြို့အမည်ကို ထည့်ခြင်းဖြင့် မိမိတို့မြို့ပေါ်သို့ ဖြတ်သန်းသွားနေသော ဂြိုလ်တုများကို
ကြည့်နိုင်မည်ဖြစ်လေသည်။
ဒီမြေပုံဟာဆိုရင် SatNOGS ကဲ့သို့သော အရင်းအမြစ်များမှ
ရနိုင်သမျှသော Metadata များကို အသုံးပြုကာ ဖန်တီးထားခြင်း ဖြစ်ပါတယ်။
ဂြိုလ်တုကြည့်ခြင်းဆိုတာကတော့ အသစ်အဆန်းကြီးမဟုတ်ပေမယ့်
Gonzalez ကတော့ လွယ်ကူပြီး အရမ်းအဆင်ပြေတဲ့ Line of Sight နဲ့ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ကဲ သင်တို့လည်း မိမိမြို့ပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ဂြိုလ်တုတွေကို
ရှာကြည့်ရင်းနဲ့ ပျော်ရွှင်နိုင်ပါစေဗျာ…
7-12-2015
သတင်းစီစဉ် တင်ဆက်သူ : ကိုသိန်း (MEHN Team)
မိမိအိမ်ပေါ်ဖြတ်သန်းသွားလာနေသော ဂြိုလ်တုများအား အချိန်နှင့်တပြေးညီ ပြသပေးမည့် မြေပုံအား ရယူနိုင်
Reviewed by Myanmar Ethical Hacking News
on
3:13 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
3:13 PM
Rating:

No comments: