အမေရိကန်နိုင်ငံ၏ ၁၉၁ သန်းသော မဲပေးသူများ၏ အချက်အလက်များ ပေါက်ကြားခဲ့ခြင်း
အမေရိကန်နိုင်ငံရှိ မဲသေးသူ ၁၉၁ သန်း၏ အချက်အလက်များသည်
Database Error ဖြစ်နေစဉ်အတွင်း အင်တာနက်ပေါ်သို့ ပေါက်ကြားခဲ့ပါတယ်။ သုတေသနပြုလုပ်သူ Chris Vickery ၏
ပြောကြားချက်အရ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၅၀ ပြည်နယ်ရှိ မဲဆန္ဒရှင်များ၏ အချက်အလက်များဖြစ်သော
အမည် ၊ နေရပ်လိပ်စာ ၊ မွေးသက္ကရာဇ် ၊ ဖုန်းနံပါတ် ၊ အီးမေလ်းလိပ်စာများ စသည်တို့ ပေါက်ကြားခဲ့ပါတယ်။
Vickery သည် အဆိုပါ အချက်လက်များ ပေါက်ကြားမှူ့ဖြစ်စဉ်ကို အင်တာနက်ပေါ်တွင် ဖြစ်ပွားနေသော ပေါက်ကြားမှူ့ များကို လိုက်လံရှာဖွေရင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Vickery မှ “ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ပတ်သက်ပြီး ပိုပြီး အလေးထားဖို့လိုအပ်ကြောင်း ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားမှူ့ ဖြစ်စဉ်မှား ဖြစ်ပွားပါက အစိုးရမှာ တာဝန်အပြည့်ရှိကြောင်း” ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“မဲဆန္ဒရှင်များ၏ Database ထဲသို့ ဘယ်သူတွေ ၀င်ရောက်သွားခဲ့တယ်ဆိုတာကို အတိအကျမသိနိုင်သေးပါဘူး။ အကယ်၍ အချက်အလက်များကို Download ချမယ်ဆိုရင် အချိန် ၁ ရက်ခန့်ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်သူတွေက Database ကိုထိန်းချူပ်နေလဲဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး” Vickery မှ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
Vickery သည်ယခုအခါ အမေရိကန်ပြည်ထောင်စု၏ အချက်အလက်များဆိုင်ရာ
လုံခြုံရေးအဖွဲ့များနှင့် အလုပ်တွဲလုပ်လျှက်ရှိပြီး Database ထဲသို့ ၀င်ရောက်နိုင်မည့်နည်းလမ်းများကို
ပိတ်ပစ်ရန် ကြိုးပမ်းလျှက် ရှိပါတယ်။ FBI မှ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး တစ်စုံတရာပြောဆိုဖို့အတွက်
ငြင်းဆိုခဲ့ပါတယ်။ Vickery ၏ ရှာဖွေတွေ့ရှိချက်သည် လုံခြုံရေးဆိုင်ရာ ဥပဒေဌာနအတွက်
ပြသနာတစ်ရပ်ကို ယူဆောင်ပေးသလိုဖြစ်နေခဲ့ပါတယ်။
“ကိုယ်ရေးဆိုင်ရာ အချက်အလက်များသည် အမြဲတမ်း လုံခြုံမှူ့
ရှိနေရမှာ ဖြစ်ပါတယ်” လို့ Washington-based Center for Digital Democracy မှာ တာဝန်ထမ်းဆောင်နေသည့်
ဒါရိုက်တာဖြစ်သူ Jeff Chester မှ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အဆိုပါ
အချက်အလက်များ ပေါက်ကြားမှူ့ဖြစ်စဉ်များကို CSO Online နှင့် databreaches.net တို့တွက်
အရင်ဦးဆုံး ဖော်ပြခဲ့ပါတယ်။ “လုံခြုံရေးဆိုင်ရာ နည်းပညာများ အဆင့်မြှင့်ရန် လိုအပ်နေဦးမှာ
ဖြစ်ပါတယ်” လို့ Vickery မှ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်
27-1-2016
သတင်းစီစဉ် တင်ဆက်သူ :
Zarni (MEHN Team)
အမေရိကန်နိုင်ငံ၏ ၁၉၁ သန်းသော မဲပေးသူများ၏ အချက်အလက်များ ပေါက်ကြားခဲ့ခြင်း
Reviewed by Myanmar Ethical Hacking News
on
6:19 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
6:19 PM
Rating:

No comments: