Ubuntu Installation Tutorial
Ubuntu ဆိုတာကတော့ Linux တစ်မျိုးပဲဖြစ်ပါတယ်။
တချို့က Linux ဆိုတာနှင့် နည်းနည်းလန့်နေကြပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့
ဘယ်ပညာပဲဖြစ်ဖြစ် မတက်ခင်သာ ခက်တာပါ တစ်ကယ်တက်သွားရင်တော့ လွယ်သွားပါလိမ့်မယ်။
ဒီနေရာမှာ ကျွန်တော်တစ်ခု တောင်းဆိုချင်တာက အားလုံးပဲ လိုက်လုပ်ပေးကြဖို့ပါ။
ဒါဆိုရင် ကျွန်တော်တို့ Ubuntu ကိုတင်ဖို့ အခုပဲစလိုက်ကြရအောင်ဗျာ။
OS installation Guide (Real)
အားလုံးပဲ Windows တင်တက်မယ်ထင်လို့
ကျွန်တော်အသေးစိတ် မပြောတော့ဘူးနော်။ Windows တင်သလိုပါပဲလွယ်ပါတယ်။
အပေါ်ကအဆင့်ပြီးသွားရင်တော့ ကျွန်တော်တို့
Install Ubuntu ကိုရွေးပေးရပါမယ်။ အကယ်၍ မတင်ခင် အရင်ကြည့်ချင်သေးတယ်ဆိုရင်တော့
Try Ubuntu ကိုရွေးပေးလိုက်ပါ။
ဒီအဆင့်မှာ နည်းနည်းမှာစရာရှိတာကတော့
Install This Third Party Software ဆိုတာကို အမှန်ခြစ်ထားရင် ဖြုတ်ပေးပါ။ သူက OS နဲ့အတူ
Online ကနေ Software တွေကိုတစ်ခါတည်း Install လုပ်မှာမို့လို့ပါ။ ကျွန်တော်တို့ကတော့
OS Install လုပ်ပြီးမှ Software Center ကနေ Install လုပ်ပါမယ်။
ဒီအဆင့်မှာကတော့ စက်ထဲမှာ တခြား OS
(Windows) တင်ထားပါက တွဲတင်ဖို့အဆင့်လေး ပေးပါလိမ့်မယ်။ ကျွန်တော်ကတော့ တခြား OS မရှိတဲ့အတွက်
Erase Disk and Install Ubuntu ကိုရွေးပေးပါတယ်။
တခြား OS နဲ့အတူတွဲတင်ချင်ပါက အောက်ကအဆင့်အတိုင်း
ရွေးပေးပါ။
ဒီမှာလဲ Continue ကိုရွေးပေးပါ။ ဖြစ်နိုင်ရင်
Ubuntu မတင်ခင်အရေးကြီး Data တွေကို Backup လုပ်ထားစေချင်ပါတယ်။
အပေါ်ကအဆင့်လေးပြီးသွားရင်တော့
Reboot ချဖို့မေးပါလိမ့်မယ် Reboot ချပေးလိုက်ပါ။ ဒါဆိုရင် Ubuntu Install လုပ်တာလေးပြီးသွားပါပြီ။
OS installation guide(Virtual)
အပေါ်မှာ တင်ပြထားတာကတော့ Ubuntu ကို
ကျွန်တော်တို့စက်မှာ Real တင်ထားတာဖြစ်ပါတယ်။ ဒီတစ်ခါတော့ OS တင်ရမှာ အခက်ခဲရှိသူတွေ
အတွက်ကော ပျက်သွားမှာကို စိုးရိမ်တဲ့သူတွေ အတွက်ကော Linux ကိုစမ်းသုံးကြည့်ချင်တယ်
ဆိုသူတွေအတွက်ပါ အဆင်ပြေအောင် Ubuntu ကို Virtual Box နဲ့ Install လုပ်တာကို ဖော်ပြပေးပါမယ်။
Install မလုပ်ခင်လိုအပ်တာလေးတွေပြောပြပေးပါ့မယ်။
- Virtual Box
- Ubuntu ISO (or) DVD
Virtual Box ဆိုတာကတော့ ကျွန်တော်တို့ရဲ့စက်မှာ
OS တွေကို အများကြီးတင်လို့ရတဲ့ Software ပဲဖြစ်ပါတယ်။ Virtual Box ဆိုတဲ့အတိုင်းပဲ
သူ့ထဲက OS မှာ Error တက်ခဲ့ရင်တောင် အပြင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ Real OS ကို ထိခိုက်မှုမရှိပါဘူး။
Linux ကိုစမ်းသုံးကြည့်ချင်တယ် ဆိုရင်တော့ Virtual Box မှာပဲတင်ပြီး စမ်းသုံးဖို့ အကြံပေးလို့ပါတယ်။
ကျွန်တော်တို့တွေ အရင်ဆုံး Virtual
Box ကို Online ကနေ Download ဆွဲရပါမယ်။ Download ဆွဲလို့မရတဲ့သူတွေ ဒါမှမဟုတ် မဆွဲချင်တဲ့သူတွေကတော့
Software အခွေဆိုင်တွေမှာ မေးဝယ်လို့ရပါတယ်။
Download ဆွဲမယ့်သူတွေအတွက်ပါ။
ကျွန်တော်ကတော့ဆိုင်ကပဲဝယ်လိုက်တော့တယ်။
ဘေလ်ဖိုးမတက်နိုင်လို့ :P
ပြီးရင်တော့ Virtual Box လေးကို
Install လုပ်ပါ။
Install လုပ်ရာမှာ အောက်ကပုံလေးအတိုင်း
ပေါ်လာပါက အမှန်ခြစ်ပေးပါ။ ပြီးရင် Install ဆက်နှိပ်ပေးပါ။
ISO
ISO ဆိုတာကတော့ ကျွန်တော်တို့
Virtual Box မှာ OS တင်ရင် Drive နာမှာဆိုးလို့ Image file ပြောင်းပြီတင်ရတာပါ။ ISO
ပြောင်းတဲ့ Software တွေအများကြီးရှိပါတယ်။ ဒါပေမယ့် လူသိများတဲ့ Format Factory နှင့်
ပြောင်းလို့လည်း ရပါတယ်။ အဆင်ပြေသလို ပြောင်းလို့ရပါတယ်။
Virtual
Box Install လုပ်ပြီးသွားပြီဆိုရင်တော့ OS Install လုပ်ပါတော့မယ်။
ပထမဦးဆုံး
Desktop ပေါ်မှာရှိတဲ့ Virtual Box ကို Run လိုက်ပါ။
ပြီးရင်
Ctrl+N (or) New ကို Click ပါ။
Next
ပုံမှာပြထားတဲ့အတိုင်းလေးဖြည့်ပါ။
RAM
Size ကိုအဆင်ပြေသလိုထားပါ ကျွန်တော်ကတော့ 1024 ထားပါတယ်။
Next
Next
Next
HDD Space ပါသူ့ကိုလဲအဆင်ပြေသလိုထားပါ ကျွန်တော်ကတော့
40GB လောက်ထားပါတယ်။
ဒီလိုလေးဖြစ်သွားရင်
Start ကို နိုပ်ပေးပါ။
အပေါ်ကအတိုင်းပေါ်လာရင်
ISO တင်မယ့်သူက အ၀ါရောင် Folder လေးကိုရွေးပေးပြီး ISO ထားတဲ့ လမ်းကြောင်းကို ရွေးပေးပါ။
ပြီးရင် Next ကို နှိပ်ပါ။
အခွေနဲ့တင်မယ့်သူက
အခွေထဲ့ပြီး Next ကိုနိုပ်လိုက်ပါ။
ဒီအဆင့်ထိရောက်ပီဆိုရင်တော့ကျွန်တော်တို့အပေါ်မှာ
OS Install လုပ်တဲ့အတိုင်းလေးပဲလုပ်လိုက်ရင် OK ပါပြီ။
Tutorial
2 ကိုလည်းမကြာခင်ဆက်တင်ပေးပါမယ်။
ဒီ
post ကိုရေးသားရခြင်းကတော့ လူတိုင်း Linux ကိုမကြောက်ကြဘဲ Microsoft ကိုဝယ်သုံးရတဲ့ခေတ်ရောက်ရင်
ဝယ်မသုံးနိုင်လျှင်သော်လည်းကောင်း၊မ၀ယ်ချင်သော်လည်းကောင်း Linux ကိုပြောင်းသုံးနိုင်ဖို့အတွက်
ရေးသားရခြင်း ဖြစ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
25-12-2015
စီစဉ်
တင်ဆက်သူ : Zarni (MEHN Team)
Ubuntu Installation Tutorial
Reviewed by Myanmar Ethical Hacking News
on
4:29 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
4:29 PM
Rating:






















No comments: