USB တစ်ခုတည်းတွင် Linux နှင့် Windows ကို တပြိုင်တည်း တင်ခြင်း



ကွန်ပြူတာများတွင် Window များတင်ခြင်းကလည်း နေ့စဉ်နှင့်အမျှ တစ်ဦးမဟုတ် တစ်ဦးအတွက် လိုအပ်ချက် ဖြစ်လျှက်ရှိပါတယ်။ ယခုနောက်ပိုင်း Laptop များတွင် CD / DVD Drive များ တပ်ဆင်လာခြင်း မရှိတော့ဘဲ ပေါ့ပါးစေရန်အတွက် CD / DVD Drives များကို ဖြုတ်ပစ်ခဲ့ကြပါတယ်။ CD / DVD Drive များ မပါဝင်ခြင်းကြောင်း Laptop များသည် ပိုမို ပေါ့ပါးလာပါတယ်။ မကောင်းသည့်အချက်ကတော့ CD / DVD အခွေများ ထည့်သွင်းလို့ မရတော့ခြင်းဖြစ်သည်။

ယခင်က CD / DVD Drives များသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါတယ်။ အဘယ်ကြောင့်ဆိုသော် CD / DVD Drives များမရှိလျှင် Windows မတင်နိုင်ခြင်း ၊ Driver Software များ Installation မလုပ်နိုင်ခြင်း စသည့်အခက်အခဲများ ကြုံတွေ့ရပါသည်။ ယနေ့ခေတ်တွင် နည်းပညာတိုးတက်ထွန်းကာလာခြင်းနှင့်အတူ လူများ၏ တီထွင်ဖန်တီးမှူ့များကြောင့် CD / DVD Drives များ၏ အခန်းကဏ္ဍ မှာ တဖြည်းဖြည်း မှေးမှိန်ခဲ့ရပါတယ်။ Windows တင်ခြင်း ၊ Drivers များ Installation လုပ်ခြင်း နှင့် အခြားသော Software များ Installation လုပ်ရန်အတွက် CD / DVD Drives များသည် မရှိမဖြစ်ကဲ့သို့ အရေးမပါတော့ချေ။ CD / DVD Drives များ မရှိဘဲနှင့်လည်း USB Drives များ အသုံးပြုပြီး Windows တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင် နိုင်ပါသည်။ USB Drives များနှင့် Window တင်ခြင်းသည် CD / DVD ကိုအသုံးပြုပြီး Window တင်ခြင်းထက် ပိုမိုလျှင်မြန်ပါတယ်။

USB အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ - ပေါ့ပါးခြင်း ၊ သယ်ဆောင်ရလွယ်ကူခြင်း ၊ လျှင်မြန်ခြင်း ၊ လွယ်ကူခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားရမည် ဖြစ်သည်။

USB Drive ဖြင့် Multi Boots တင်မည်ဆိုပါက လိုအပ်သည့် ပစ္စည်းများမှာ - YUMI (Your Universal Multiboot Installer) Software , Flash Drive , ISO File စသည်တို့ဖြစ်သည်။

လုပ်ဆောင်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်သည်။


YUMI Boot Installer ကို ပေးထားသော Link တွင် Download ချပါ။ YUMI သည် Windows နှင့် Linux OS များအတွက် ရှိပါသည် မိမိ ကြိုက်နှစ်သက်သည့် Installer ကို Download ချပါ။



YUMI Installer ကို Install လုပ်ပါ။ ထို့နောက် Boot လုပ်မည့် USB Drive ကို ရွေးချယ်ပါ။ ဥပမာတွင် - Boot လုပ်ရန်အတွက် USB Drive သည် F ဖြစ်သည့်အတွက် Drive F ကို ရွေးချယ်လိုက်ပါတယ်။


Step 2 : Select a Distribution to put on F : ထဲမှ Window Vista/7/8 Installer ကို ရွေးချယ်ပါ။ Browse ကို ရွေးချယ်ပြီး တင်ချင်သော Window ISO File ကို ရွေးချယ်ထည့်ပါ။



Next ကို နှိပ်ပါ။ ထို့နောက် Yes ကို နှိပ်ပါ။ ထို့နောက် Process ပြီးဆုံးသည်အထိစောင့်ပါ။

Process ပြီးဆုံးသွားသည့်အခါ နောက်ထပ် Boot လုပ်လိုသည့် ISO File အပ်လိုပါသလား မေးပါလိမ့်မည် နောက်ထပ် ISO File ထပ်မံ အပ်လိုပါက Yes ကို ရွေးချယ်ပေးပြီး မအပ်လိုပါက No ကို ရွေးချယ်ပေးပါ။ ဥပမာတွင်တော့ နောက်ထပ် Linux OS ထပ်ပြီး တင်ချင်သည့်အတွက် Yes ကို ရွေးချယ်လိုက်ပါတယ်။

Step 2 : Select a Distribution to put on F : ထဲမှ Kali Linux ISO File ကို ရွေးချယ်ပါ။ Browse ကို ရွေးချယ်ပြီး တင်ချင်သော Kali Linux ISO File ကို ရွေးချယ်ထည့်ပါ။ ထို့နောက် အထက်တွင် ဖော်ပြထားသည့် နည်းအတိုင်း ဆက်လုပ်သွားပါ။

USB Drive အား Multiboot လုပ်သည့်အခါ သတိထားရမည့် အချက်မှာ FAT32 နှင့် Format ချရမည် ဖြစ်သည်။ အကယ်၍ Windows တစ်ခုတည်းသာတင်ချင်ပါက NTFS Format နှင့် အဆင်ပြေမည် ဖြစ်သည်။

Multiboot ဖြင့် Linux OS ကို Installation လုပ်သည့်အခါ Error အနည်းငယ်ရှိပါသည်။ Error ကို ပြင်ဆင်ရန်အတွက် အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

Linux OS ကို Installation လုပ်သည့်အခါ အောက်ပါ Error ကို မြင်တွေ့ရမည် ဖြစ်သည်။




Continue ကို နှိပ်လိုက်သည့်အခါ Options List ကို မြင်တွေ့ရမည် ဖြစ်သည်။ ထိုအခါ Execute a shell ကို ရွေးချယ်ပြီး Continue ကိုနှိပ်ပါ။



df ကိုရိုက်ထည့်လိုက်ပါ။ ထို့နောက် /dev/sdb1 ကို စစ်ဆေးပါ။ များသောအားဖြင့် /media ဖြင့် ဖော်ပြမည်ဖြစ်သည်။ ထို့နောက် အောက်ပါအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

df
rm –r /cdrom/
ln –s /media/multiboot/kali-linux-2.0-amd64 /cdrom
exit

  
kali-linux-2.0-amd64 နေရာတွင် မိမိ ထည့်သွင်းထားသော Linux ISO File Name ကို ထည့်ပါ။ တကယ်လို ISO File Name ကို မမှတ်မိပါက TAB ကို သာနှိပ်လိုက်ပါ /media/multiboot/kali-linux သည် အလိုအလျှောက် ISO File ကို အလိုအလျှောက် ရှာဖွေသွားမည် ဖြစ်သည်။ /cdrom ထဲမှ Content ကို ဖျက်ထုတ်လိုက်ပြီး kali-linux-2.0-amd64 ISO File ထည့်ပါဟု ln Command ဖြင့် ချိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် အောက်ပါအတိုင်း ဆက်လက် လုပ်ဆောင်သွားပါ။




ယခုဖော်ပြပါ နည်းလမ်းသည် အမှန်ပင်အဆင်ပြေသည့် နည်းလမ်းဖြစ်ပါတယ်။ ယခင်ကဆိုလျှင် USB Drive တစ်ခုလျှင် Window Boot တစ်ခုသာရခဲ့ရမှ ယခု Multiboot System ပေါ်ပေါက်လာသည့်အတွက် USB Drive များကို အများကြီး အသုံးပြုစရာမလိုတော့ပေ။ စာချစ်သူများအနေဖြင့် အဆင်ပြေလွယ်ကူ ကြစေရန် ရည်ရွယ်ရေးသားရခြင်း ဖြစ်ပါတယ်။ အားလုံးဘဲ အဆင်ပြေကြပါစေခင်ဗျာ…..

22-12-2015
စီစဉ်တင်ဆက်သူ : ကိုရီချင် (MEHN Team)
USB တစ်ခုတည်းတွင် Linux နှင့် Windows ကို တပြိုင်တည်း တင်ခြင်း USB တစ်ခုတည်းတွင် Linux နှင့် Windows ကို တပြိုင်တည်း တင်ခြင်း Reviewed by Myanmar Ethical Hacking News on 5:05 PM Rating: 5

No comments:

MEHN Team. Powered by Blogger.