ရုရှားနိုင်ငံ၏ ကျော်ကြားလှသော Search Engine တစ်ခုကို ရောင်းစားရန် ကြိုးစားခဲ့
နိုင်ငံတိုင်းတွင် ထင်ရှားကျော်ကြားလှသော
Search Engine ကိုယ်စီရှိပါသည်။ တရုတ်တွင် Baidu Search Engine , ပြင်သစ်တွင်
Orange Search Engine , ကိုရီးယားတွင် Naver Search Engine , ရုရှားတွင် Yandex
Search Engine , အင်္ဂလန် နှင့် အမေရိကန်တွင် Google Search Engine အစရှိသဖြင့် နိုင်ငံအလိုက်
Search Engine များစွာ ရှိပါသည်။
Search Engine များသည် အထူးပင် အသုံးဝင်လှပါတယ်။
မရှိမဖြစ် ပင်ဖြစ်ပါတယ်။ Search Engine များမရှိပါက လိုချင်သည့် အချက်အလက်များကို အလွယ်တကူရှာဖွေ၍
ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် Search Engine များ၏အရေးပါမှူ့နှင့် အသုံးဝင်မှူ့ကလည်း
နေ့စဉ် လူမှူ့ဘ၀တွင် တစိတ်တပိုင်း ပါဝင်လျှက်ရှိပါတယ်။
ရုရှားနိုင်ငံ၏ Search Engine တစ်ခုဖြစ်သော
Yandex Search Engine ၏ အရေးကြီးသော အချက်အလက်များကို ခိုးယူပြီး ရောင်းစားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။
ရုရှား Kommersant သတင်းစာတစ်စောင်တွင် ဖော်ပြခဲ့သော အချက်အလက်များတွင် Dimitry
Korobov ဟုခေါ်သော ရုရှားလူမျိုးတစ်ယောက်သည် Arcadia ဆိုသော Software တစ်ခုကို
Yandex Server မှ Download ချခဲ့ပါတယ်။ ထို Software တွင် Yandex Search Engine ၏
Source Codes များ Key Algorithms များနှင့် အရေးကြီးသော အချက်အလက်ပေါင်းများစွာပါဝင်ပါတယ်။
Dimitry Korobov သည် ထိုအချက်အလက်များကို
မြေအောက်လောကတွင် ရောင်းစားရန် ကြံစည်ခဲ့ပါတယ်။ ရယ်ရွှင်ဖွယ် အကောင်းဆုံးကိစ္စကတော့
Dimitry Korobov သည် Search Engine တစ်ခု ၏ တန်ဖိုးကို မသိဘဲ ရုရှားရူဘယ် 250,000 သို့မဟုတ်
အမေရိကန်ဒေါ်လာ 29,000$ ဖြင့်သာ ရောင်းချရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်တွင်
Yandex Search Engine တန်ဖိုးမှာ အမေရိကန်ဒေါ်လာ 15 မီလီယံ ရှိပါတယ်။
Dimitry Korobov ကို ရုရှားဖယ်ဒရေးရှင်းနိုင်ငံ
လုံခြုံရေးဆိုင်ရာ ရဲဌာနမှ Russia's Federal Security Service
(FSB) မှ အချိန်မှီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ထို ဖြစ်စဉ်အတွက် Dimitry Korobov ကို ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ရုရှားနိုင်ငံတွင်
Yandex Search Engine အသုံးပြုသူ ၇၀ ရာခိုင်နှုန်းအထိရှိပြီး ရုရုားနိုင်ငံ၏ လူသိများလှသော
Search Engine တစ်ခု ဖြစ်သည်။
20-1-2016
သတင်းစီစဉ် တင်ဆက်သူ : ကိုရီချင် (MEHN
Team)
ရုရှားနိုင်ငံ၏ ကျော်ကြားလှသော Search Engine တစ်ခုကို ရောင်းစားရန် ကြိုးစားခဲ့
Reviewed by Myanmar Ethical Hacking News
on
4:20 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
4:20 PM
Rating:

No comments: