ကမ္ဘာပေါ်ရှိ Android ဖုန်း များအား တိုက်ခိုက်နိုင်သော Lockdroid


Lockdroid (Android.Lockdroid.E) ဟု အမည်ပေးထားသည့် Ransomware တစ်မျိုးဖြင့် Android အသုံးပြုသူများအား နှောင့်ယှက်နေကြောင်း Symantec မှ ကျွမ်းကျင်သူများက တွေ့ရှိခဲ့သည်။ အဆိုပါ Ransomware သည် ဖုန်းအား လော့ခ်ချနိုင်ပြီး PIN ကုတ်အား ပြောင်းလဲကာ ဖုန်းအတွင်းရှိ အချက်အလက် များကို ဝှက်စာသွင်းသည်။ တောင်းဆိုသည့်ငွေပမာဏကို မရရှိပါက Factory Reset ပြုလုပ်သည့် လုပ်ဆောင် ချက်လည်း ပါဝင်သည်။

အဆိုပါ App ကို Install ပြုလုပ်ပြီးပါက အသုံးပြုသူအနေဖြင့် ပြန်လည်၍ Uninstall ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။ ကွန်ပျူတာဖြင့် ချိတ်ဆက်ပြုလုပ်လျှင်ပင် မရနိုင်ပေ။ Symantec မှ Martin Zhang ၏ အဆိုအရ အဆိုပါ App သည် အသုံးပြုသူထံမှ Device Administrator Permission ကို Clickjacking နည်းဖြင့် လှည့်ဖျားရယူပြီးနောက်တွင် အထက်ပါကိစ္စများကို ပြုလုပ်ကြောင်း သိရသည်။ ထို့သို့သောလုပ်ဆောင်ချက်မျိုးကို Android 5.0 (Lollipop) ရှေ့ပိုင်းဗားရှင်းအားလုံးတွင် ပြုလုပ်နိုင်သည်။

ကျွမ်းကျင်သူများ၏ လေ့လာချက်အရ စိတ်ဝင်စားဖွယ်ပုံများပြသ၍ နောက်ကွယ်ရှိ Package Installation ၏ အဆင့်အသီးသီ:ကို လုပ်ဆောင်သွားစေပြီ: နောက်ဆုံးတွင် Continue အား နှိပ်လိုက်ခြင်းဖြင့် Device Administrator Permission ကို ရယူသွားသည်။


ဖုန်းအတွင်း ကူးစက်ခံရပြီး စက္ကန့်အနည်းငယ်အကြာတွင် အသုံးပြုသူအား ဝှက်စာသွင်းထားသော File များကို ပြန်လည်ရယူစေရန်နှင့် Browser အသုံးပြု၍ သွားရောက်ခဲ့သည့် Website များ၏ စာရင်းကို Contact List အတွင်းရှိလူများအား ပေးပို့ခြင်းမပြုစေရန် ငွေပမာဏ တစ်ခုတောင်းဆိုမည် ဖြစ်သည်။

Clickjacking လုပ်ဆောင်ချက်မှာ Root ပြုလုပ်ထားသောပစ္စည်းကို အသုံးပြုသူများအတွက် မစိမ်းပေ။ Root Permission ပေးသည့် Tool များသည် စနစ်အတွင်းရှိ Root Permission တောင်းခံမည့် App များအား စောင့်ဆိုင်းနေကာ Permission တောင်းခံသည်နှင့် အသုံးပြုသူအား မေးမြန်းပြီးမှ App အား ဆက်လက်လုပ်ဆောင်စေသည်။ ထိုကဲ့သို့သော Window တစ်ခုရှေ့မှ အခြား Window တစ်ခု ကာထားသည့် နည်းကို အသုံးပြုကာ Malware က ၎င်း၏ လုပ်ဆောင်ချက်များကို ကောင်းစွာထိန်းကျောင်းသွားခြင်း ဖြစ်သည်။

အဆိုပါ Ransomware ၏ မျက်နှာဖုံး App ဖြစ်သော Porn “O” Mania သည် Google Play တွင်တွေ့ရှိရခြင်း မရှိသော်လည်း အခြား App Store များတွင် တွေ့မြင်နေရသေးကြောင်း သိရသည်။ အသုံးပြုသူများအား အကြံပြုလိုသည်မှာ App များအား Install ပြုလုပ်လိုပါက စိတ်ချရသည့် App Store များမှသာ ပြုလုပ်ရန်ပင်ဖြစ်သည်။

4-2-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)
ကမ္ဘာပေါ်ရှိ Android ဖုန်း များအား တိုက်ခိုက်နိုင်သော Lockdroid ကမ္ဘာပေါ်ရှိ Android ဖုန်း များအား တိုက်ခိုက်နိုင်သော Lockdroid Reviewed by Myanmar Ethical Hacking News on 7:16 PM Rating: 5

No comments:

MEHN Team. Powered by Blogger.