Kali Linux 2.0 အတွက်အသုံးဝင်ဆုံး Tools 20
Penetration Testing ဆိုတာ ဘာလဲ?
Penetration Testing ဆိုတာကတော့
Network များ Websites များ ၏ အားနည်းချက်များကို ရှာဖွေပေးခြင်း ပြုပြင်ပေးခြင်း ဖြစ်သည်။
Penetration Testing လုပ်ငန်းအဆင့်ဆင့်တွင် အချက်အလက်များစုဆောင်းခြင်း ၊ အားနည်းချက်များရှာဖွေခြင်း
၊ ထိုးဖောက်ဝင်ရောက်ခြင်း ၊ အားနည်းချက်များကို ပြုပြင်ခြင်းနှင့် မှတ်တမ်းမှတ်ရာများ
ထားရှိခြင်း ဖြစ်သည်။ Penetration Testing ၏ အဓိက လုပ်ငန်းဆောင်တာကတော့ အစိုးရဆိုင်ရာအဖွဲ့အစည်းများ
ကုမ္ပဏီများ လူပုဂ္ဂိုလ်များအတွက် နည်းပညာ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စစ်ဆေးပေးခြင်း
ပင်ဖြစ်ပါတယ်။ Penetration Tester ကိုအတိုကောက်အားဖြင့် Pentester ဟုခေါ်ပါသည်။
Pentester များသည် White Hat များ ဖြစ်ကြပါသည်။ ဘာကြောင့်လဲဆိုတော့ Administrator ခွင့်ပြုချက်မရဘဲ
မည်သည့် မကောင်းသည့် ထိုးဖောင်မှူ့မျိုးမှ မလုပ်သည့် လူစားမျိုး ဖြစ်သည့် အတွက်ကြောင့်
ဖြစ်သည်။
Kali Linux ဆိုတာဘာလဲ?
Kali Linux သည် Debian Based Linux တစ်ခုဖြစ်ပြီး
Security Testing များအတွက် အထူးဖန်တီးထားခြင်း ဖြစ်သည်။ Kali Linux တွင် Penetration
Testing ပြုလုပ်ခြင်း Forensics ပြုလုပ်ခြင်းနှင့် Reverse Engineering တို့အတွက် အမျိုးအစား
ခွဲခြားထားပါတယ်။ Kali Linux ကို Offensive Security ပိုင်းအတွက် အထူးဖန်တီးထားခြင်း
ဖြစ်သည်။ Offensive Security ဆိုသည်မှာ ကာကွယ်ရေးအတွက် ဖြစ်သည်။
Kali Linux 2.0 တွင်ပါဝင်သည့် အကောင်းဆုံး
Top 20 Tools List ကို ဗဟုသုတရစေရန် အလို့ဌာ ဖော်ပြပေးလိုက်ပါတယ်။
Metasploit
Metasploit Framework သည် Pen Testing
အတွက်အကောင်းဆုံး Framework တစ်ခု ဖြစ်ပါတယ်။ Metasploit Framework တွင် payloads,
auxiliary, encoded, စသည် တိုက်ခိုက်နိုင်သည့် နည်းလမ်းများ ပါဝင်ပါတယ်။ Metasploit
Framework ကို Graphical User Interface (GUI) သို့မဟုတ် Command Line စသည့် ပုံစံနှစ်မျိုးဖြင့်
တွေ့နိုင်ပါသည်။ Apple Mac Os X နှင့် Microsoft Window များနှင့်လည်း တွဲဖက် လုပ်ကိုင်နိုင်ပါသည်။
Kali Linux တွင် ပါဝင်သော Metasploit သည် Free Version ဖြစ်ပြီး အမှန်တကယ်ကောင်းမွန်ပြီး
Powerful ဖြစ်သည့် Metasploit Framework ကို အသုံးပြုချင်ပါက ၀ယ်ယူအသုံးပြုရမည် ဖြစ်သည်။
Penetration Testing လုပ်ငန်းများအတွက် မရှိမဖြစ် Tool တစ်ခု ဖြစ်သည်။
Armitage
Armitage သည် အနီရောင်အဖွဲ့ ဖြစ်ပါတယ်။
Metasploit Tool နှင့် တွဲဖက်ပြီး Penetration Testing လုပ်ငန်များကို လုပ်ဆောင် နိုင်ပါတယ်။
Armitage လုပ်ဆောင် နိုင်ချက်များကတော့ - sessions များကို အသုံးပြုနိုင်ခြင်း ၊
Host များကို Scan ဖတ်ပေးနိုင်ခြင်း ၊ အချက်အလက်များကို ဖမ်းယူနိုင်ခြင်း ၊ Hosts များအကြား
Share လုပ်ဆောင်နိုင်ခြင်း စသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ပါသည်။
Download : http://www.fastandeasyhacking.com/download
Wireshark
Wrieshark ကိုတော့ Network Protocol
Analyzes အတွက် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ Wireless Network များဖြင့် အချက်အလက်များ
စီးဆင်းနေမှူ့များကို ဖမ်းယူရရှိနိုင်ပါတယ်။ Wireshark ကို Window ,Linux OS , Salaries
, Free BSD , NetBSD တို့တွင်လည်း အသုံးပြုနိုင်ပါတယ်။
Download : https://www.wireshark.org/download.html
Burpsuite
Burpsuite သည်လည်း Scanner သမားများအတွက်
မရှိမဖြစ်လိုအပ်တဲ့ အရာပါဘဲ။ Burpsuite သည် များပြားလှသည့် Security Testing များကို
Free Version ဖြင့် မရနိုင်ပါ။ Burpsuite ၏ Options အားလုံးကို အသုံးပြုချင်ပါက ၀ယ်ယူရမည်
ဖြစ်သည်။ Burpsite သည် Websites များ၏ အားနည်းချက်များကို စစ်ဆေးပေးနိုင်ခြင်း
Network များ၏ အားနည်းချက်များကို စစ်ဆေးပေးနိုင်ခြင်း စသည့် လုပ်ငန်းဆောင်တာပေါင်း
များစွာကို လုပ်ဆောင်ပေးနိုင်ပါတယ်။
Download : https://portswigger.net/burp/download.html
Acunetix
Acunetix သည် Web application များကို Scanning လုပ်ဆောင်မှုမှာ
မရှိမဖြစ်လိုအပ်တဲ့အရာပါ။ SQL Injection , Cross Site Scripting Testing စသည်တို့ကို
လုပ်ဆောင်နိုင်ပါတယ်။
John the Ripper
John the Ripper သည် Password Cracker တစ်ခုဖြစ်သည်။ Password များကို
Crack လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော Tool တစ်ခုလည်းဖြစ်သည်။ Password Cracking လုပ်ငန်းများကို
အလျှင်မြန်ဆုံး လုပ်ဆောင်ပေးနိုင်ပါသည်။ Hash Code များဖြင့် ၀ှက်ထားသော Password များကို
Crack နိုင်ပါသည်။
Download : http://www.openwall.com/john/
Social Engineer Toolkit
Social Engineer Tookit သည် System များကို
တိုက်ခိုက်ဖို့ထက် လူများကို တိုက်ခိုက်ရန်အတွက် ဖန်တီးထားသော Tool တစ်ခု ဖြစ်သည်။
Social Engineer Tookit တွင် Email များကို အတုလုပ်ခြင်း ၊ SMS များ ဖြင့်တိုက်ခိုက်ခြင်း
၊ Website အတုများ ပြုလုပ်တိုက်ခိုက်ခြင်း စသည့်တို့ဖြင့် တိုက်ခိုက်နိုင်သည့် နည်းလမ်းပေါင်း
မြောက်များစွာ ပါဝင်ပါတယ်။
Download : https://www.trustedsec.com/social-engineer-toolkit/
Nmap
Nmap သည် Network Mapper ၏ အတိုကောက်
စကားလုံးဖြစ်သည်။ Nmap သည် Network များကို Scan ဖတ်ပေးနိုင်ခြင်း အားနည်းချက်များကို
ဖော်ထုတ်ပေးနိုင်ခြင်းနှင့် အခြားသော အရေးကြီးသည့် လုံခြုံရေးအချက်အလက်များကို ဖော်ထုတ်ပေးနိုင်ခြင်း
စသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ပါတယ်။ Nmap သည် Network Scanning လုပ်ငန်းအတွက်
မရှိမဖြစ် လိုအပ်သော Tool တစ်ခု ဖြစ်သည်။
Download : https://nmap.org/download.html
BeEF
BeEF သည် Browser Exploitation
Framework ၏ အတိုကောက် စကားလုံးဖြစ်သည်။ Penetration Testing အတွက် Web Browser ၏ လုံခြုံရေးအပိုင်းသည်လည်း
တစ်ခုအပါအ၀င်ဖြစ်သည်။ BeEF တွင် GUI ပါဝင်ပြီး Linux , Mac OS , Windows OS စသည်တို့တွင်
ကောင်းစွာ အလုပ်လုပ်နိုင်ပါတယ်။
Download : http://beefproject.com/
Aircrack-ng
Aircrack-ng သည် 802.11 ၏ WEP နှင့်
WPA-PSK Keys များကို Crack လုပ်ပေးနိုင်သော Tool တစ်ခု ဖြစ်သည်။ တနည်းအားဖြင့်
Wireless System များကို ထိုးဖောက် တိုက်ခိုက်နိုင်သော Tool တစ်ခု ဖြစ်သည်။
Aircrack-ng သည် Wireless Network များကို ထိုးဖောက်နိုင်ရုံသာမက အခြားသော တိုက်ခိုက်နည်းများ
ဖြင့်လည်း တိုက်ခိုက်နိုင်ပါတယ်။
Download : http://www.aircrack-ng.org/downloads.html
Sqlmap
Sqlmap သည် Penetration Testing Tool
တွေထဲမှာ အကောင်းဆုံးများထဲမှ တစ်ခုအပါအ၀င်ပါဖြစ်ပါတယ်။ Application နှင့်
Security Vulnerability ကို ပေါင်းစပ်ပြီး Tool တစ်ခု အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။
Python ဖြင့်ရေးသားထားပြီး Websites များ၏ အားနည်းချက်များကို ဖော်ထုတ်ရာတွင် အဓိကသုံးပါတယ်။
Linux , Mac OS and Window OS များတွင် ကောင်းမွန်စွာ အလုပ်လုပ်ပါသည်။
Download : http://sqlmap.org/
Ettercap
Ettercap သည် Open Source Network
Security Tool တစ်ခုဖြစ်သည်။ Network အတွင်းရှိ အခြားသော System များကို Man In
The Middle Attack (MIMA) နည်းလမ်းဖြင့် တိုက်ခိုက်နိုင်ပါသည်။ ထို့အပြင် အခြားသော
Network Analysis and Security Testing များကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ Linux ,
Mac OS , Window OS တို့တွင် ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။
Hydra
Hydra သည် Cracking Tool တစ်ခု ဖြစ်ပါသည်။
Password များကို Brute force Attack ဖြင့် တိုက်ခိုက်ပေးနိုင်သော Tool ဖြစ်သည်
Hydra ဖြင့် တိုက်ခိုက်နိုင်သော Services များမှာ - IMAP , SMB , HTTP , VNC ,
MS-SQL , MySQL , SMTP , SSH အစရှိသည့်
Services များကို တိုက်ခိုက်နိုင်ပါသည်။ Hydra နှင့် John and Ripper ၏ ကွာခြားချက်မှာ
Hydra သည် အင်တာနက်ကို အသုံးပြုပြီး Password ကို Crack ပေးခြင်း ဖြစ်သည်။ John
and Ripper သည် အင်တာနက်မရှိဘဲနှင့် Crack ပေးနိုင်ပါသည်။
Download : http://sectools.org/tool/hydra/
Maltego
Maltego သည် သတင်းအချက်အလက်များကို စုစည်းခြင်း
လုပ်ငန်းတွင် အဓိက အသုံးပြုပါသည်။ တစ်စုံတစ်ယောက်၏ အချက်အလက်တွေကို စုံစမ်းမယ် ဒါမှမဟုတ်
Company တစ်ခု၏ အချက်အလက်များကို စုဆောင်းရှာဖွေသည့် နေရာတွင် အလွန်သုံးဝင်သော
Tool တစ်ခုဖြစ်သည်။
Nikto
Nikto သည် Web Scanning ပြုလုပ်ရာတွင်
အထူးပင် ကောင်းမွန်သော Tools တစ်ခုဖြစ်သည်။ Website ၏ အရေးကြီးသော အားနည်းချက်များကို
ထုတ်ဖော်ပေးနိုင်ပါတယ်။
Download : http://sectools.org/tool/nikto/
Sqlninja
Sqlninja သည် SQL Injection Attack အတွက်
အထူးဖန်တီး ထားခြင်း ဖြစ်သည်။ Command Line များဖြင့် အသုံးပြုရပြီး Linux , Mac
OS တို့နှင့် တွဲဖက်အသုံးပြုနိုင်ပါတယ်။ Window OS အတွက် ဖန်တီးထားခြင်း မရှိချေ။
HaCoder.py
HaCoder.py သည် Python အသုံးပြုထားသော
FUD RAT (Fully Undetectable Remote Administration Tool) ဖြစ်သည်။ Luka Sikic မှရေးသားထားပြီး
Victim သားကောင် Machine များကို ထိန်းချူပ်ရန်အတွက် ဖြစ်သည်။
Download : https://github.com/LukaSikic/HaCoder.py
CORE Impact
Core impact ကတော့ Mobile Devices များကို
ထိုးဖောက်ခြင်း Network Devices များကို ထိုးဖောင်ခြင်း Password များကို Crack လုပ်ပေးနိုင်ခြင်း
စသည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ပါတယ်။ Command Line နှင့် GUI နှစ်မျိုး စလုံးဖြင့်
အသုံးပြုနိုင်ပြီး Window OS တွင် ကောင်းစွာ အလုပ်လုပ်ပါတယ်။ ဒီ Tool ကတော့ ဈေးအကြီးဆုံး
Tools များထဲတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။
Download : http://www.coresecurity.com/core-impact-pro
Immunity’s CANVAS
Immunity’s CANVAS ၏ အသုံးပြုပုံသည် အလွန်ပင်ကျယ်ပြန့်ပါတယ်။
Exploit ပေါင်း ၄၀၀ ကျော် နှင့် Payloads ပေါင်း မြောက်များစွာ ပါဝင်ပါတယ်။
Command Line နှင့် GUI Interface ပါဝင်ပါတယ်။ Linux , Mac OS , Window OS များတွင်
ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်။
Nessus
Nessus သည် အားနည်းချက်များကို စစ်ဆေးပေးနိုင်သော
Network Scanner ဖြစ်သည်။ Network Scanner အတွက် အထူးပင် ကောင်းမွန်သော Tool တစ်ခု
ဖြစ်သည်။ Linux တွင် Default ပါဝင်သည်မှာ Free Version ဖြစ်သည်။ Nessus ၏ Options အားလုံးကို
အသုံးပြုချင်ပါက ၀ယ်ယူအသုံးပြုရမည် ဖြစ်သည်။
Download : http://www.tenable.com/products/buy
Penetration Tester များသည် Security
ဆိုင်ရာ Website များ Network များ၏ အားနည်းချက်များကို စစ်ဆေးရာတွင် အထက်ပါ Tools
များ ဖြင့် စစ်ဆေးကြည့်ရူပါသည်။ Tools များတွင် အချို့မှာ Free Version ဖြစ်သော်လည်း
အပြည့်အ၀အသုံးပြုနိုင်ပြီး အချို့မှာ Free Version ဖြင့် အသုံးပြုပါက အပြည့်အ၀ အသုံးမပြုနိုင်ပေ။
အပြည့်အ၀ အသုံးပြုချင်ပါက ၀ယ်ယူအသုံးပြုရမည် ဖြစ်သည်။
23-12-2015
စီစဉ်တင်ဆက်သူ : ပိုင်လင် (MEHN
Team)
Kali Linux 2.0 အတွက်အသုံးဝင်ဆုံး Tools 20
Reviewed by Myanmar Ethical Hacking News
on
3:37 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
3:37 PM
Rating:

No comments: