BlackPOS ရေးသူ၏ ဖျက်ရန်ကျန်ခဲ့သော Social Network Page အားခြေရာခံမိခြင်း
Cyber လုံခြုံရေးထောက်လှမ်းသည့် လုပ်ငန်းတစ်ခုဖြစ်သော
IntelCrawler သည် မြေအောက်လောကတွင် Ree[4] အမည်ဖြင့် Target နှင့် Neiman Marcus လက်လီဆိုင်များအား
တိုက်ခိုက်ခဲ့သော BlackPOS/ Kaptoxa Malware အား ရေးသားခဲ့သော ဆယ်ကျော်သက်တစ်ယောက်ကို
လွန်ခဲ့သော ရက်အနည်းငယ်က ခြေရာခံမိခဲ့ကြောင်း ကြေညာခဲ့သည်။
Malware နမူနာကို ၂၀၁၃ ခုနှစ် မတ်လတွင်
ဖန်တီးခဲ့ပြီး ဩစတေးလျ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့တွင် အသုံးပြုခဲ့ကြောင်း မှတ်တမ်းများအရ
သိရသည်။ ကနဦးပေးထားသောအမည်မှာ Kaptoxa (ရုရှားအခေါ်အားဖြင့် “အာလူး”) ဖြစ်ပြီး နောက်ပိုင်းတွင်
Dump Memory Grabber by Ree[4] ဟူ၍ ပြောင်းလဲကာ မြေအောက်စကားဝိုင်းများတွင် တင်ပေးခဲ့သည်။
သို့သော်လည်း မူရင်းအမည်ဖြစ်သော BlackPOS ကိုမူ C&C Server တွင် မပြောင်းလဲဘဲ ဆက်လက်ထားရှိခဲ့သည်။
သို့ရာတွင် တိုက်ခိုက်ခံရမှုများသည် Ree[4] နှင့် တိုက်ရိုက်ပတ်သက်မှုမရှိခဲ့ပေ။
Ree[4] သည် BlackPOS ကို အရှေ့ဥရောပနှင့် အခြားနိုင်ငံများမှ Cyber ရာဇဝတ်ဂိုဏ်းများထံ
ရောင်းချပေးခဲ့သည်။ မြေအောက် အကြွေးဝယ်ကဒ်ဆိုင်များ ဖြစ်သည့် Rescator,
Track2.name နှင့် Privateservices.biz တို့သည် သူ၏ ဖောက်သည်ကောင်းများ ဖြစ်ခဲ့သည်။
BlackPOS/Kaptoxa ဟူ၍ စတင်သုံးနှုန်းသော
လုပ်ငန်းမှာ iSIGHT Partners မှဖြစ်ပြီး Source Code ပြန့်သွားခဲ့မှုကြောင့် အလွယ်တကူပြောင်းလဲ
ပြင်ဆင်မွမ်းမံသုံးစွဲနိုင်သော Malware တစ်ခုဖြစ်လာခဲ့သည်။ IntelCrawler ၏ တွေ့ရှိထားချက်အရ
Ree[4] မှာ ရုရှား Hacker တစ်ယောက်ဖြစ်သော Sergey Taraspov ဖြစ်သည်။ စိန့်ပီတာစဘတ်တွင်နေထိုင်ပြီး
Malware များရေးသားရာတွင် လူသိများသော မြေအောက် Programmer တစ်ယောက်ဖြစ်သည်။
အမေရိကန်၊ ဩစတေးလျနှင့် ကနေဒါတို့ရှိ
စကားဝှက်အားနည်းသော POS စက်များကို အဖျက်စွမ်းအား ကြီးမားသော RDP brute-forcing နည်းဖြင့်
တိုက်ခိုက်နေကြောင်း လက်လီဆိုင်များ တိုက်ခိုက်မှုမခံရမီကပင် IntelCrawler က သတိပြုမိခဲ့သည်။
လိုက်လံထောက်လှမ်းမှုများအရ Exploit.in အမည်ရှိ မြေအောက်စကားဝိုင်းတစ်ခုတွင် ၂၀၁၃ ခုနှစ်အစပိုင်းက
Dump CC Memory Grabber (POS-Trojan) အမည်ဖြင့် ရောင်းချနေကြောင်း သိရှိခဲ့ရသည်။
Cyber ကျွမ်းကျင်သူတစ်ယောက် ဖြစ်သော်လည်း
Ree[4] သည် Social Networking များအား ထောက် လှမ်းနိုင်မှုကို လျှော့တွက်ခဲ့သည်။ ရုရှားနိုင်ငံရှိ
လူသုံးများသော Social Network တစ်ခုဖြစ်သည့် VKontakte တွင် https://vk.com
/ree4_ree4 ဟူသောအမည်ကို တွေ့ရှိခဲ့သည်။ ဤအချက်သည် သက်သေ ဟူ၍ ယူဆမရသေးပေ။ သို့ရာတွင်
အသေးစိတ်အချက်အလက်များကို စစ်ဆေးသောအခါ ဝါသနာနေရာတွင် Coding ဖြစ်သည်ဟူသော အချက်ပါရှိကြောင်း
ထပ်မံသိရှိခဲ့သည်။ ဆက်လက်စုံစမ်းကြည့်သောအခါ Ree[4] ဟူသော အမည်အောက်တွင် Sergey
Taraspov ၏ နည်းပညာအထောက်အပံ့ယူ၍ အနီးကပ်လုပ်ကိုင် နေသော Rinat Shibaev ဆိုသူရှိနေကြောင်းကို
ဖော်ထုတ်နိုင်ခဲ့သည်။ အသေးစိတ်အချက်အလက်များကို IntelCrawler မှ ပညာရှင်များဖြစ်သော
Andrew Komarov နှင့် Dan Clements တို့က ထပ်မံဖော်ထုတ် ပေးဦးမည် ဖြစ်သည်။
25-1-2016
သတင်းစီစဉ် တင်ဆက်သူ : Nub90d (MEHN
Team)
BlackPOS ရေးသူ၏ ဖျက်ရန်ကျန်ခဲ့သော Social Network Page အားခြေရာခံမိခြင်း
Reviewed by Myanmar Ethical Hacking News
on
11:04 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
11:04 AM
Rating:

No comments: