ISIS မှ Android App တစ်မျိုး ထုတ်လုပ်
ISIS အဖွဲ့သည် ၀ါဒဖြန့်ချီရေး သတင်းနှင့်
ဇာတ်လမ်းတိုများကို ထုတ်လွှင့်နေသော Amaq News Agency မှတဆင့် Android App တစ်မျိုးကို
ဖြန့်ချီခဲ့ကြောင်း Ghost Security Group မှ သိရှိခဲ့သည်။ Ghost Security Group နှင့်
အမေရိကန်အစိုးရတို့အကြားတွင် အလုပ်လုပ်နေသော Michael S.Smith ၏ အဆိုအရ ၎င်း Android
App ဖြင့် ISIS တို့၏ သတ်ဖြတ်မှူ့သတင်းများနှင့် အောင်နိုင်ခဲ့သော တိုက်ပွဲများကို
ရိုက်ကူးထားသော သတင်း ဇာတ်လမ်းတိုများကို ကြည့်ရူ့နိုင်မည် ဖြစ်သည်။ ထို သတင်းများ
ဇာတ်လမ်းတိုများကို Streamline Access ဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ၎င်း Android App ကို
ISIS အဖွဲ့ဝင်အချင်းချင်းသာ မျှဝေထားပြီး Google Play Store တွင် ရရှိနိုင်မည် မဟုတ်ပေ။
“ISIS တို့အနေဖြင့် အစိုးရ၏ မျက်စိဒေါက်ထောက် စောင့်ကြည့်နေမှူ့များအား ၎င်း Android
App ကို အသုံးပြုပြီး ရှောင်ရှားနိုင်ခဲ့ပြီး ဖြစ်ကြောင်း” Fortune မဂ္ဂဇင်းမှ
Reisinger က ဆိုသည်။
30-1-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN
Team)
ISIS မှ Android App တစ်မျိုး ထုတ်လုပ်
Reviewed by Myanmar Ethical Hacking News
on
10:38 AM
Rating:
Reviewed by Myanmar Ethical Hacking News
on
10:38 AM
Rating:

No comments: