အစိုးရများမှ ထောက်ပံ့ပေးထားသော ထိပ်တန်း Hacking အဖွဲ့ ၉ ဖွဲ့ အကြောင်း



အစိုးရအထောက်အပံ့ရယူထားသော ထိပ်တန်း Hacking အဖွဲ့ ၉ ဖွဲ့အကြောင်းကိုလေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့အနေနှင့် Impact Team , NullCrew , Anonymous , Lizard squad စတဲ့ အဖွဲ့တွေလို ကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီး တိုက်ခိုက်နေသော Hacking စစ်ဆင်ရေးတွေ အကြောင်းကြားဖူး နေပေမယ့်လဲ ကမ္ဘာတစ်ဝန်း အစိုးရများမှ အထောက်အပံ့ပေးထားသော အဖွဲ့တွေအကြောင်းကတော့ သိဖို့ခက်ခဲပါတယ်။ ဒီလိုအစိုးရကထောက်ပံ့ထားတဲ့ အခြေအနေမှာ ရှိနေတဲ့ Hacking အဖွဲ့တွေ အနေဖြင့် သူတို၏ နည်းပညာ အင်အားက အဖျက်သဘောပိုမိုသက်ရောက်နေတဲ့အတွက် သာမန်ထက် ပိုမိုအန္တရာယ် ရှိပါတယ်။ အင်တာနက်ပေါ်မှာ အထောက်အပံ့ခိုင်ခိုင်မာမာရထားတဲ့ Hacking အဖွဲ့တွေအကြောင်း ကျွန်တော်တို့လေ့လာကြည့်ရအောင်…

[1] Tailored Access Operations - Sponsor NSA,USA 1998 ခုနှစ်ကနေ အခုချိန်အထိ အသက်ဝင်နေတဲ့ Tailored Access Operations ဆိုတာ အမေရိကန်အမျိုးသားလုံခြုံရေးဌာန (NSA) ၏ ဆိုင်ဘာစစ်ပွဲ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့ဖြစ်ပါတယ်။ ယခင်က NSA ရဲ့ ကန်ထရိုက်တာဖြစ်သူ Edward Snowden မှ TAO အဖွဲ့တွင် Hardware အများစုဖြစ်တဲ့ Routers နဲ့ Switches များကိုထိုးဖောက်နိုင်တဲ့ Software ပုံစံများ ရှိကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ဝန်ထမ်းပေါင်း ၆၀၀ ခန့် နှင့် ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ သတင်းအချက်အလက်များကို စုဆောင်းနေပြီး သူတို့ရဲ့ ဆောင်ပုဒ်ကတော့ " Your data is our data, your equipment is our equipment - anytime, any place, by any legal means" .

[2] Sofacy Group - APT28 - Pawn Storm - Sponsor Russia, Russia အစိုးရ၏ ပြောကြားချက်အရ အဆိုပါအဖွဲ့အနေဖြင့် 2007 ခုနှစ်ကထဲက အစိုးရများ ၊ စစ်ဘက်ဆိုင်ရာများ ၊ လုံခြုံရေး အဖွဲ့အစည်း များကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း။ ၄င်းအဖွဲ့အနေဖြင့် Phishing Attacks ၊ Malware များအသုံးပြု၍ စစ်ဘက်ဆိုင်ရာ ထိန်းချုပ်ရေး စံနစ်များ နှင့် အဆောက်အအုံများကို အဆင့်မြင့်တင်ထားသော ပုံစံများအသုံးပြု၍ နှောက်ယှက်မှုများ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ 2014 တွင်စတင်ခဲ့သော German ပါလီမန်အား ၆လ အကြာတိုက်ခိုက်မှုဖြစ်တဲ့ TV5Monde Cyber Attack တွင်ပါဝင်ခဲ့ကြောင်း ၎င်းအဖွဲ့မှပြောကြားခဲ့ပါတယ်။


[3] Bureau 121 - Sponsor North Korea, Bureau 121 ဆိုတာ မြောက်ကိုရီးယား အစိုးရရဲ့ ဆိုင်ဘာတပ်ဖွဲ့ တစ်ခုဖြစ်ပီး ဗိုလ်ချုပ် Bureau ရဲ့ရန်သူဘက်သို့ ကင်းထောက်ရာတွင် အသုံးပြုတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အမေရိကန်ရဲ့ အတည်ပြုပြောကြားချက်အရ ၁၉၉၈ ခုနစ်မှာစတင် ဖွဲ့စည်းခဲ့တယ်လို့ယူဆရပါတယ်။ ထိုအဖွဲ့ဟာ Sony ကိုတိုက်ခိုက်မှု ပြုလုပ်ပြီး လူတွေရဲ့ အာရုံစိုက်မှုကိုရယူခဲ့ပါတယ်။ Bureau 121 ကို အင်တာနက်လောက အတွက် အနှောက်အယှက်ပေးတဲ့ အဖွဲ့အဖြစ်သတ်မှတ်ထားသော်လည်း မြောက်ကိုရီးယားကတော့ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ တောင်ကိုရီးယားရှိ PC 30,000 ခန့် တိုက်ခိုက်ခံရခြင်း၊ Sony ကိုတိုက်ခိုက်မှုနှင့် တောင်ကိုရီးယားသို့ ဦးတည်နေတဲ့ တိုက်ခိုက်မှုတော်တော်များများကို ကြည့်ရှု၍ ထိုယူဆချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

[4] Unit 61398/ Comment Crew / Putter Panda - Sponsor China, Putter Panda ဆိုတဲ့နာမည်ဟာ Bureau တပ်ဖွဲ့ အမှတ်-61486 တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ တတိယအကြိမ်မြောက် ရုပ်သံဇာတ်လမ်းတွဲတွင် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ လျို့ဝှက်စုံစမ်း ထောက်လှမ်းရေးသမား အဖြစ် သရုပ်ဆောင်ခဲ့တဲ့ လူဆိုးသရုပ်ဆောင်ရဲ့ နာမည်ကိုယူထားခြင်းဖြစ်တယ်။ ဒီအဖွဲ့ဟာဆိုရင် 2007 ခုနှစ်ထဲက စတင်ခဲ့တာဖြစ်ပီး အာကာသနဲ့ ဂြိုလ်တု ဆိုင်ရာ စက်မှုလုပ်ငန်းအတော်များများကို တိုက်ခိုက်မှုများတွင် ပက်သက်ကြောင်း သက်သေခံအများအပြားကို CrowdStrike Security မှစုဆောင်းနိုင်ခဲ့ပါတယ်။

[5] Hidden Lynx - Sponsor China, Symantec မှဖွဲ့စည်းထားသော Hidden Lynx ဟက်ကာအဖွဲ့ကို များစွာသော ပစ်မှတ်များသို့ တိုက်ခိုက်ရန် နှင့် Advanced Persistent Threats (APTs) များအတွက် အဆိုပါ ပရော်ဖက်ရှင်နယ် ဟက်ကာအဖွဲ့ကို ငှါးရမ်းနိုင်ပါတယ်။ နယ်ပယ်အလိုက် နှင့် ပစ်မှတ်အရေအတွက်ကို သတ်မှတ်ပေးနိုင်ပါတယ်။ ဒီအဖွဲ့ကိုတော့ အသုံးပြုသူတွေဘက်မှ စာချုပ်နှင့်တကွငှါးရမ်း နိုင်တဲ့ အဖွဲ့အဖြစ် ယူဆလို့ ရနိုင်ပါတယ်။ ငှါးရမ်းသူများဘက်မှ အလိုရှိပီး စိတ်ဝင်စားသည့် တောင်းဆိုချက်များကို သူတို့က ခိုးယူပေးပါလိမ့်မယ်။ ထို့ကြောင့် သူတို့ရဲ့ ပစ်မှတ်နယ်ပယ်သည်လဲ ကျယ်ပြန့်ပါတယ်။ အရည်အတွက် ၁၀၀ ကျော်နှင့် သူတို့ရဲ့ကျွမ်းကျင်တဲ့ နည်းစနစ်များနှင့် ဒီအဖွဲ့ဟာ ပမာဏကြီးမားတဲ့ မည်သည့်တိုက်ခိုက်မှုကိုမဆို ပြုလုပ်နိုင်ပါတယ်။

[6] Tarh Andishan - Sponsor Iran, Iran နိုင်ငံအနေဖြင့် 2009 ခုနှစ်အတွင်းမှာ Stuxnet လို့အမည်ပေးထားသော Worm ရဲ့ တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးနှင့် ဆက်နွယ်နေသော Computer စနစ်များ ထိခိုက်ခဲ့ရပြီး လုပ်ငန်းပေါင်း များစွာကို ရပ်ဆိုင်းပစ်ခဲ့ရပါတယ်။ စိတ်ဓာတ်ပြန်လည်မြှင့်တင်သည့် အနေဖြင့် Iran ဟာ ဆိုက်ဘာစစ်ပွဲ အသွင်သဘောမျိုးဖြင့် Website Defacement များပြန်လည် ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ "Tarh Andishan" လို့အမည်ပေးထားတဲ့ (ဆန်းသစ်ခြင်း သို့မဟုတ် တွေးခေါ်သူများ) ဟက်ကာ အဖွဲ့ဟာ Farsi မှာ ပေါ်ပေါက်လာခြင်းဖြစ်တယ်။ အဆိုပါအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ လေကြောင်းနှင့် အာကာသနည်းပညာ နယ်ပယ်၊ စွမ်းအင်၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ ပညာရေး၊ စီးပွားရေးနှင့် စစ်ဘက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ အနည်းဆုံး အဖွဲ့အစည်းပေါင်း ၅၀ ခန့်ကို 2012 ခုနှစ်ကထဲက စတင်တိုက်ခိုက်နေခဲ့သည့် "Operarion Cleaver" ဆိုက်ဘာစစ်ဆင်ရေးဖြင့် လူသိများမှုကို ရရှိခဲ့ခြင်းဖြစ်တယ်။ သူတို့ဟာ လေကြောင်းလိုင်းများကိုလဲ ပစ်မှတ်ထားပြီး အချို့ အခြေအနေတွေမှာ ဆိုရင် ဝင်ပေါက်များနှင့် ထိန်းချုပ်ရေး စနစ်များကိုတောင် အပြည့်အဝ ထိန်းချုပ်နိုင်ပါတယ်။ နောင်တွင် လူဝင်ကြီးကြပ်ရေး စနစ်တွေကိုတောင် လှည့်စားနိုင်မယ့် အလားအလာရှိပါတယ်။ အင်တာနက် လုံခြုံရေး Cylance ရဲ့ပြောကြားချက်အရ ထိုအဖွဲ့သည် ရေရှည်အောင်မြင်မှုကို ရည်ရွယ်ထားပြီး အစောပိုင်း ကထုတ်ပြန်ခဲ့တဲ့ Operation Clever အစီအရင်ခံစာ တွင် ကမ္ဘာကြီး ရဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးနဲ့ ပက်သက်ပြီး ပြသနာရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

[7] Dragonfly/Energetic Bear - Sponsor Eastern Europe, 2011 ခုနှစ်ကတည်းက စွမ်းအင်ကုမ္ပဏီ အများစုကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေခဲ့သည့် အဖွဲ့တစ်ဖွဲ့ကို Symantec မှ Dragonfly Gang လို့ခေါ်ပြီး အခြားလုံခြုံရေးလေ့လာသူများက Energetic Bear လို့ခေါ်တဲ့ စစ်ဆင်ရေးကြေငြာပြီး တိုက်ခိုက် နေသည့် အဖွဲ့ဖြစ်ပါတယ်။ အဆိုပါအဖွဲ့သည် ဥရောပအရှေ့ဘက်အခြမ်းကို ကိုယ်စားပြုသော အဖွဲ့ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မတိုင်မှီ US နှင့် Canada တို့၏ လေကြောင်းလိုင်းများ ၊ ကာကွယ်ရေးနှင့်ပက်သက်သော အပိုင်းများကို အမြဲတစေနှောက်ယှက်လျက်ရှိပါတယ်။ နည်းပညာစွမ်းဆောင်ရည် အပိုင်းနှင့် ပက်သက်ပြီး မြင့်မားကြောင်းကို ပြသနိုင်ခဲ့ကြောင်း Symantec မှ ပြောကြားထားပါတယ်။ ထိုအဖွဲ့ကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာတော့ Russian အခြေစိုက် Kaspersky Labs မှဖြစ်ပါတယ်။ Dragonfly အဖွဲ့ဟာ Backdoor အတွက် ကိုယ်ပိုင် Remote Access Trojans (RATs) များကိုအသုံးပြုလျက်ရှိတယ်။ Oldera နှင့် Trojan.Karagany Malware ကဲ့သို့ RATs များကို စက်မှုလုပ်ငန်းများအား ဖျက်စီးရန်နှင့် စုံစမ်းထောက်လှမ်းခြင်းပြုလုပ်ရန်အတွက် အသုံးပြုပါတယ်။ အဆိုပါ Malware များသည် Phishing Method အသုံးပြုထားသော Email များနှင့်အတူ ပါလာတတ်ပါတယ်။ ထပ်မံ အဆင့်မြင့်ထားသော "Watering Hole" လို့ခေါ်သည့် တိုက်ခိုက်နည်းအသစ်ဖြင့်လည်း ပစ်မှတ်များကို ကြိမ်ဖန်များစွာ နှောက်ယှက်ပါတယ်။ Oldera နှင့် Karagany Malware တွေကို သားကောင်ရဲ့ စနစ်ထဲ ဝင်ရောက်နိုင်အောင် ကြိမ်ဖန်များစွာ ကြိုးစားပါတယ်။ နောက်ပိုင်းအဆင့်တွေမှာတော့ တရားဝင် ဝယ်ယူထားသော Software တွေကိုပါ ဝင်ရောက်စီမံနိုင်ပြီး Download ချခြင်းနှင့် Install လုပ်ခြင်းတွေကိုပြုလုပ်ပီး ထပ်မံ၍မလိုလားအပ်သော Malware များကို ဝင်ရောက်စေပါလိမ့်မယ်။

[8] Ajax Security Team/Flying Kitten Iran, ၂၀၁၀ ခုနှစ်ပိုင်းတွင် နိုင်ငံရေး တက်ကြွစွာလှုပ်ရှားသူတွေအဖြစ် Website များကို Deface အုပ်ခြင်းဖြင့် Ajax Security Team စတင်ဖြစ်ပေါ်လာပါတယ်။ သို့သော်လည်း သူတို့သည် နိုင်ငံရေး လှုပ်ရှားနေမှုကနေ စွန့်ခွာလိုက်ပီး Cyber သူလျိုအဖွဲ့ အဖြစ်ပြောင်းလဲခဲ့ပါတယ်။ မိခင်နိုင်ငံက ထောက်ပံမှုကို မယူခဲ့ဘူးလို့ ပြောနေပေမယ့်လဲ အများစုကတော့ ဒီအဖွဲ့ဟာ Iran နိုင်ငံ၏ အစိုးရ လက်အောက်မှာပဲ တိတ်တဆိတ်လှုပ်ရှားနေတယ်လို့ ယူဆပါတယ်။ လှုပ်ရှားမှုများကို အစိုးရသို့ သိစေခြင်းဖြင့် အကူအညီနှင့် အထောက်အပံ့ရရှိအောင် ဆောင်ရွက်ခဲ့တယ်လို့ ယူဆရပါတယ်။ အမေရိကန်ကာကွယ်ရေး စက်မှုလုပ်ငန်းများနှင့် Iran နိုင်ငံအတွင်းမှ သဘောထားကွဲလွဲနေသော သူများကို တိုက်ခိုက်ရန် ကြိုးစားထားသည့် အကြောင်းအရာများကို အဖွဲ့ဝင်တစ်ယောက်၏ Email အမှန်တစ်ခုဖြင့် စုံစမ်းစစ်ဆေးသူများကို အသိပေးလိုက်ခြင်းဖြင့် CrowdStrike ကဲ့သို့ လုံခြုံရေး Company တစ်ခု၏ အာရုံစိုက်ခံရအောင်ပြုလုပ်ခဲ့ပါတယ်။ US ကာကွယ်ရေး စက်မှုလုပ်ငန်းများ၏ အဖွဲ့ဝင်များသည် မည်သူမည်ဝါ ဖြစ်ကြောင်းသိရှိရန် အတွက် VPN Site များနှင့် Microsoft Outlook Web Access များကို Phishing တိုက်ခိုက်နည်းကို အသုံးပြု၍ တိုက်ခိုက်နေသော အဖွဲ့သည် Ajax အဖွဲ့ပင် ဖြစ်သည်ဟု FireEye အင်တာနက် လုံခြုံရေး အဖွဲ့မှပြောကြားထားပါသည်။ သူတို့ကို Anti-censorship Tools များအသုံးပြု၍ လှည့်ဖြားခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

[9] Axiom လုံခြုံရေးနှင့်ဆိုင်သော Bit9, Microsoft , Symantec , ThreatConnect , Volexity နှင့် အခြားအဖွဲ့များ ပူပေါင်းထားသော မဟာမိတ်အဖွဲ့မှ Axiom လို့အမည်ပေးထားသည့် အန္တရယ်ရှိသော Hacker တဖွဲ့ကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံရေးသဘောထား ကွဲလွဲသူများနှင့် Corporation များကို Cyber သူလျို ပြုလုပ်ခြင်းကို 2010 တွင် Google သို့ Attack ပြုလုပ်ပြီးသည့် နောက်ပိုင်းမှစတင်ပြီး တိုက်ခိုက်ခြင်းများကို အဓိကထားဆောင်ရွက်ပါတယ်။ Axiom ကို China မှပေါ်ထွက်လာတယ်လို့ ယူဆရပေမယ့် မည်သူမှတော့ အတိအကျမပြောနိုင်ပါဘူး။ မဟာမိတ်အဖွဲ့ရဲ့ အစီရင်ခံစာတစ်ခုမှာတော့ Axiom အဖွဲ့၏ လှုပ်ရှားမှု ဧရိယာသည် China စုံစမ်းထောက်လှမ်းရေး အေဂျင်စီမှာပဲ ထပ်ခါထပ်ခါ ပေါ်နေတယ်လို့ FBI မှကူညီရှာဖွေ ပေးခြင်းဖြင့် ပြောကြားထားပါတယ်။

မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတော်အစိုးရနှင့် မည်သည့် ဟက်ကာအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်နေသည်ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

20-11-2016
သတင်းစီစဉ် တင်ဆက်သူ : L0ne L0ne (MEHN Team)
အစိုးရများမှ ထောက်ပံ့ပေးထားသော ထိပ်တန်း Hacking အဖွဲ့ ၉ ဖွဲ့ အကြောင်း အစိုးရများမှ ထောက်ပံ့ပေးထားသော ထိပ်တန်း Hacking အဖွဲ့ ၉ ဖွဲ့ အကြောင်း Reviewed by Myanmar Ethical Hacking News on 7:08 PM Rating: 5

No comments:

MEHN Team. Powered by Blogger.