လက်ရှိအသုံးပြုနေသော Windows Version အားလုံးကို ခြိမ်းခြောက်နိုင်သည့် လုံခြုံရေးအားနည်းချက်
Windows
7, 8, 10, Server 2008 နှင့် Server 2012 တို့အား Hot Potato အမည်ရှိ လုံခြုံရေးအားနည်းချက်
ကို အသုံးချ၍ အဆိုပါ OS များ အသုံးပြုထားသည့် ကွန်ပြူတာ၊ ဖုန်းနှင့် ဆာဗာများကို Hacker
များမှ အပြည့်အဝ ထိန်းချုပ်သွားနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
Foxglove
Security မှ လုံခြုံရေးဆိုင်ရာလေ့လာသူများသည် လက်ရှိအသုံးများနေသော Windows Version
အားလုံးတွင် Admin Access ရယူသွားနိုင်သည့် အဆိုပါအားနည်းချက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သိရှိပြီးသား လုံခြုံရေးအားနည်းချက်များကို ဆက်စပ်စဉ်းစားခဲ့ခြင်းဖြင့် ၎င်း OS များအားလုံးကို
ထိုးနှက်နိုင်သည့် နည်းလမ်းကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။
Foxglove
မှ အဆိုပါ လုံခြုံရေးထိုးနှက်ချက်ကို Hot Potato ဟု အမည်ပေးထားသည်။ အဆိုပါနည်းသည် တိုက်ခိုက်မှု
(၃) မျိုးကို အခြေခံထားပြီး ၎င်းတို့အနက် တစ်မျိုးမှာ (၂၀၀၀) ခုနှစ် ကတည်းက တွေ့ရှိထားသော
အားနည်းချက် ဖြစ်သည်။ အဆိုပါ (၃) မျိုးကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ဖော်ပြပါ
Windows Version များကို အသုံးပြုနေသော ပစ္စည်းများကို Hacker များမှ အဝေးမှ ထိန်းချုပ်သွားစေနိုင်သည်။
အံ့အားသင့်စရာ ကောင်းသည်မှာ (၂၀၀၀) ခုနှစ်တွင် တွေ့ရှိခဲ့သော အားနည်းချက်အတွက်
Microsoft မှ ပြင်ဆင်ဖြည့်စွက်ချက် (Patch) မထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါအားနည်းချက်အား
ပြင်ဆင်လိုက်ခြင်းဖြင့် ၎င်းတို့၏ ကွဲပြားသော OS များအကြား ဆက်စပ်ပေးနိုင်မှုကို ထိခိုက်စေနိုင်ခြင်းကြောင့်ဟူ၍
Microsoft မှ ဖြေရှင်း ချက်ပေးခဲ့သည်။
Hot
Potato တွင် တိုက်ခိုက်မှု (၃) မျိုးပါဝင်ပြီး တစ်မျိုးမှာ မူလစနစ်အတွင်းရှိ NBNS
(NetBIOS Name Service) ကို Spoofing ပြုလုပ်သည်။ ထို့နောက် ၎င်းအားနည်းချက်ကို အခြေခံကာ
WPAD (Web Proxy Auto-Discovery) Protocol အတုဖြင့် Proxy Server တစ်ခု ဖန်တီးသည်။
ထို့နောက် Windows NTLM (NT LAN Manager) Authentication Protocol ကို ဆက်လက်တိုက်ခိုက်သည်။
ထို့သို့
အဆင့်ဆင့်ပြုလုပ်လိုက်ခြင်းဖြင့် အသုံးပြုနေသော Application ၏ Permission ကို သာမန်
Guest Access မှ Admin Access အဖြစ် ပြောင်းလဲသွားနိုင်သည်။ ၎င်း Application ကို အခြေခံကာ
နောက်ဆက်တွဲ တိုက်ခိုက်မှုများ လုပ်ဆောင်သွားနိုင်စေသည်။ Foxglove မှ လေ့လာသူများသည်
Google ၏ Project Zero အဖွဲ့မှ (၂၀၁၄) ခုနှစ်တွင် ထုတ်ဝေထားသည့် သက်သေပြချက်ပေါ်တွင်
၎င်းတို့တွေ့ရှိခဲ့သော လုံခြုံရေး အားနည်းချက်ကို ဖြည့်စွက်ကာ လွန်ခဲ့သော ရက်သတ္တပတ်တွင်
ကျင်းပခဲ့သည့် ShmooCon လုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် တင်ပြခဲ့သည်။
အဆိုပါသက်သေပြမှုအား
Windows 7, Windows Server 2008 နှင့် Windows Server 2012 တို့တွင် လုပ်ဆောင်ထားသည့်
ဗွီဒီယိုများကိုလည်း Youtube တွင် တင်ပေးထားသည်။ အသုံးပြုထားသည့် သက်သေ ပြချက်ကို
Github တွင် ရရှိနိုင်သည်။
လုံခြုံရေးဆိုင်ရာ
လေ့လာသူများက SMB (Server Message Block) Signing ပြုလုပ်ခြင်းဖြင့် ကာကွယ် နိုင်ဖွယ်ရှိသည်ဟု
ဆိုထားသည်။ အခြားနည်းလမ်းမှာ NTLM ဖြင့် တိုက်ခိုက်မှုအား ဟန့်တားရန် Windows ရှိ
Extended Protection for Authentication ကို ဖွင့်ပေးထားရန် ဖြစ်သည်။
28-1-2016
သတင်းစီစဉ်
တင်ဆက်သူ : Nub9d (MEHN Team)
လက်ရှိအသုံးပြုနေသော Windows Version အားလုံးကို ခြိမ်းခြောက်နိုင်သည့် လုံခြုံရေးအားနည်းချက်
Reviewed by Myanmar Ethical Hacking News
on
1:14 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
1:14 PM
Rating:

No comments: