Linux Computer တစ်လုံးအား Backspace 28 ချက် နှိပ်ရုံဖြင့် Hack နိုင်
Linux
Machine တစ်လုံးအား Backspace Key လေးအား ထပ်ခါ ထပ်ခါ နှိပ်နေခြင်းဖြင့် စက်တစ်ခုလုံးအား
ထိန်းချုပ်သွားနိုင်မယ်လို့ တွေးကြည့်ဖူးပါသလား ?
အခုတော့
Security Researcher နှစ်ဦးရဲ့ ကျေးဇူးကြောင့် Locked-Down Linux တစ်လုံးအား
Backspace Key ၂၈ ကြိမ် ဆက်တိုက်နှိပ်ကာ Bypass လုပ်ပြီး ၀င်ရောက် ထိန်းချုပ်နိုင်ကြောင်းကို
သိခဲ့ရပါပြီ။
ဒါဟာ
Grub2 Bootloader ကို Exploit လုပ်ခြင်း တစ်မျိုးဖြစ်ပါတယ်။ Grub (Grand Unified
Bootloader) ကို Linux Machine တွေအတွက် Computer စဖွင့်ဖွင့်ခြင်းမှာ Initializing
အတွက် အသုံးပြုရတာဖြစ်ပါတယ်။ Password ဖြင့် ကာကွယ်ထားသော OS ကြီးတစ်ခုလုံးရဲ့ လုံခြုံရေးနဲ့
အခြားသော Boot Entries များကို ကန့်သတ်ထိန်းချုပ်ပေးထားသည့် အရာသည် Grub ပဲဖြစ်ပါတယ်။
Backspace Key ကို အဆက်မပြတ်နှိပ်ခြင်းဖြင့် Linux Machine တစ်လုံးသည် Username သာလျှင်မေးမြန်းပြီးနောက်
Grub Rescue Shell ကို ၀င်ခွင့်ပေးလိုက်မှာဖြစ်ပါတယ်။ ထိုနေရာသို့ ရောက်ရှိသွားပါက
Hacker တစ်ယောက်အနေဖြင့် Malware များအား System အတွင်းသို့ ထည့်သွင်းခြင်းနှင့် အခြားသော
အချက်အလက်များအား ထိန်းချုပ်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။
ဒီအားနည်းချက်အား
သေချာစွာ ဂရုမစိုက်မိပါက Hacker များမှ သင့် Linux Machine အား တိုက်ခိုက်လာနိုင်ပါတယ်။
ဒါကို တွေ့ရှိခဲ့သူတွေကတော့ Polytechnic University of Valencia Cyber Security Group
မှ Hector Marco နဲ့ Ismael Ripoll ဆိုသူ Security Researcher နှစ်ဦးပဲ ဖြစ်ပါတယ်။
Backspace Key အား အဆက်မပြတ် နှိပ်ခြင်းကြောင့် Grub2 တွင် Integer Overflow အားနည်းချက်
တစ်ခုဖြစ်သွားကာ ထိုမှတစ်ဆင့် ဟက်ကာများသည် Rescue Mode သို့ဝင်ရောက်ပြီး Permission
မလိုပဲ Powershell Access အား ရသွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
Grub2
Bootloader သည် Linux System အများစုတွင် အသုံးပြုနေပြီး Embedded Systems တစ်ချို့တွင်လည်း
အသုံးပြုထားကြပါတယ်။ ထို့ကြောင့်ပင် များပြားလှစွာသော Device များဟာ ဒီအားနည်းချက်ဒဏ်ကို
ခံနေရကြောင်း တွက်ဆနိုင်ပါတယ်။
သို့ပေမယ့်လည်း
သတင်းကောင်းလေးတစ်ခုကတော့ Researcher များဟာ ထို cur_len overflows အား ကာကွယ်နိုင်တဲ့
fix တစ်ခု ပြင်ဆင်ပြီးဖြစ်ပါတယ်။ အောက်ပါလင့်ကတော့ အရေးပေါ် Patch လုပ်ရန်အတွက်ပဲ ဖြစ်ပါတယ်။
ဒီအားနည်းချက်ဟာ
Grub2 version 1.98 မှ 2.02 ထို version အားလုံးပေါ် သက်ရောက်လျက် ရှိပါတယ်။ လူသိများလှသည့်
Linux Distro များဖြစ်သော Red Hat ၊ Debian ၊ Ubuntu နှင့် အခြားသော Distro များမှာလည်း
Patch များ ထွက်ပြီးဖြစ်တဲ့အတွက် Update အား Install လုပ်ရန် လိုအပ်ကြောင်း ပြောကြားထားပါတယ်။
28-12-2015
သတင်းစီစဉ်
တင်ဆက်သူ : ကိုသိန်း (MEHN Team)
Linux Computer တစ်လုံးအား Backspace 28 ချက် နှိပ်ရုံဖြင့် Hack နိုင်
Reviewed by Myanmar Ethical Hacking News
on
2:19 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
2:19 PM
Rating:

No comments: