Hacker တစ်ဦးမှ Miami အရာရှိရဲတပ်ဖွဲ့ဝင် ၈၀ ကျော်၏ အချက်အလက်များအား ခိုးယူခြင်း



Lorde Bashtien အမည်ရှိ Hacker တစ်ယောက်သည် Florida ပြည်နယ် Miami မြို့နယ်မှ အရာရှိရဲတပ်ဖွဲ့ဝင် ၈၀ ကျော်၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူခဲ့ပါသည်။ နာမည် အပြည့်အစုံ၊ အလုပ်ဖုန်းနံပါတ် နှင့် Email များပါဝင်သော သတင်းအချက်အလက် အပြည့်အစုံကို Hacker မှ အင်တာနက်ပေါ်သို့ လွှင့်တင်ခဲ့သည်။ Lorde Bashtien သည် Miami မှ ရဲအရာရှိများနှင့် ပတ်သက်သော အချက်အလက်များကို Internet ပေါ်တွင် ထုတ်ပြန်ပြီး ဆိုက်ဘာ ရာဇ၀တ်မှူ့ကို ကျူးလွန်ခဲ့သည်။

ထို Hacker သည် CWA (ခေါ်) “Crackas With Attitude” ဟုခေါ်သော ဆယ်ကျော်သက် Hacker အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟု ရဲများမှ သုံးသပ်ထားသည်။ CWA အဖွဲ့သည် ပြီးခဲ့သည့်နှစ်က CIA မှ ညွန်ကြားရေးမှူး John Brennan ၏ AOL Email Account အား ချိုးဖောက်ခဲ့သော Hacker အုပ်စုတစ်စုဖြစ်သည်။


ခိုးယူခံရသော အချက်အလက်များတွင် Miami ရဲဌာန၊ Miami-Dade ရဲဌာန၊ Miami ကမ်းခြေရဲဌာန အပါအ၀င် အခြားသောရဲဌာနပေါင်းများစွာမှ ရဲအရာရှိများ၏ ကိုယ်ရေးအချက်အလက်များ ပါဝင်ခဲ့သည်။ ရဲအရာရှိများသည် ပြီးခဲ့သည့်နှစ်က Lorde Bashtien ၏ သူငယ်ချင်းများအား ပစ်မှတ်ထားခဲ့သောကြောင့် Lorde Bashtien အနေဖြင့် ရဲဌာနများအပေါ် ပုဂ္ဂိုလ်ရေးအငြိုးဖြင့် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Hacker များ၏ လုပ်ရှားမှုများရှိနေခဲ့သော်လည်း FBI အနေဖြင့် ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိပေ။ အထူးစုံစမ်း စစ်ဆေးမှူ့များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု FBI မှ ထိပ်တန်းအရာရှိတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

30-1-2016
သတင်းစီစဉ် တင်ဆက်သူ - bel0 (MEHN Team)
Hacker တစ်ဦးမှ Miami အရာရှိရဲတပ်ဖွဲ့ဝင် ၈၀ ကျော်၏ အချက်အလက်များအား ခိုးယူခြင်း Hacker တစ်ဦးမှ Miami အရာရှိရဲတပ်ဖွဲ့ဝင် ၈၀ ကျော်၏ အချက်အလက်များအား ခိုးယူခြင်း Reviewed by Myanmar Ethical Hacking News on 8:06 PM Rating: 5

No comments:

MEHN Team. Powered by Blogger.