Ubuntu Tutorial Part 2 : Installation Software and Using Guide, Commands Line

ကျွန်တော်တို့ Windows OS မှာဆိုရင်တော့ Software ပေါ့ Linux OS တွေမှာကတော့ Package လို့ခေါ်ပါတယ်ခင်ဗျာ။
အခုကျွန်တော်တို့ Package Installation မလုပ်ခင်မှာတော့ Package Index ကိုရယူရပါဦးမယ်။ Ubuntu OS ကို Installation လုပ်ပြီးတိုင်း Package Index ကိုရယူသင့်ပါတယ်။ Package Index ကိုရယူဖို့အတွက် Dash မှာ software လို့ရိုက်ထည့်လိုက်ရင် အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။




Software လို့ရိုက်ထည့်လိုက်ပါ။


ပြီးရင်တော့ Software Updater ကိုရွေးလိုက်ပါက အောက်ပါတိုင်း ဖြစ်နေပါမည်။ ဒီနေရာမှာ တစ်ခုသတိပြုရမည့် အချက်က ကွန်ပြူတာတွင် Internet ရနေရပါမယ်။
 
 
အထက်ပါအတိုင်းပြီးသွားရင်တော့ ကျွန်တော်တို့လိုချင်တဲ့ Package တွေ Install လုပ်လို့ရပါပြီ။ Package တွေကို Install လုပ်ဖို့ရန်အတွက် Ubuntu Software Center ထဲသို့သွားပါ။


ပြီးရင်မိမိလိုချင်သော Package Name ကို Search တွင်ရိုက်ထည့်ပြီး Install လုပ်နိုင်ပါပြီ။ ကျွန်တော်ကတော့ လိုအပ်တဲ့ Package လေးတွေကိုပဲ Install လုပ်ပြသွားပါမယ်။ ပထမဦးဆုံး Install လုပ်သင့်တဲ့ Package ကတော့ Zip ပဲဖြစ်ပါတယ်။ Zip ကို Install လုပ်ဖို့ရန်အတွက် Search မှာ Zip လို့ရိုက်ထည့်လိုက်ပါ။
 



More Info ထဲမှာကတော့ Package ရဲ့အချက်အလက်တွေကို တွေ့နိုင်ပါတယ်။ ထိုထဲသို့ဝင်ပြီး Install လုပ်နိုင်သလို ညာဖက်က Install ဆိုတာနိုပ်ပြီးတော့လဲ Install လုပ်နိုင်ပါတယ်။ အခုကျွန်တော်တို့ Install ဆိုတာနိုပ်လိုက်ပါ။



Password တောင်းပါလိမ့်မယ် Admin Password (User Account Password) ရိုက်ထည့်ပေးလိုက်ပါ။
 


ဒါကတော့ကျွန်တော်တို့ Install လုပ်နေတာကိုပြတာပါ။ အဲ့ကိုဝင်ဖို့အတွက် အပေါ်ဘားက Progress ထဲကို ၀င်လိုက်ပါ။
နောက်ထက် Install လုပ်သင့်တဲ့ Package ကတော့ Ubuntu Restricted Extras ဆိုတဲ့ Package ပဲဖြစ်ပါတယ်။ သူ့ကို Install လုပ်ရတဲ့ အကြောင်းကတော့ ကျွန်တော်တို့ သီချင်းနားထောင်တဲ့အခါ အသံလာအောင်လို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်အဲဒီ့ package လေးကိုလဲ အပေါ်မှာပြထားတဲ့အတိုင်းပဲ Install လုပ်ပေးပါ။

နောက်ထက် Install လုပ်သင့်တာကတော့ Video File တွေကိုကြည့်လို့ရတဲ့ VLC Media Player လေးပဲဖြစ်ပါတယ်။ သူ့ကိုလဲ Install လုပ်ပေးပါ။ Windows Software တချို့ကိုလည်း သုံးချင်သေးတယ်ဆိုရင်တော့ Wine Windows Program Loader ဆိုတဲ့ Package လေးသာ Install လုပ်ပြီးအသုံးပြုပါ။

နောက်ဆုံးတစ်ခု Install လုပ်သင့်တဲ့ Package လေးကတော့ GNOME Do ဆိုတာလေးပါ။ သူ့အသုံးဝင်ပုံလေး နည်းနည်းရှင်းပြချင်ပါတယ်။ သူက ကျွန်တော်တို့စက်ထဲမှာ Install လုပ်ထားတဲ့ Package တွေကို အလျှင်အမြန်ဆုံး ရှာပေးနိုင်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။



Install လုပ်လို့ပီးသွားရင်တော့ F10 ကိုနိုပ်ပါ။ အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ်။



ကျွန်တော်တို့ရှာချင်တာကို Eg-fire ဆိုပီးရိုက်ထည့်လိုက်တာနဲ့ Firefox ကျလာမှာဖြစ်ပါတယ် အောက်ပါပုံကိုကြည့်ပါ။



အထက်တွင် ကျွန်တော်တင်ပြပေးခဲ့တာကတော့ Package Install Guide နဲ့ အသုံးပြုတဲ့ နည်းပဲဖြစ်ပါတယ်။

Linux Commands

ကျွန်တော်တို့ Linux ကိုလေ့လာပြီဆိုရင်တော့ Commands တွေကိုတော့ ချန်ထားခဲ့လို့မရပါဘူး။ ကျွန်တော်တတ်သလောက် မှတ်သလောက် Commands လေးတွေနဲ့ သူတို့ရဲ့ Definitions တွေကိုပါ ဖော်ပြပေးသွားမှာပါ။ အားလုံးဒီ Post လေးတွေကို လက်တွေ့လိုက်လုပ်ကြည့်စေချင်ပါတယ်။ Commands တွေကို လေ့လာမယ်ဆိုရင် သတိပြုရမယ့်အချက်ရှိပါတယ် စာလုံးအကြီးအသေး လုံးဝ မှားလို့မရပါဘူးခင်ဗျာ။

စလိုက်ရအောင်။ Terminal ကိုခေါ်လိုက်ပါ (ctrl+alt+T)
whoami (username)

uname (OS name)

gnome-system-monitor (System Monitor)

cat /proc/meminfo (Memory Info)

cat /proc/cpuinfo (CPU Info)

df (harkdisk used space)

cd (၀င်ချင်တဲ့ Directory)

ls (Directory ထဲမှာရှိတာတွေကိုပြပေး)

ls –al (Hidden File တွေကိုပြပေး)

puid (လက်ရှိရောက်နေတဲ့နေရာ)

sudo passwd (User Account Password Change)

cp (Copy File)

mv (Move File)

remove (Delete)

ifconfig (Ip Show)

reboot (Reboot)

init 0 (Shutdown)

adduser name (Create User)
passwd  12345

mkdir foldername (Folder ဆောက်)

touch file.a (File ဆောက်)

rm file.a (File Delete)

gedit filename (Edit File or Folder)

cat file.a (File ထဲမှာရေးထားတာတွေပြပေး)

အခုကျွန်တော်ရေးပြထားတဲ့ Commands တွေက အသုံးအများဆုံးပါ။ အများကြီးရှိပါသေးတယ် Online မှာရှာဖတ်လို့ရပါတယ်။ ကျွန်တော်တင်ပြထားတဲ့ ကျူတိုရီရယ်လေးက Beginner Only ပဲဖြစ်ပါတယ် Pro တွေအတွက်မဟုတ်ပါဘူး။ အားလုံးဘဲ အဆင်ပြေကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

7-1-2016
စီစဉ်တင်ဆက်သူ : Zarni (MEHN Team)
Ubuntu Tutorial Part 2 : Installation Software and Using Guide, Commands Line Ubuntu Tutorial Part 2 : Installation Software and Using Guide, Commands Line Reviewed by Myanmar Ethical Hacking News on 5:11 PM Rating: 5

No comments:

MEHN Team. Powered by Blogger.