လိပ်ကျွှန်းအရေးကိစ္စနှင့် #OpThai
လိပ်ကျွှန်းလူသတ်မှူ့အရေးကိစ္စနှင့် ပတ်သက်ပြီး
မြန်မာတမျိုးသားလုံး အမျိုးသားရေးစိတ်ဓာတ်နှင့် အတူတကွ လက်တွဲ ပါဝင်ခဲ့တာကို
ကမ္ဘာကပါ ချီးကျူးရတဲ့ အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ တကယ့်ကို အမျိုးသားအရေးကိစ္စ
တစ်ခုအနေဖြင့် ကျွှန်တော့်အနေနှင့် ထင်မြင်မိပါတယ်။ အခြားအမျိုးသားရေးတက်ကြွ
လှုပ်ရှားမှူ့များရှိခဲ့သလို မြန်မာဟက်ကာများကလည်း အမျိုးသားရေးကိစ္စတရပ်အနေဖြင့်
ရပ်တည်ပေးခဲ့ပါတယ်။ ဒီအတွက်လည်း ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်လို့မဆုံးပါဘူး။
ကျွှန်တော်လက်လှမ်းမီသလောက် တင်ပြရရင် Cyber War
တွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ အများဆုံးဖြစ်တာကတော့ မြန်မာနှင့်
ဘင်္ဂလာဒေ့ရှ်နိုင်ငံအကြေားဖြစ်တဲ့ Cyber War အကြိမ်အရေအတွက်ကတော့
အများဆုံးဖြစ်ပါတယ်။ အကြီးအကျယ်ဆုံးဖြစ်ခဲ့တာကတော့ ခိုးဝင်ဘင်္ဂလီကိစ္စ မှာ
အကြီးအကျယ်ဆုံးဖြစ်ခဲ့ပါတယ်။ မြန်မာအလံတွေ ဘင်္ဂလားဒေ့ရှ် ၀က်ဆိုက်များမှာ
လွှင့်ထူခဲ့တာ ဘ၀ဂ်သို့တိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံနှင့် Cyber War
အခုလိုဖြစ်တာကတော့ ဒီအကြိမ်က ပထမဆုံးအကြိမ် ဖြစ်မယ်ထင်ပါတယ်။
ကျွှန်တော်တွေ့ကြုံဖူးသလောက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် Cyber War အကြိမ်ပေါင်းများစွာ
ဖြစ်ခဲ့ပြီး ထိုင်းနှင့်ဖြစ်တာကတော့ ဒီအကြိမ်က ပထမဦးဆုံးပါဘဲ။
ထိုင်းနှင့် Cyber War ဖြစ်သည့်အချိန်မှာ
မြန်မာဟက်ကာတွေရဲ့ အရည်အချင်းကို ကမ္ဘာကို ဖော်ထုတ်ပြသခွင့်ရခဲ့ပါတယ်။ အခုဆိုရင်
မြန်မာဟက်ကာများ၏ စွမ်းရည်များ အရည်အချင်းများကို အခြားနိုင်ငံမှ မီဒီယာများကပါ
အကျယ်တ၀ံ့ထုတ်ဖော်ရသည့်အထိကို အစွမ်းပြနိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့ဟက်ကာအဖွဲ့၏
ရပ်တည်ချက်မှာ တရားမျှတမှူ့ လွှတ်လပ်မှူ့ ဖြစ်ပါတယ်။ ဟက်ကာမှန်လျှင် မတရားမှူ့မှတ်သမျှကို
တိုက်ဖျက်မှာ ဖြစ်ပါတယ်။ ပဲရစ်အရေးကိစ္စကို ကြည့်မယ်ဆိုရင်လည်း ဟက်ကာများမှ
မတရားမှူ့ အကြမ်းဖက်မှူ့များကို ရွံ့မုန်းစွာ တုံ့ပြန်ခဲ့ကြတာကို မြင်တွေ့ခဲ့ကြရပြီး
ဖြစ်ပါတယ်။
ယခု အမျိုးသားရေးကိစ္စ တရားမျှတရေးကိစ္စမှာ
မြန်မာဟက်ကာများမှ ဟက်ကာကောင်းပီသစွာ တောင်းဆိုပေးခဲ့ကြပါတယ်။ ဒီအတွက်လည်း
စာရေးသူအနေဖြင့် အထူးပင် လေးစားမိပါတယ်။ မြန်မာဟက်ကာများ
အမျိုးသားရေးကိစ္စများနှင့် တရားမျှတမှူ့အရေးကိစ္စများကို မျက်ခြေမပြတ်စောင့်ကြည့်နေတယ်ဆိုတာ
ထိုင်းနိုင်ငံနှင့် ဖြစ်ပွားခဲ့သော Cyber War ကို ကြည့်ပြီး
လေ့လာသုံးသပ်နိုင်ပါတယ်။
ထိုင်းနိုင်ငံနှင့် ဖြစ်ပွားခဲ့သော Cyber War
တွင် အဖွဲ့ပေါင်းများစွာ တရားမျှတမှူ့အတွက် ပါဝင်လှူပ်ရှားခဲ့ကြပါတယ်။
အထူးထင်ရှားသော အဖွဲ့များကတော့ - Myanmar Hackers Uniteam , Blink Hackers Group , Black Hat
Area , Zone-404 , Myanmar Noob Hackers , Myanmar Hacker Warriors , Code
Breakers , Gray Hat Teenagers , Myanmar Cyber Pirates , Myanmar Electronic Army
နှင့် အခြားသောအဖွဲ့ အသစ်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။ ထိုအဖွဲ့များသည် လိပ်ကျွှန်းလူသတ်မှူ့အရေးတွင်
တရားမျှတမှူ့မရှိသော ထိုင်းဥပဒေကို ကန့်ကွက်ခဲ့ကြပြီး လူသတ်မှူ့အတွက် မတရားအစွပ်စွဲခံခဲ့ရသော
မြန်မာလူမျိုးနှစ်ယောက်ဘက်မှ ကာကွယ်ရပ်တည်ပေးခဲ့ကြပါတယ်။ ထိုသို့မြန်မာဟက်ကာများအနေဖြင့်
ယခုလို စွမ်းစွမ်းတမံ မိမိတတ်နိုင်သည့်ဘက်မှ အုတ်တချပ် သဲတပွင့်ဘဲဖြစ်ဖြစ်
ပါဝင်ကူညီခဲ့ကြသည်ကို ကမ္ဘာကပင် ထုတ်ဖော်ခဲ့ရသည်အထိ အကျိုးသက်ရောက်ခဲ့ပါတယ်။
စာရေးသူအနေဖြင့်လည်း ယခုလို အမျိုးသားအရေးကိစ္စနှင့် တရားမျှတမှူ့အတွက်
မားမားမတ်မတ်ရည်တည်ပေးခဲ့ကြသော မြန်မာဟက်ကာအဖွဲ့များကို လေးစားပြီးရင်း
လေးစားနေမိပါတယ်။
အမျိုးသာအရေးနှင့် မတရားမှူ့များအတွက်
မြန်မာဟက်ကာများမှ အမြဲရပ်တည်နေမယ်ဆိုတာ ကျွှန်တော့်အနေဖြင့် ယုံကြည်လျှက်
ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။
7-1-2016
သတင်းစီစဉ် တင်ဆက်သူ : ကိုရီချင် (MEHN Team)
လိပ်ကျွှန်းအရေးကိစ္စနှင့် #OpThai
Reviewed by Myanmar Ethical Hacking News
on
6:45 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:45 PM
Rating:

No comments: