သမိုင်းဝင် အကြီးမားဆုံး 602 Gbps DDoS Attack
Cyber တိုက်ခိုက်မှူ့များသည် နေ့စဉ်နှင့်အမျှ
ဖြစ်ပွားလျှက်ရှိပါတယ်။ အထူးသဖြင့် စီးပွားရေးဆိုင်ရာ ကုမ္ပဏီးများအတွက် တကယ့်ကို ခြောက်ခြားဖွယ်ရာပါဘဲ။
အဘယ့်ကြောင့်ဆိုသော် ဆိုက်ဘာ တိုက်ခိုက်မှူ့ခံရပါက ပျက်စီးဆုံးရှုံးမှူ့ပမာဏသည် မနည်းလှပေ။
Distributed Denial of Service (DDoS) ဟုခေါ်သော ဆိုက်ဘာတိုက်ခိုက်သည့် နည်းလမ်းသည်လည်း
Attacker or Hacker များ မကြာခဏအသုံးပြုသော အစွမ်းထက် လက်နက်တစ်ခုသဖွယ် ဖြစ်လို့နေပါတယ်။
DDoS ဖြင့် တိုက်ခိုက်ခြင်းခံရသော Server သည် အချိန်ပိုင်း Down သွားမည် ဖြစ်သည်။
ယခုအချိန်အထိ DDoS နည်းလမ်းဖြင့် တိုက်ခိုက်ခံရသော
အကြီးမားဆုံး Website မှာ BBC Website နှင့် Donald Trump Website တို့ဖြစ်သည်။
BBC Website တိုက်ခိုက်ခံရချိန်တွင် Server သည် 600 Gbps အထိ Overload ဖြစ်သွားခဲ့ပါတယ်။
သမိုင်းဝင် အကြီးဆုံ DDoS တိုက်ခိုက်မှူ့
New World Hacking ဟု ခေါ်တွင်သော
Hacking Group တစ်ခုသည် ပြီးခဲ့သည့် ရက်ပိုင်းများတွင် BBC Global Website နှင့်
Donald Trump Website များကို တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ အဖွဲ့၏ ပစ်မှတ်မှာ BBC ၏
Website အခွဲပေါင်း အားလုံးကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်မှူ့များကြောင့်
BBC Website သည် ၃ နာရီကြာ ပြင်ဆင်ခဲ့ရပြီး ပြင်ဆင်နေစဉ်ကာလအတွင်း Website ကို ပိတ်ထားခဲ့ရပါတယ်။
တိုက်ခိုက်မှူ့ကြောင့် Webserver တွင် 600 Gbps အထိ Overload ဖြစ်ခဲ့ပါတယ်။ DDoS ဖြင့်
တိုက်ခိုက်ခဲ့သော သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး တိုက်ခိုက်မှူ့ ဖြစ်ပါတယ်။
600 Gbps Overload ဖြစ်အောင် တိုက်ခိုက်နိုင်ဖို့အတွက် အင်တာနက်ကောင်းကောင်းရှိရပါမယ်
DDoS Tool ကောင်းကောင်းရှိဖို့ လိုအပ်မည် ဖြစ်သည်။
BangStresser DDoS Attack Tool
တိုက်ခိုက်သူများအဖွဲ့ထဲတွင်ပါဝင်သော
Ownz ဟု ခေါ်တွင်သော လူတစ်ယောက်မှ သူတို့တွင် BangStreesser ဟုခေါ်သော စွမ်းအားပြင်း
DDoS Tool တစ်ခုရှိကြောင်း ထို Tool ဖြင့် BBC Websites များကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း
ကြေငြာခဲ့ပါတယ်။ တိုက်ခိုက်ခြင်းအား သက်သေပြသည့်အနေဖြင့် တိုက်ခိုက်စဉ်တုန်းက ရိုက်ယူထားခဲ့သော
Screen Shot အချို့ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
BBC Website သာမက Amazon Web Services
Servers ကို လည်း တိုက်ခိုက်ခြင်း ပြုခဲ့ပါသေးတယ်။ “Amazon ကို ထိုးဖောက်ဖို့ ကျွှန်တော်တို့မှာ
ကိုယ်ပိုင်နည်းလမ်းရှိနေပါပြီ ယခုတိုက်ခိုက်ခြင်းသည် စမ်းသပ်ခြင်းဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ
အင်တာနက်တွင် မဟုတ်မှန်လုပ်ကြံ သတင်းများလွှင့်နေသော ISIS Website များကို အဓိကထား တိုက်ခိုက်ရန်အတွက်ဖြစ်သည်”
ဟု Ownz မှ ပြောကြားခဲ့ပါတယ်။
Lizard Squad ဟုခေါ်သော Hacking အဖွဲ့မှလည်း
၎င်း တို့၏ DDoS Tool ကို ကြော်ငြာရန်အတွက် Playstation Network နှင့် Microsoft Xbox
Live တို့ကို တိုက်ခိုက်ပြခဲ့ပါတယ်။ Lizard Squad မှ ထုတ်လုပ်သော DDoS Tool ကို
Lizard Stresser ဟု ခေါ်တွင်ပြီး မြေအောက်လောကတွင် ၀ယ်ယူနိုင်ပါတယ်။
22-1-2016
သတင်းစီစဉ် တင်ဆက်သူ : ပိုင်လင်
(MEHN Team)
သမိုင်းဝင် အကြီးမားဆုံး 602 Gbps DDoS Attack
Reviewed by Myanmar Ethical Hacking News
on
8:51 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
8:51 PM
Rating:

No comments: