Anonymous များ၏ ထင်ရှားသော တိုက်ခိုက်မှူ့ ၈ ခု



Anonymous Hacker အဖွဲ့များ၏ လှူပ်ရှားမှူ့များကို သုတေသနပြုလုပ်သူများသည် Anonymous တို့၏ သမိုင်းဝင် တိုက်ခိုက်ခြင်းများကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Anonymous Hacktivists များသည် တိုးတိုးတိတ်တိတ် လူအများကြား ရေပန်းစားလာခဲ့ခြင်းမဟုတ်ပါဘူး ကြီးမားသည့် စွန့်စားမှူ့များကို ပြုလုပ်ပြီး လူအများ၏ စိတ်ဝင်စားမှူ့ကို ရယူနိုင်ခဲ့ကြပါတယ်။ သူတို့၏ လှူပ်ရှားမှူ့များကိုလည်း Social Network များအပေါ်တွင် လွင့်တင်ပြီး လူများ ပိုမို စိတ်ဝင်စားလာစေရန် လုပ်ဆောင်ခဲ့ပါတယ်။ Anonymous များ၏ အမှတ်အသားကတော့ Guy Fawkes ဟုခေါ်တွင်သော မျက်နှာဖုံးဖြစ်ပြီး သူတို့ကိုယ်သူတို့တော့ Anonymous ဟု ခေါ်တွင်ကြပါတယ်။ Guy Fawkes မျက်နှာဖုံးသည် V ပုံသဏ္ဍန် ရှိပါတယ်။ V ပုံသဏ္ဍန်မှာ Vendetta ဆိုသည့် လက်စားချေခြင်းဟု အဓိပ္ပါယ်ရပါတယ်။ ဆိုလိုသည်မှာ တိုက်ခိုက်ရန် အမြဲ အဆင်သင့် ဖြစ်နေခြင်း လက်တုံ့ပြန်ခြင်း လက်စားချေခြင်း စသည့် သဘောကို ဆောင်ခြင်း ဖြစ်ပါတယ်။


Project Chanology Attack (2008)

Project Chanology Attack (Operation Chanology) သည် ၂၀၀၈ ခုနှစ်တွင် ပေါ်ပေါက်လာသော ကြီးမားသော တိုက်ခိုက်မှူ့တစ်ခုလည်းဖြစ်သည်။ ဖြစ်ပွားရသည့်အကြောင်းရင်းမှာ Church of Scientology မှ စစ်းသပ်စစ်ဆေးမှူ့များကို ဆန့်ကျင်သောအားဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။ Church of Scientology သည် ကမ္ဘာကျော် တွမ်ခရုမင်းသား၏ အင်တာဗျူးတစ်ခုကို ပိတ်ပစ်ရန် Youtube အား ဖိအားပေးခဲ့ခြင်းမှ စတင်ခဲ့သည်။ တွမ်ခရုမင်းသား၏ Mission Impossible ဇာတ်ကားအကြောင်း အင်တာဗျူးတစ်ခုတွင် တွင်ခရုမှ “လူအချင်းချင်းသာ ကူညီနိုင်ပါတယ် ကယ်တင်နိုင်ပါတယ် ဘုရားသခင်မှ မကူညီနိုင်ပါဘူး” ဟူသော စကားသည် ဘုရားသခင်နှင့် ဆန့်ကျင်ခြင်းဖြစ်ခြင်းကြောင့် Church of Scientology မှ အင်တာနက်အပေါ်တွင် လွှင့်တင်ရန်ကို ရပ်တန့်ရန် ဖိအားပေးခဲ့ပါသည်။ ထိုအချက်ကို Anonymous များက မကျေနပ်သောအားဖြင့် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။ Church of Scientology မှပြုလုပ်သော ဘုရားသခင်နှင့် ပတ်သက်သည့် လက်တွေ့စမ်းသပ်မှူ့များကိုလည်း ဆန့်ကျင်ခဲ့သည်။ Anonymous တို့သည် “Knowledge is Free” “Don’t Influence on US” စသည့် ကြွေးကြော်သံများ ကြွေးကြော်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အင်တာနက်တွင်သာမက အပြင်တွင်ပါ ဆန္ဒပြပွဲများ ဖြစ်ပွားသည်အထိ ပြင်းထန်ခဲ့ကြပါတယ်။



Dark Discovery Attack(2011)

Hidden Wiki တွင် ရှိသော Underground Websites များသည် ဥပဒေနှင့် မလွတ်ကင်းသော အလုပ်များကို လုပ်ဆောင်လေ့ရှိကြပါသည်။ မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်း လက်နက်များရောင်းဝယ်ခြင်း ကလေးပြည့်တန်ဆာလုပ်ငန်းများလုပ်ကိုင်ခြင်း တရားမ၀င် ပတ်စပို့များ လုပ်ဆောင်ပေးခြင်း စသည့် ဒုစရိုက်မှူ့မျိုးစုံ အကုန်အလွယ်တကူရနိုင်သည့် ဒုစရိုက်မြို့တော်ကြီးဖြစ်သည်။ Anonymous များသည် တရားမျှတမှူ့အတွက် Dark Net ထဲသို့ဝင်ရေက်ပြီး Lolita City ကို တိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်ရသည့်အကြောင်းရင်းမှာ ထိုမြို့တွင် ကလေးပြည့်တန်ဆာ လုပ်ငန်းများ ကလေးပြည့်တန်ဆာ Websites များ သည် အခြားနေရာများထက် ပိုမိုများပြားစွာ ရှိနေခြင်းကြောင့် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။


BART (Bay Area Rapid Transit ) Attack (2011)

BART Attack သည် ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့ပါသည်။ ဖြစ်ပွားရသည့်အကြောင်းရင်းမှာ BART သည် မြို့တွင်းနေရာများတွင် ဖုန်းခေါ်ဆိုမှူလိုင်းများကို ဖြတ်တောက်ပစ်ရန် အရေးကြီးသော အခြေအနေပင် ဖြစ်လင့်ကစား ဖုန်းလိုင်းများကို ဖြတ်တောက်ထားရန် ဖုန်းကုမ္ပဏီများသို့ အမိန့်ထုတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ Anonymous Hacktivists များသည် အဆိုပါ အမိန့်မှာ တရားမျှတမှူ့မရှိကြောင်း ဖုန်းခေါ်ဆိုမှူ့များကို အချိန်တိုင်း နေရာတိုင်းတွင် ပြုလုပ်နိုင်ကြောင်း စသည်ဖြင့် ကြွေးကြော်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Anonymous တို့သည် BART Website ကို တိုက်ခိုက်ခဲ့ပြီး BART ၏ အကြီးအကဲပုံကို ရုပ်ပြောင်ပြုလုပ်ကာ BART Website ၏ ပထမဆုံး စာမျက်နှာသို့ လွှင့်တင်ခဲ့ကြသည်။ ထို့အပြင် BART တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကိုလည်း အင်တာနက်ပေါ်သို့ လွင့်တင်ခဲ့ကြပါသည်။


CyberGate (2011)

HBGary Federal ၏ CEO ဖြစ်သူ Aaron Barr သည် သူ၏ အဖွဲ့အစည်းတွင် ရှာဖွေတွေ့ရှိခဲ့သော Anonymous များနှင့် ပတ်သက်သော အချက်အလက်များကို ကွန်းဖရင့် တစ်ခုတွင် ထုတ်ဖော်ခဲ့သည်။ Aaron Barr ၏ ထုတ်ဖော်ချက်များသည် Anonymous တို့အတွက် ထိုးနှက်ချက်များ ဖြစ်နေခဲ့သည်။ ထို့ကြောင့် Anonymous များသည် HBGary Website ကို တိုက်ခိုက်ခဲ့ပြီး မူလစာမျက်နှာတွင် Anonymous တို့၏ စာမျက်နှာကို အစားထိုးခဲ့ပြီး Message တစ်ခု ရေးသားထားသည်။ ရေးသားထားသော Message မှာ “Anonymous တို့အကြောင်း မဖွခင် နှစ်ကြိမ် စဉ်းစားသင့်တယ်” ဟူ၍ ပါရှိပါတယ်။ ထို့အပြင် HBGary Federal ၏ Mail System ထဲသို့ Email ပေါင်း 70,000 ခန့်ပေးပို့ခဲ့ပါသည်။ Aaron Barr သည် WikiLeaks , Hunton & Williams တို့ကို ဆန့်ကျင်ရေးသား ဖော်ပြခဲ့ခြင်းများကြောင့် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။


Federal Attack (2012)

အမေရိကန်နိုင်ငံဆိုင်ရာ Copyright ဥပဒေငြိစွန်းခြင်းကြောင့် File Sharing Website တစ်ခုဖြစ်သော Megaupload Website အပိတ်ခံခဲ့ရပါသည်။ ထို့ကြောင့် Anonymous များသည် လက်စားချေသောအနေဖြင့် အမေရိကန်နိုင်ငံ၏ Motion Picture Association of America Website ကို တိုက်ခိုက်ခဲ့ပါတယ်။


WTO (World Trade Organization) Attack (2015)

WTO Attack သည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့ပါသည်။ Hacker များသည် WTO Website ကို Hack ခဲ့ပြီး အချက်အလက်များကို အင်တာနက်အပေါ်သို့လွှင့်တင်ခဲ့ပါသည်။ လွှင့်တင်ခဲ့သော အချက်အလက်များမှာ ဖုန်းနံပါတ်များ အီးမေလ်းလိပ်စာများ အမည်များ နေရပ်လိပ်စာများ စသည်တို့ပါဝင်ပါတယ်။


Donald Trump Website Attack (2015)

Donald Trump သည် ၎င်း၏ Website တွင် မွတ်စလင်လူမျိုးများ အမေရိကန်သို့ ၀င်ရောက်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည့် စာများကို ဝေေ၀ဆာဆာဖော်ပြခဲ့သည်။ ထိုသို့သော ဖော်ပြချက်များကြောင့် Anonymous မှ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ Donald Trump Website သည် အချိန်အတော်ကြာ Down သွားပြီး Twitter အကောင့်သည်လည်း တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ထို့အပြင် Anonymous တို့သည် Donald Trump အတွက် Video Message ကို Youtube ပေါ်သို့ လွှင့်တင်ခဲ့သည်။ Youtube Video File တွင် ပေးထားသော Message မှာ “စကားမပြောခင် နှစ်ကြိမ် စဉ်းစားပါ” ဟု ပါရှိပါတယ်။


ISIS Website Attack

Ghost Sec ဟု ခေါ်တွင်သော Anonymous Hacker Group သည် ISIS ၏ သတင်း Website အတော်များများကို တိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်ရသောအကြောင်းရင်းမှာ ထိုသတင်းဌာနများတွင် Viagra and Prozac ဟု ခေါ်သော မူးယစ်ဆေးဝါး များကို ရောင်းဝယ်သော ကြော်ငြာအများအပြားကို မြင်တွေ့ရခြင်း ကြောင့်ဖြစ်သည်။

29-1-2016
သတင်းစီစဉ် တင်ဆက်သူ : ပိုင်လင် (MEHN Team)
Anonymous များ၏ ထင်ရှားသော တိုက်ခိုက်မှူ့ ၈ ခု Anonymous များ၏ ထင်ရှားသော တိုက်ခိုက်မှူ့ ၈ ခု Reviewed by Myanmar Ethical Hacking News on 6:49 PM Rating: 5

2 comments:

  1. သူတို့ကိုဘယ်လိုနားလည်ရမလဲဗျာ

    ReplyDelete
  2. Myanmar Anonymous​တွေ​ရောဘာလုပ်​ကြလဲဗျ

    ReplyDelete

MEHN Team. Powered by Blogger.